Part(18) ❤❤

16K 755 0
                                    

Zawgyi 😍

ရိဖန်တို့ Tianjinမြို့သို့​ရောက်ရာရာ..
နားနေရန် hotel လေးတွင် နေကြသည်.
လျန့်ချင်တုကို တစ်ခန်းပေးပြီး စွေ့မူချင် နှင့်.တစ်ခန်းတည်းနေလိုက်သည်.

ကလေး ပျောက်သတင်းကို ရှာဖွေရန် မိဘများကိုဆက်သွယ်ပြီး. သတင်းလိုက်ကြရသည်.

တစ်ခြား သတင်းထောက်တွေလည်း မြို့တွင်း တော်တော်လေး အလုပ်ရှုပ်နေကြသည်.

တစ်နေ့တာ ကုန်သွားသော်. တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည်.

ရိဖန်လည်း. နေရာသစ်တွင်. တစ်နေကုန် ကလေးမိဘများဆီသွားက ​မေးမြန်းနေရသောကြောင့် phone.silent ဖြစ်နေသောကြောင့်.အန်းထျန်းလော့ phone call များကို မကြည့်မိပေ ..

သေပြီ ကိုကို ခေါ်ထားတာ ဆက်တိုက်..မကြာမကြာအ​တော်များများပင်.

ရိဖန် အခန်းသို့ ပြန်ရောက်ရာ အန်းထျန်းလော့ အားဖုန်းခေါ်လိုက်သည်

" ဟယ်လို .သူဌေး နားချိန်မို့ ဖုန်းမပြောနိုင်သေးပါဘူးရှင့် "

ကိုကို့ ကိုယ်ပိုင် ဖုန်းကိုခေါ်တာလေ. ဘယ်သူကလာကိုင်နေတာလည်း အတွင်းရေးမှူးဆိုတဲ့သူပဲနေမှာ
ကိုကို အလုပ်အရမ်းရှုပ်နေတယ်ထင်တယ်

" ဪ ဟုတ်ကဲ့ အဲ့ဒါဆိုနောက်မှ ပြန်ဆက်လိုက်ပါ့မယ်"

"ဟုတ်ကဲ့. အားနာလိုက်တာ သူဌေးချစ်သူရောက်နေလို့ သူဌေးမအားတာပါ"

လျှိဖိန်ဖိန် ရိဖန် Tianjin သွားတာသိ၍ ကြားထဲတွင် အနှောင့်ဝင်လုပ်လေသည်..
အန်းထျန်းလော့ မှာ နိုင်ငံခြား လုပ်ငန်းရှင်တွေကို ဆွေးနွေးပြီး ကိုယ်တိုင် ထုန်ကုန်အသစ်များကို ကြည့်ရှုနေရသောကြောင့် မအားနိုင်ပေ..ခုနကပင် ရိဖန်ကို ဖုန်းဆက်ထားရာ.အရေးကြီးအလုပ်ကိစ္စပေါ်လို့ဖုန်းကို မေ့သွားတာ လျှိဖိန်ဖိန် တွက် ဂွင်ဖြစ်သွားသည်

" ဘာ ချစ်သူ ဟမ်."

ရိဖန် ပြောစရာ စကားမရှိ. အသက်ရှူပင်ကျပ်လာရသည်.

" ဪ သူဌေး က ချစ်သူ များတယ်လေ အတည်ဆိုတာ ရှားတယ် အလွန်ဆုံးခံ ၃လပေါ့. ခုက ဘာများအရေးကြီးလို့လည်းမသိဘူး.. ဒါပဲနော်"

ရူးသွပ်စေနိုင်သောအချစ်(HOT LOVE)♥completed🔞Where stories live. Discover now