Chapter - 89 ( 🚨🔞🚨 )

41.9K 3.5K 545
                                    

#Unicode

ကားပေါ်ကဆင်းဆင်းချင်း မင်းယွီဘာလုပ်ရမည်မသိ၍ ဟော်မုန်းနဲ့ပတ်သပ်နေတာမို့ ဒီရွာရဲ့ တစ်ဦးတည်းသောဆရာဝန်ဖြစ်တဲ့ ရွာလူကြီးအိမ်သို့ခေါ်သွားလေတယ် …

" သခင်လေးတို့ ဘာဖြစ်လာကြတာလဲ "

ရွာလူကြီးက အပြေးလေးလာကာ မင်းယွီနဲ့ဖန်းဂူကို စီးကြိုပြီး စိတ်ပူပန်စွာမေးမြန်းလိုက်တယ် … မင်းယွီက အမောတကောဖြင့် …

" ဦးလေး တချက်လောက်ကြည့်ပေးပါ … ဟော်မုန်းတွေဖောက်ပြန်နေတာလားမသိဘူး … ​ေဆးစားထားပေမဲ့ … "

မင်းယွီဆက်မပြောခင်မှာပင် ရွာလူကြီးက အခြေအနေကိုကြည့်ယုံဖြင့်သိနှင့်နေပြီ … ဒါကလွန်စွာအရေးကြီးတာမို့ ရွာလူကြီးက ကြားဖြတ်ကာပြောလိုက်တယ် …

" ဒီအခြေအနေကအရေးကြီးတယ် … ခနစောင့် "

ဟုဆိုကာ အိမ်ခန်းထဲအမြန်ပြေးဝင်သွားပြီး ခနအကြာတွင် ဆေးနှင့်ဆေးထိုအပ်တစ်ခုကိုယူလာခဲ့တယ် …

" ဒါကိုထိုးလိုက် "

မင်းယွီ စိတ်ပူပန်နေသည့်ကြားမှ သူ့ပခုံပေါ်ခေါင်းမှီကာ မျက်လုံးပိတ်ထားလျှက် အသိစိတ်လွတ်နေတဲ့ ဖန်းဂူလက်မောင်းကို ဆွဲယူကာ …

" ဘယ်မှာထိုးမှာလဲ "

ရွာလူကြီးက အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားလျှက် …

" ဒါက သခင်လေးအတွက်မဟုတ်ဘူး "

" ဗျာ … ဒါဆို ဘယ်သူ့ကိုထိုးမှာလဲ "

" သေချာပေါက် ဆရာကတော်အတွက်ပေါ့ "

မင်းယွီခေါင်းနပန်းများပင်ကြီးသွားသယောင် … ခုအခြေအနေက သူလဲအနည်ငယ် ဟော်မုန်းတွေကြောင့် အနေရခက်နေတယ်ဆိုပေမဲ့ တကယ်ရောဂါခံစားရသူလောက်မဆိုးနေ၍ ဆေးထိုးခံရမှာကသူမဟုတ်ဟုငြင်းဆိုချင်ပေမဲ့ နောက်ကျသွားခဲ့ပြီ … ရွာလူကြီးက မင်းယွီလက်ကိုဆွဲယူပြီး လက်ဖမိုးပေါ်ကသွေးကျောထဲကိုဆေးထိုးသွင်းလိုက်တယ် …

နာကျင်သော်ငြား မည်သို့မှျမဆိုရဲ … ဆေး​ေသာက်ရတာထက် ဆေးထိုးခံရတာက အနည်းငယ်ကောင်းတယ်ဟု မင်းယွီမှတ်ချက်ပြုလိုက်မိတယ် … သူ့ရဲ့သိချင်စိတ်တွေက မျက်ဝန်းမှာထင်ဟက်နေပြီး နားလည်သဘောပေါက်လွယ်တဲ့ ရွာလူကြီးက စိတ်ရှည်လက်ရှည် ရှင်းပြလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now