"သားငယ် အဲ့တာဘယ်လဲ?..."
ရှပ်အင်္ကျီအဖြူကိုအောက်ကဘောင်းဘီတိုအနက်နဲ့ အပေါ်ထပ်ကနေဆင်းလာတဲ့သားငယ်ကိုတွေ့တာမို့...အောက်ထပ်မှာ TVကြည့်နေတဲ့ ဒေါ်သီတာမေးလိုက်ခြင်းဖြစ်သည်..။
"မေမေ့ကို သားညကပြောထားတယ်လေ...
ဒီနေ့ နေ့လယ် ဝေလင်းနဲ့ရုပ်ရှင်သွားကြည့်မယ်လို့...""သြော်...အေးအေး...
မေမေ မေ့သွားလ်ုိ့...""အခုသတိရပြီဆိုတော့...မုန့်ဖိုးပေး..."
"ဘယ်လောက်လဲ?.." လို့ မေးလာတာမို့ လက်ညှိုးလေးတစ်ချောင်းထောင်ပြလိုက်တယ်..
"တစ်ထောင်လား..ရော့ရော့..."
"မေမေ!..သိရက်သားနဲ့ဗျာ...
တစ်သောင်းလို့ပြောတာ...""သိတယ်အေ သိတယ်..
တမင်ပြောတာ...ရော့ရော့....""ကျေးဇူး မေမေ...အာဘွား..." ဆိုပြီး မေမေ့ပါးကိုနမ်းကာ အပြင်ကိုထွက်လာလိုက်တယ်...
အပြင်ရောက်တော့...ဝေလင်းက ဆိုင်ကယ်ကိုခွလျက်နဲ့...
"ယောက်ဖရာ...ကြာလိုက်တာ...
ပူလောင်နေတာပဲ...""မေမေ့ဆီက မုန့်ဖိုးတောင်းနေလို့ကြာနေတာ...
ဒီနေ့ ငါကျွေးမယ်...""စားရချည်းသေးရဲ့ကွာ...
ဒါနဲ့ မငယ်ရော မတွေ့ပါလား...""ဟုတ်တယ်...မနက်က သူ့သူငယ်ချင်းနဲ့လိုက်သွားတယ်...ဘာရှိလို့ဆိုလားပဲ..."
"မိန်းကလေးလား..."
"အေး...မိန်းကလေး...
အဲ့တာကြောင့် မင်းစိုးရိမ်မနေနဲ့...""အေးပါကွာ...မေးကြည့်တာပါ...ဟီးဟီး...
တက်...သွားမယ်လေ...""မြန်မြန်မောင်း...ရုပ်ရှင်ချိန်နီးနေပြီ..." လို့ ပြောလိုက်တော့ ဝေလင်းက ဆိုင်ကယ်ကိုမောင်းကာ ရုပ်ရှင်ရုံကိုထွက်လာခဲ့တယ်...။
................
Centerရောက်တော့..ရုပ်ရှင်ရုံက အပေါ်ဆုံးထပ်မှာဖြစ်တာကြောင့်..အပေါ်ကိုတက်လာခဲ့တယ်..။
ရုပ်ရှင်လက်မှတ်ကိုဝယ်ပြီး..ရုပ်ရှင်ပြမယ့်အချိန်မရောက်သေးတာကြောင့်..မုန့်တွေဝယ်ပြီး ယူစားရင်းနဲ့စောင့်နေလိုက်တယ်..။
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့