အပိုင်း [ ၃၇ ]

94.7K 10.2K 738
                                        

ညနေ ၅နာရီခန့်တွင် မြတ်သောမာန် ရုံးကနေ အိမ်ကို ပြန်ရောက်တော့ အိမ်ရှေ့သို့ ထွက်ကြိုသည့် မိုင်မိုင်းရဲ့အပြုံးမျက်နှာလေးကို မြင်သည့်အခါ သူ Company မှာ အလုပ်တွေပင်ပန်းခဲ့သမျှ ပြေပျောက်သွားရတာပင်။

"ဒီနေ့တော့ နည်းနည်းစောသားပဲဗျ"

"ထင်ထားတာထက် Meeting မြန်မြန် ပြီးသွားတာနဲ့"

မိုင်မိုင်းက သူ့လက်တစ်ဖက်ထဲမှ Lunch box အိတ်ကလေးကို လာကူဆွဲတော့ မြတ်သောမာန် တစ်ဖက်က Briefcase ကို ဆွဲလျက် တစ်ဖက်က မိုင်မိုင်းရဲ့ပခုံးလေးကို ဖက်ကာ အိမ်ထဲသို့ လှမ်းဝင်ခဲ့ပါသည်။

"ကျွန်တော် အခုမှ ညစာ ချက်နေတုန်းဗျ"

"ကိုယ် အဝတ်လဲပြီး ပြန်ဆင်းခဲ့မယ်နော်"

​သူ မိုင်မိုင်းရဲ့ ပါးကလေးကို မွကနဲ တစ်ချက် နမ်းပြီးမှ အိမ်ပေါ်ထပ်သို့ တက်ခဲ့သည့်နောက်မှာ မိုင်မိုင်းကတော့ Kitchen ထဲကို ပြန်ဝင်သွား၏။

မြတ်သောမာန် အခန်းထဲတွင် အဝတ် ခပ်သွက်သွက် လဲပြီးသည်နှင့် အိမ်အောက်ထပ်သို့ ပြန်ဆင်းခဲ့ကာ မိုင်မိုင်း ညစာ ချက်နေတာကို ကူပေးလိုက်သည်။

"ဒီနေ့ နိုင်နိုင်းကို အဆောင်ပို့တာ အဆင်ပြေတယ် မဟုတ်လား"

"ပြေပါတယ်ဗျ...ဒါပေမယ့် သူ့အခန်းဖော်နဲ့ရင်းနှီးဖို့တော့ အချိန်လိုဦးမယ်ထင်တယ်...မနက်ဖြန်ကျရင် အဝတ်အစားနဲ့ တခြား လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ဝယ်ပို့ ပေးရဦးမယ်"

"Laptop တစ်လုံးလောက်လည်း ဝယ်ပေးလိုက်ပါဦး...ဆေးကျောင်းသားဆိုတော့ စာလေ့လာရတာလည်း လွယ်ကူအောင်"

"ဟုတ်ကဲ့ဗျ"

လက်ထပ်ပြီးကတည်းက အိမ်စားရိတ်၊ မိုင်မိုင်းရဲ့ကျောင်းစားရိတ်အပြင် မိုင်မိုင်း လိုအပ်တာတွေ၊ မိုင်မိုင်း လိုချင်တာတွေ သုံးဖို့အတွက် ဆိုပြီး သူက မိုင်မိုင်းရဲ့နာမည်ဖြင့် Bank Account ဖွင့်ပေးထားပေမယ့် မိုင်မိုင်းက စျေးဖိုးကမှအစ စာရင်းဇယားတိတိကျကျဖြင့် စီမံခန့်ခွဲနိုင်သလို ငွေပမာဏ များများ သုံးရမည့်ကိစ္စဆိုလျှင်လည်း သူ့ကို တိုင်ပင်လေ့ရှိ၏။

မိုင်Where stories live. Discover now