Part-8(Uni)

33.7K 2.8K 51
                                    

Ringing...Ringing...

"Hello!..."

"....."

"Hello!...ဘယ်သူလဲမသိဘူး..."

"....."

"Hello!...ဘယ်သူလဲလို့...
မပြောဘူးလား...မပြောရင် ဖုန်းချလိုက်..."

"မချပါနဲ့...ဖုန်းမချလိုက်ပါနဲ့...
ကိုယ်...ကိုယ်ပါ..."

"ခေါင်းကဘယ်ရောက်သွားလို့လဲ?.."

"ဟမ်!..."

"ကိုယ်ဆိုတော့ ခေါင်းဘယ်ရောက်သွားလို့လဲလို့..."

"ဟာ...ကလေးကလည်း..."

"ဟီးဟီး..."

"အခု ကလေးဘာလုပ်နေလဲ?..."

"အိပ်မလို့...ဖုန်းလာလို့ ကိုင်လိုက်တာ..."

"အစောကြီးရှိသေးတဲ့ဟာကို..အိပ်တော့မလို့လား..."

"ဟုတ်....ဝါး....."

"ဟုတ်ပါပြီ...အိပ်ချင်နေတဲ့အကြောင်းကို မသမ်းပြလည်းသိပါတယ်..."

"သူ့ဘာသာ တိုက်ဆိုင်သွားတာပါ...
ဦးကရော မအိပ်သေးဘူးလား..."

"အင်း...မအိပ်ချင်သေးလို့ ဖုန်းလှိမ်းဆက်လိုက်တာ..."

"အင်း..."

"မနက်ဖြန် ကိုယ်လာကြိုလို့ရမလား..."

"ဟင်း...လာကြိုချင်လာကြိုလေ...
ကားခသက်သာတာပေါ့...
ဒါပဲမလား...သားအိပ်တော့မယ်..." လို့ ပြောလိုက်ပြီး..ဖုန်းကိုချသွားတဲ့ ကလေးကြောင့် အသဲယားလွန်းလို့ ကျွန်တော်ကုတင်ပေါ်မှာလှမ့်နေလိုက်တယ်..။

"အား!...ကိုယ့်ကို အသဲယားပြီး ရူးစေချင်တာလား ကလေးရာ..."

ကျွန်တော်ဒီညတော့..အိပ်မက်လှလှမက်တော့မယ်ထင်တယ်..။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကို အမြန်ဆုံးသိမ်းပိုက်နိုင်အောင် ကြိုးစားရမယ်..။

တဖက်မှာလည်း..ဖုန်းကိုချပြီး ခြုံထားတဲ့စောင်အစကို ကိုက်နေတဲ့ကောင်လေးတစ်ယောက်လည်း ရှိနေလေရဲ့..။

သေချာတာကတော့..ဒီအခြေအနေကို၂ယောက်လုံး ပျော်ရွှင်နေကြပါသတဲ့..။

...................................

"သား...နေမင်း ဘယ်သွားမလို့လဲ?.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now