အပိုင်း ၃၂ ( အန်းလုဆီက စာ)
" သားတော်လေး....မယ်တော့်ရဲ့သားလေး။ "
ဝမ်းနည်းပူဆွေးစွာငိုကြွေးနေသော အမျိုးသမီးတစ်ဉီး၏အသံက နေရောင်ခြည်ပင်ဖြာမကျနိုင်သော အခန်းဆောင်ထဲတွင် ပဲ့တင်ထပ်နေလေ၏။
" တောင်းပန်ပါတယ်။ ဒီအသုံးမကျတဲ့ မိခင်ကြောင့် ဒီလိုမျိုး သူတစ်ပါးရဲ့အသုံးတော်ခံဖြစ်ပြီး သေဆုံးရတာ။ မယ်တော့်ရဲ့ အပြစ်တွေပါ။ အားလုံး....အားလုံးက....ဒီမယ်တော့်ရဲ့ အပြစ်တွေချည်းပါပဲ......"
* ကျွီ.........*
တံခါးချပ်နှစ်ဖက်လုံး ပွင့်ဟသွားပြီးနောက် နေရောင်ခြည်ပြင်းပြင်းက သူမထိုင်နေသောနေရာသို့ တမဟုတ်ချင်းဖြာကျလာသည်။ အခန်းပေါက်ဝတွင် ကောင်လေးတယောက်က မတ်တပ်ရပ်ကာနေပြီး သူ၏အရိပ်က ထိုင်နေသော သူမအား နေရောင်ခြည်၏အလင်းမှ ကာကွယ်ပေးသည်။
သူမက သိသာသောပြောင်းလဲမှုကြောင့် ထိုတံခါးပေါက်ဝကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် မျက်ရည်စများဖြင့် စိုရွဲကာနေလေ၏။ အပေါက်ဝတွင် ရပ်ကာနေသော ထိုကောင်လေးက သူမကိုကြည့်ရင်း လှမ်းအော်လိုက်သည်။
" မယ်တော်..... "
ထိုခေါ်သံသည်ကား ၀မ်းနည်း ၀မ်းသာခြင်းတို့ ခံစားချက်များ စုံလင်လျက်။
"....."
သူမက နေရောင်ကြောင့် အရိပ်မဲမဲပုံစံကိုသာမြင်ရသော ထိုကောင်လေးကိုသေချာစွာကြည့်နေရင်းမှ ထိုကောင်လေးဆီက ထွက်လာသောအသံကြောင့် သူမ၏ မျက်ဝန်းများက ပြူးကျယ်လာလေသည်။
" အား...အားချန်....အားချန်လား။"
ထိုအခါမှ ယိချန်က သူမဆီသို့ အပြေးရောက်ကာလာသည်။ ထိုင်ခုံပေါ်တွင် ထိုင်နေသော သူမ၏ ရှေ့သိူ့ ရောက်ရောက်လာခြင်းပင် ကြမ်းပြင်တွင် ဒူးထောက်ထိုင်ချလိုက်ရင်း သူမ၏ ပေါင်ပေါ်တွင် ခေါင်းကိုအသာမှီချလိုက်သည်။
" မယ်တော်....သားတော်..အားချန်ပါ။...သားတော်ပါ။"
" မျက်နှာလေးကို မယ်တော့်ကို ပြပါအုန်း။ သားတော်ကို ကြည့်ပါရစေအုန်း။ ဒီ မယ်တော့်ကိုပြပါအုန်း။"
YOU ARE READING
LOVE, BUT HURT (Season 3)_ The Last Begin_[Completed]
Historical Fictionကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီး ရိုးရှင်းနေလောက်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်" Hello! This is Season 3 of Love, But Hurt Fiction and n...