အပိုင်း - ၇

358 18 0
                                        


ယုံကြည်မည်ဆိုလျှင်ဖြင့်
...................................    အပိုင်း - ၇

                         ရေဇလုံးကြီးထဲမှ ပန်းကန်လုံးများကို ဆေးကြောနေမိသည်။ ပြီးလျင် ဆေးပြီးသည့်ပန်းကန်လုံးများကိုအသေအချာစီရီထား၏။ သူထမင်းစားသည့်
အချိန် အန်တီတို့က ပန်းကန်များကိုဆေးကြောကျန်နေခဲ့သည်။ ယခုလှလှအလုပ်ခွင်သို့ပြန်ရောက်သည်နှင့် အန်တီကြီးတို့ ထမင်းစားနားကြ၏။ တစ်ယောက်တည်းမို့ အလုပ်က ငြိမ်သက်စွာနှင့် လုပ်ကိုင်ရင်း အတွေးတို့က ဟိုရောက်သည်ရောက်စွာနှင့်ပင်.....။

''ကောင်လေးရေ ...မင်းကို သူဌေးခေါ်နေလို့´´

                            ကြားကြားချင်းမျက်လုံးချင်းဆုံသွားသည်။ သူဌေးပြောခိုင်းသည်
မို့ ပြောပြီးပြီးချင်း လှည့်ပြန်တော့မည်လုပ်သည်။ လှလှ လည်းလုပ်လက်စအလုပ်ကိုထားခဲ့ပြီး ထိုလူနောက်မှ ခပ်ကုပ်ကုပ်လိုက်သည်။

''ကဲ ဝင်သွားတော့...သူဌေးက အခန်းထဲမှာရှိတယ်´´

''ဟုတ်ကဲ့´´

               ယိုကျိုးစွာတုန့်ပြန်ခဲ့ပြီးသည့်နောက် သူဌေးတို့နားသည့် အခန်းတံခါးအား ဆွဲဖွင့်ကာ လှလှ ဝင်လိုက်၏။

                                     အထဲရောက်သည်နှင့် ဆိုဖာခုံပေါ်မှာ တစ်ချောင်းခြေတစ်
ချောင်းပေါင်ပေါ်တင်ရင်း ခပ်စောင်းစောင်းနှင့် ဂိမ်းဆော့နေသည့် သူဌေးသားတစ်
ယောက်ကိုသာမြင်သည်။ လှလှ ရပ်ရင်း လက်ကိုနောက်ပစ်ထားကာ စောင့်နေလိုက်သည်။ ထိုအချိန် ဂိမ်းဆော့နေရင်းမှ သကောင့်သားက'ဘာလဲ´ဆိုသည့် အကြည့်တစ်ချက်နှင့် မေးငေါ့ပြလိုက်ချိန်တွင် လှလှမှာ ပြာပြာသလဲ့နှင့်ပင် ဖြေလိုက်ရသည်။

''ဟို   ဟို  သူဌေးခေါ်ခိုင်းတယ် ပြောလို့ပါ...´´

                                     လှလှဖြေသည်မို့ သူ ပြန်မပြောသလို တစ်ခွန်းမှလည်းတုန့်ပြန်ချက် မပေး။သူကိုင်ထားသည့် ဖုန်းထဲမှ ဂိမ်းကိုသာ အာရုံစိုက်နေပုံနှင့် ရှိသည်။ အခန်းတစ်ခုလုံးမှာ သူ နှင့် လှလှ တို့နှစ်ယောက်သာ ရှိနေခဲ့သည်။ ဖုန်းထဲမှ ဂိမ်းအသံထက်လွဲလျင် ထပ်မကြားရဘဲ  အခန်းကတိတ်ဆိတ်နေလေ၏။ အတန်ကြာမှ သကောင့်သားက ခြေချောင်းတို့ကို ကြမ်းပြင်ပေါ်စုံပစ်ချရင်း ခန္ဒာကို မတ်မတ်ကြီး လုပ်လိုက်သည်။ ပြီးလျင် ဇက်ကြောတက်နေသလို နှင့် ဇက်ကြောကို ဘယ်တစ်ချက် ညာတစ်ချက် တစ်ဖောက်ဖောက်မြည်အောင် ခပ်ဖြည်းဖြည်းလေး ချိုး ရင်း လှလှ ကိုငေးကြည့်လာသည်။ လှလှ လည်းတစ်ချိန်လုံး သူ'ဘာမပြောမလဲ´ ဆိုသည့် မျှော်လင့်ချက်နှင့် ငေးကြည့်နေသူမို့အကြည့်တို့က ချက်ချင်းဆုံသွား၏။

ချစ်သော ပို၍ ချစ်သော ( Ongoing )Where stories live. Discover now