Special Extra-1(Surprise!!)

12K 926 50
                                    

Unicode

သီတင်းကျွတ်ရောက်ပြီဆိုခေတ်ခေတ်အတွက် တော့ မုန့်ဖိုးပတ်တောင်းဖို့နဲ့ ကြံကြံဖန်ဖန် ရှာရှာ
ဖွေဖွေဆော့ဖို့သာလျှင်အဓိက။

"ဦးလေးသော်ယံမောင်တို့လာကြတော့လေ၊ဒီလူကြီးတွေလည်းသိပ်ခေါ်ရတာပဲ"

မောင့်ရဲ့ မိဘတွေထိုင်နေတဲ့ခုံရှေ့မှာထိုင်ချလိုက်
ပြီး မောင်တို့ကိုလှမ်းခေါ်သည်။ခေတ်ခေတ်က
လက်ဗလာနဲ့ ၊မောင်တို့နေရှင်းတို့နဲ့လိုက်ကပ်ပြီး
ကန်တော့မှာပင်။ပြီးလျှင်အရင်ဆုံးမုန့်ဖိုးတောင်း
မှာကလည်းသူပဲ။

"ခေတ်သွန်း..ပြီးရင်နေရှင်းတို့အိမ်သွားမှာဆိုတော့ အိတ်ကြီးကြီးတစ်လုံးလောက်ပါယူခဲ့ဦးနော်"

ကိုကိုက ခေတ်ခေတ်ဘေးမှာဝင်ထိုင်ရင်းအတည်ပေါက်နှင့်ပြောတော့ ခေတ်ခေတ်နားမလည်။မောင်နဲ့နေရှင်းက ကန်တော့မဲ့ပစ္စည်းကိုစားပွဲပေါ်
တင်ရင်း ထိုင်လိုက်ကြသည်။သိတဲ့အတိုင်းသော်ယံမောင်နဲ့မင်းခေတ်သွန်းက ရန်ဖြစ်လိုက်ရမှ။
မောင်က ခေတ်ခေတ်ခေါင်းကို ခေါက်ချလိုက်ပြီး ကိုကိုနဲ့ခေတ်ခေတ်ကြားမှာဝင်ထိုင်လိုက်သည်။

"ဆေးကျောင်းသားပဲဖြစ်နေပြီ အခုထိပိန်းတုန်း။
ငါ့ကိုကိုပြောတာက ဘိုးတော်ကမုန့်ဖိုးပတ်တောင်းနေတာဆိုတော့ ဟိုယောက္ခမလောင်းကြီးတွေက
လည်းပေးမှာပဲလေ။တယ်ပိန်းတဲ့ ဘိုးတော်"

"ဦးလေးသော်ယံမောင်နော် ခေတ်ခေတ်ကိုရန်လာမစနဲ့၊နေ့ထူးနေ့မြတ်လေးမို့လို့သည်းခံလိုက်တာ
မှတ်"

"သော်ယံ ငါ့သားလည်းနော်အိမ်ထောင်လည်းကျပြီးပြီ အခုထိကလေးဆန်တုန်း။ကဲကဲ ကန်တော့
ကြတော့"

ကန်တော့လို့အပြီး ခေတ်ခေတ်ရဲ့ အိတ်ကပ်ထဲမှာ
လည်း ရေလျှံကုန်လေပြီ။ဒေါ်လေးနွယ်ကိုကန်တော့ဖို့သွားတော့လည်း ခေတ်ခေတ်ကထိပ်ဆုံးကပင်။

"အစ်ကိုနေရှင်း ခေတ်ခေတ်ကိုမုန့်ကျွေးပါဆို"

"ဟာ ဘယ်လိုကျွေးလို့ရမှာလဲ။ခေတ်ခေတ်ရဲ့
မာမားကိုကန်တော့မလို့လေ။ကလေးလေး
ကလည်း မရစ်ပါနဲ့ကွာ"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now