Final Extra

15.2K 1K 83
                                    

Unicode

မနက်သုံးနာရီခွဲဆိုသည့်အချိန်က အမှောင်ထု
တို့လည်း မပျောက်ကွယ်သေးပါ။အာရုံဆွမ်းကပ်
ရမည်မို့ စောစောထကြရသည်။

"မောင် ထတော့လေ။သုံးနားရီခွဲနေပြီ
ထတော့နော်"

မောင်က လှုပ်တောင်မလှုပ်ပါ။
မနှိုးလို့ကမဖြစ်။ကားမောင်းသွားလျှင်
တစ်နာရီလောက်ကြာသည့်ခရီးမို့ အခုချိန်ထ
ပြီးပြင်ဆင်မှတော်ရကျပေမည်။

"မောင် ငါဗိုက်အောင့်နေလို့၊ထပါဦး"

"ဟမ် ကိုကိုတော်တော်အောင့်နေလားဟင်"

ဗိုက်အောင့်လို့ဆိုမှ ကမန်းကတန်းဖြင့်မောင်
ထလာတော့သည်။ဒီကောင်လေးကို ဒီလိုနှိုးမှ။
မဟုတ်ပါက ထတော့မည်မဟုတ်ပါ။

"ငါဘာမှမဖြစ်ဘူး။မျက်နှာသစ်၊ရေချိုးပြီး
သွားဖို့လုပ်တော့"

"ခဏလေးပဲပြန်အိပ်မယ်လေ။မောင်အိပ်ရေး
မဝသေးဘူး"

ပေါင်ပေါ်သို့ခေါင်းအုံးလာပြီး ပြန်အိပ်ပြန်သည်။

"ငါစိတ်ဆိုးလာပြီနော် သော်ယံမောင်"

"အာ ရွှေစိတ်တော်မဆိုးလိုက်ပါနဲ့ဗျာ။ထပါပြီ
ထပြီနော်"

ထိုအခါမှထကာ ချက်ချင်းရေချိုးခန်းထဲ
တန်းဝင်တော့သည်။မောင်ရေချိုးခန်းဝင်နေ
တုန်း မောင်အတွက်အဝတ်စားကိုအဆင်သင့်
ထုတ်ထားပေးလိုက်သည်။

နေရှင်းမှာ ခေတ်ခေတ်ကိုနှိုးနေသော်လည်း
နိုးမလာသေးပါ။

"ကလေးလေး ထတော့လေကွာ။ကိုယ်နှိုးနေ
တာ အခေါက်နှစ်ဆယ်ရှိပြီ။ကိုယ်တောင်
ပြင်ဆင်ပြီးပြီ။ထတော့လေ ခေတ်ခေတ်ရယ်"

"အိပ်ကောင်းခြင်းလည်းမအိပ်ရဘူး။လူယုတ်မာကြီး"

အိပ်နေရာမှထထိုင်ကာပြောပြီးနောက် ထိုင်နေ
ရက်အတိုင်း ငုတ်တုတ်အိပ်နေပြန်သည်။
လူယုတ်မာကြီးလို့ပြောလို့လည်း နေရှင်းစိတ်
မဆိုးနိုင်ပါ။သူ့ကလေးငယ် အအိပ်မက်မှန်းသူ
သိသည်။ခေတ်ခေတ်ထပြီး ပြင်ဆင်အောင်
ဉာဏ်နီဉာဏ်နက် တို့ကိုထုတ်သုံးရချေတော့သည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now