💜 S3 EP - 20 💜

91.7K 8K 1.4K
                                    

kinsley ဟာ သူမကိုစွဲလန်းနေတဲ့ ထိပ်တန်းသူဌေးသားတစ်ယောက်နဲ့အတူ အခုရက်ပိုင်းတွဲသွား တွဲလာ အီစီကလီလုပ်နေသည် ။

ဒီနေ့မှာ ထိုသူဌေးသားက သူမအားနေ့လည်စာဖိတ်တာမို့ ဒီစားသောက်ဆိုင်ရောက်လာခဲ့သည် ။ သို့သော် ဆိုင်ထဲရှိလူအားလုံးရဲ့အမြက်အာရုံကိုအုံ့အုံ့ကျွတ်ကျွတ်ဖြစ်တဲ့အထိဆွဲဆောင်လိုက်တဲ့တစ်စုံတစ်ခုကြောင့် .. သူမရှေ့မှာရှိနေတဲ့ လူတောင် သူမနောက်ကျော်ဘက်ဆီအကြည့်မလွှဲတာမို့ လှည့်ကြည့်လိုက်တော့ .. သူမမုန်းတဲ့ ယောက်ကျားတစ်ယောက်နဲ့အတူ ဝင်လာတဲ့ သူမရဲ့ Demon ..။

ထိုသို့တွေ့လိုက်တဲ့အချိန်မှာ ဒေါသတွေတလိမ့်လိမ့်တတ်လာပြီး သူမရင်ထဲမှာ ချက်ချင်းပင် Demon ခါးကိုဖက်ထားတဲ့ ထိုယောက်ကျားရဲ့လက်တွေကိုဖျက်စီးချင်စိတ်ရှိနေတော့သည် ။

မကြာလိုက်ပါ .. ထိုယောက်ကျားက Demon ကို ခြေဖျားထောက်ကာ နမ်းရှိုက်နေတာကို Demon က ထိုယောက်ကျားခါးကိုထိန်းကာ ပြန်နမ်းရှိုက်နေသည် ။

ထိုမြင်ကွင်းကိုကြည့်ပြီး သူ့မ မျက်နှာထက်မနာလိုဝန်တိုမှု့နဲ့အတူ ထိုယောက်ကျားကိုသတ်ပြစ်ချင်မိတယ် ။ ဒါ့ကြောင့် ဒေါသအလျှောက် သူမ ဟာ လက်သီးကျစ်ကျစ်ဆုတ်ထားတာမို့ လက်သည်းချွန်တွေက လက်ဖဝါးမှာထိုးပေါက်၍ သွေးတွေထွက်လာခဲ့သည် ။

kinsley ဟာ သူမရဲ့လက်ဖဝါးကနာကျင်မှု့ကိုတောင် နာကျင်ရကောင်းမှန်းမသိပဲ Demon တို့နှစ်ယောက် ထွက်သွားတဲ့ သီးသန့်စားပွဲဝိုင်းဆီကိုသာ မျက်လုံးမီးပွင့်မတတ်ကြည့်နေတော့သည်

ထိုအချိန် သူမရှေ့က လူက သူမရဲ့အဆင်မပြေတဲ့ပုံကိုကြည့်ကာ ..

" ဟေး မင်းအဆင်ပြေရဲ့လား "

" အိုး ဆောရီး ကျွန်မ နည်းနည်းနေလို့မကောင်းလို့ .. ဆိုတော့ ဒီနေ့တော့ ဒီလောက်နဲ့ ပြန်ကြမယ်ဆို ဘယ်လိုလဲ "

" နေမကောင်းဘူးလား .. ကိုယ်ဆေးရုံပြပေးမယ်အတူတူသွားရအောင်လေ "

" ရပါတယ် ကျွန်မအဆင်ပြေပါတယ် "

" Okay အဲ့တာဆို သွားကြရအောင် "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now