Chapter _ (9-1) +(9-2) ( Z+U)

5.8K 973 28
                                    

Chapter _ (9-1) _ ဖူဘိုကို အလုပ္မွထုတ္ပစ္ျခင္း ( Z+U)

ဖူဘိုသည္မ်က္ရည္မ်ားျဖင့္အခန္းထဲမွထြက္လာသည္။ ေရွာင္ဝမ္၊ ေရွာင္က်ိဳး၊ ေရွာင္တုန္းတို႔က သူ႔ခရီးေဆာင္အိတ္မ်ားကို ကူညီသယ္ေဆာင္ေပးကာ သူ႔ကို လိုက္လံပို႔ေဆာင္ၾကသည္။ ႐ြယ္က်င္းရီသည္ ထိုအျဖစ္ပ်က္ကို ေငးေၾကာင္ေၾကာင္ၾကည့္ကာ ယခုထိ မယုံႏိုင္သလို ျဖစ္ေနမိသည္။

သူမ ဘာေျပာရမွန္းမသိေအာင္ စိတ္ရႈပ္ေထြးေနမိသည္။ ဖူဘိုသည္ အိမ္ေရွ႕တံခါးဝသို႔ လမ္းေလွ်ာက္သြားၿပီး စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ အသံ ထြက္၍ သူမ၏ က်န္းမာေရးကိုဂ႐ုစိုက္ပါရန္ေျပာခဲ့သည္အထိ ႐ႊယ္က်င္းရီ ေၾကာင္ေနၿပီးမွ ထခုန္ကာ ေအာ္ဟစ္လိုက္သည္။

" ဖူဘို၊ ရွင္ တကယ္ထြက္သြားေတာ့မွာလား"

သူမသည္ သူမ အစ္ကို၏စကားမ်ားၾကားလိုက္စဥ္က ေဒါသအရွိန္နဲ႔ ေၾကာင္အ ေနၿပီး ယခုမွ သတိဝင္လာပုံရသည္။ ဖူဘိုသည္အေစခံတစ္ ဦး မဟုတ္ပါ။ သူက သူမတို႔ မိသားစုဝင္တစ္ဦးလို သူတို႔ ငယ္ငယ္ ကတည္း က သူတို႔ကိုၾကည့္ရႈျပဳစုေပးခဲ့သည္။

သို႔ေသာ္" ေစာင့္ေရွာက္မႈ" ဆိုရာတြင္ ဖူဘိုက  သူမကိုသာဂ႐ုစိုက္သည္။ အသန႔္ႀကိဳက္လြန္ စိတ္ေရာဂါ ခံစားေနရတဲ့ငယ္႐ြယ္ေသာ သခင္ေလး႐ႊယ္က လူေတြကိုအၿမဲေရွာင္ခဲ့ကာ ဖူဘို သူ႔ကို ထိေတြ႕မည္ကိုပင္ ျငင္းဆန္ခဲ့သည္။

" ဖူဘိုကို ညီမ မသြားေစခ်င္ဘူး၊ အစ္ကိုႀကီး အကိုႀကီးက ေနာက္ေနတာ မဟုတ္လား၊  ဖူဘိုကိုေနခြင့္ေပးလိုက္ပါ!"

သူမမ်က္လုံးမ်ားမွ မ်က္ရည္မ်ားစီးက်လာၿပီး ႐ႊယ္ဇီ႐ြမ္ေရွ႕ သူမကိုယ္ကို ပစ္လွဲလိုက္ေသာ္လည္း ႐ြယ္ဇီ႐ြမ္က သူမကို  ႐ြံမုန္းစြာ တြန္းထုတ္ခဲ့သည္။ ထို႔ေနာက္ သူက  လက္ကိုင္ပဝါထုတ္ကာ သူ႔လက္ကို သုတ္လိုက္သည္။

က်ိဳးယြင္ရွန႔္တစ္ဦးတည္းသာ အျခားလူ ဘာျဖစ္ေနသည္ကို အာ႐ုံ မစိုက္ပဲ ေအးေဆးစြာ ညေနစာ စားေနသည္။

႐ႊြယ္က်င္းရိက အခ်ိန္ၾကာျမင့္စြာ မထပဲ  ၾကမ္းျပင္ေပၚထိုင္ကာ ေအာ္ဟစ္ ငိုေႂကြးေနခဲ့သည္။ ဖူဘိုႏွင့္ အျခားသူမ်ားသည္ ထမင္းစားခန္းသို႔ ျမန္ျမန္ျပန္သြားၾကၿပီး လူတိုင္းက  သူမကိုႏွစ္သိမ့္ စကားေျပာၿပီး သူမကို စိတ္သက္သာရေစရန္ ႀကိဳးစားခဲ့ေပမယ့္ သူတို႔က ခုလို ႏွစ္သိမ့္ေလ ႐ႊယ္က်င္းရီက ပိုစိုးရိမ္ပူပန္ေလ ျဖစ္ကာ ေခြၽးေတြထြက္လာသည္။

ေမြးစားသမီး႐ြယ္က်င္းရီ သည္ ႐ြယ္မိသားစု၏ အဖိုးတန္ရတနာေလး လိုျဖစ္ေနၿပီး သားအရင္း က အျပင္က ေခၚလာသည့္ ေမြးစားကေလးလို ျဖစ္ေနသည္။

႐ႊယ္ဇီ႐ြမ္ ဘယ္ေလာက္အထိ ထိခိုက္နစ္နာေနပါေစ တအိမ္လုံးက လူေတြအတြက္ အေရးမႀကီးဘူး။ သို႔ေသာ္ ႐ႊယ္က်င္းရီ၏ ငိုသံတစ္ခ်က္ ေပးခဲ့လွ်င္ လူတိုင္း သူမ၏ပတ္ ၀ န္းက်င္တြင္ ဝိုင္းအုံေနၾကလိမ့္မည္။

ဒီလို ေသြးေအးစါာ ဆက္ဆံလိုက္ျခင္းက ဒီဇာတ္လမ္းမွာရွိတဲ့ ကံၾကမၼာ၏သားေတာ္ အတြက္ စံတင္ေလာက္ေပသည္။ က်ိဳးယြင္ရွန႔္သည္ ႏူးအိေနေသာ ဝက္သားႏွပ္တစ္တုံးကို ကို စားရင္း လွ်ိဳ႕ဝွက္စြာစဥ္းစားေနခဲ့သည္။ ႐ႊယ္ဇီ႐ြမ္သည္လည္း သူ႔ေဘးမွာ ေအးေဆးစြာ စားေသာက္ေနၿပီး   သူ႔ေျခရင္းမွာလွဲေနေသာ ႐ႊြယ္က်င္းရီကို လည္းေကာင္း၊ သူမကို ေခ်ာ့ေမာ့ေနေသာ လူစုကိုလည္းေကာင္း မ်က္စိႏွင့္ တခ်က္ပင္ မၾကည့္ခဲ့သလို သူမ ငိုေႂကြးေနသည္ကိုလည္း မၾကားသလိုသာ ေနလိုက္သည္။

ဖူဘိုသည္ သခင္ေလး၏အျပဳမႈေၾကာင့္ စိတ္ထဲ ထိခိုက္ခံစားလိုက္ရ သည္။

" သခင္ေလး...ကြၽန္ေတာ့္ကို မေနေစခ်င္ရင္ ကြၽန္ေတာ္ ထြက္သြားပါ ေတာ့မယ္။ ကြၽန္ေတာ့္ရဲ႕ ပင္စင္လစာကိုလည္း မလိုခ်င္ေတာ့ပါဘူး။ မမေလးကိုသာ တစ္ခ်က္လာၾကည့္ေပးပါဦး။ မမေလးက ကေလး ဘဝ ကတည္းက သခင္ေလးရဲ႕စကားတစ္ခြန္းကိုပဲ နားေထာင္ခဲ့သူပါ။  သခင္ေလးဆီက စကား  တစ္လုံးက ကြၽန္ေတာ္တို႔ေျပာတဲ့  စကားလုံး တစ္ရာႏွင့္ညီမွ်ပါတယ္။ အခု သူမကို တခ်က္ေလာက္ ငဲ့ၾကည့္ပါဦး။ မမေလးက အသက္ရႈရပ္မတတ္ ငိုေႂကြးေနတယ္။ သခင္ေလး ဘယ္လိုေၾကာင့္ ခုလို လုပ္ရက္တာလဲ။ ေက်းဇူးျပဳၿပီး မမေလးကို တစ္ခ်က္ေလာက္ ႏွစ္သိမ့္ေပးပါ။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ "

ေရွာင္က်ိဳးက အျမန္ေအာ္ေျပာလိုက္သည္။

 "ျမန္ျမန္ Dr. ဝူ ကိုေခၚပါ။  အျမန္လာၿပီး မမေလးကို လာၾကည့္ေပးဖို႔ ေခၚလိုက္ပါ"

႐ႊယ္ဇီ႐ြမ္ သည္ က်ိဳးယြင္ရွန႔္၏ ပါးစပ္ေထာင့္ကို လက္သုတ္ပုဝါျဖင့္ သုတ္ေပးရင္း သူက စကားလုံး တစ္လုံးစီကို  ရွင္းရွင္းလင္းလင္းေျပာခဲ့သည္။

"ဖူဘို၊ ခင္ဗ်ား အခု သြားလို႔ရၿပီ"

ထိုဝါက်သည္ ဖူဘိုကို လုံးလုံးလန႔္သြားေစၿပီး  သူ႔ကို စကားမေျပာႏိုင္ ေတာ့ေအာင္ ျဖစ္သြားေစသည္။ သူက ႐ႊယ္ဇီ႐ြမ္ကို စိတ္ပ်က္ဟန္ျဖင့္ စိုက္ၾကည့္ကာ တံခါးဆီကိုလွည့္ထြက္သြားခဲ့သည္။ တံခါးဝေရာက္ေတာ့ မွ ေနာက္ျပန္လွည့္ၾကည့္ကာ ေျပာလိုက္သည္။

" သခင္ေလး  ဘယ္လိုျဖစ္ၿပီး ခုလို ပုံစံျဖစ္သြားရတာလဲ။ "

႐ႊယ္ဇီ႐ြမ္ကၾကားေပမယ့္လည္း သူ႔ကို တမင္တကာလ်စ္လ်ဴရႈ လိုက္ သည္။ သူက ဖူဘို ကိုမ်က္လုံးေထာင့္ကေနေတာင္ မၾကည့္ခဲ့ပါ။ သူ ဘယ္လိုျဖစ္လာ ခဲ့တာလဲ  ဟုတ္လား.....။ ဒီလူေတြက သူ႔ ဟြမ္ရီကို သတ္ဖို႔ ပူးေပါင္းႀကံစည္ထားတာေၾကာင့္ မဟုတ္ခဲ့ရင္၊ သူခ်စ္တဲ့ ေကာင္ေလးကို  ခြဲစိတ္ခန္းထဲပို႔ေပးၿပီး ေကာင္ေလးရဲ႕ ႏွလုံးကို ထုတ္ယူဖို႔ႀကိဳးစားေနတာမဟုတ္ဘူးဆိုရင္ ႐ႊယ္ဇီ႐ြမ္ဟာ ဒီလိုမ်ိဳးျဖစ္လာမွာ မဟုတ္ဘူး။

 သူသည္ႀကံ့ခိုင္ေသာ လူတစ္ေယာက္ျဖစ္ၿပီး ႏွလုံးသားထဲက ခံစားခ်က္ကို သိျမင္ႏိုင္တဲ့ သူခ်စ္တဲ့သူကို ပိုင္ဆိုင္ႏိုင္တဲ့  ပုဂၢိဳလ္တစ္ ဦး ျဖစ္လာႏိုင္ၿပီး ပို ေကာင္းတဲ့ လွပတဲ့ အနာဂတ္ကိုပိုင္ဆိုင္ႏိုင္မွာ ျဖစ္ေပမယ့္ အရာအားလုံးဖ်က္ဆီးခံခဲ့ရသည္။ ဒီလူေတြေၾကာင့္ အကုန္ ပ်က္စီးျခင္းသို႔ေရာက္ခဲ့ရသည္။ ႐ႊယ္အိမ္ေတာ္ပ်က္စီး႐ုံသာမက သူ႔ဘဝ လည္း ပ်က္စီးခဲ့ရသည္။ ေႏွာင္းက်မွ သူခ်စ္သည့္ ေကာင္ေလးကို အျခားလူ ပိုင္ဆိုင္သြားသည္ကိုရင္နာစြာၾကည့္ခဲ့ရၿပီး ႏွစ္ေပါင္းမ်ားစြာ နာက်င္ခံစားခဲ့ရသည္။ ေနာင္တတရားထဲမွာ နစ္ျမႇဳပ္ရင္း ဟြမ္ရီကို မကယ္တင္ေပးႏိုင္သည့္ စိတ္က ႏွိပ္စက္သည္ကို ခံစားခဲ့ရၿပီးေနာက္ ျပန္လည္ေမြးဖြားခြင့္ရလာေတာ့ ေျပာင္းလဲသြားတာ ဘာမ်ား ထူးဆန္းေနလို႔လဲ။

ကံေကာင္းေထာက္မစြာသူ ေနာက္တဖန္ စတင္ရန္ အျခား အခြင့္အလမ္း မ်ား ရရွိခဲ့သည္။ ဒီအေၾကာင္းကို စဥ္းစားရင္းႏူးညံ့သိမ္ေမြ႕တဲ့ အၿပဳံးေလးထြက္လာၿပီး အစာစားေနတဲ့ ဆယ္ေက်ာ္သက္ေလးရဲ႕  ႏူးညံ့ေသာ ဆံပင္ကို ဖြဖြေလး ပြတ္သပ္ေပးေနခဲ့သည္။

က်ိဳးယြင္ရွန႔္သည္ ႐ႊယ္ဇီ႐ြမ္ကို ၿပဳံးကာ ျပန္စိုက္ၾကည့္ၿပီး ဒီလူအေပၚ သူ႔မွာ ေကာင္း တဲ့ အျမင္ေတြ ပိုျမင့္တက္လာခဲ့သည္။

႐ႊယ္က်င္းရီက သူမ၏အစ္ကိုျဖစ္သူအျပင္ ဖူဘိုအေပၚလည္း မွီခို အားထား ခဲ့သည္။ အခုေတာ့ သူ႔အစ္ကိုက သူ႔ကိုမုန္းတီးၿပီး ဖူဘိုကို ေမာင္းထုတ္ လိုက္သျဖင့္ သူမ အသက္မရွင္ႏိုင္ေတာ့ဘူးလို႔ ခံစားခဲ့ ရသည္။ သူမ အသက္ရႈမဝျဖစ္လာၿပီး သူမရဲ႕မ်က္ခြံေတြက တဆတ္ဆတ္ တုန္ေနသည္။ အလုပ္သမားမ်ားက ျပာယာခတ္ကာ ဆရာဝန္ေခၚဖို႔ လုပ္ေနသျဖင့္ ထမင္းစားခန္းသည္  မၿငိမ္မသက္ႏွင့္  ပရမ္းပတာျဖစ္သြားေတာ့သည္။

ယခင္ကဆိုလွ်င္ က်ိဳးယြင္ရွန႔္က အကိုေကာင္းအေနျဖင့္ စိုးရိမ္တႀကီးပုံစံ ပါဝင္သ႐ုပ္ေဆာင္ ျပဦးမည္ျဖစ္ေသာ္လည္း ယခုေတာ့ villain system က သူ႔အေပၚကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ျခင္း မရွိေတာ့သည္ကို သိေသာေၾကာင့္ ထမင္းစားၿပီးေတာ့ ဂိမ္းကစားဖို႔ အေပၚထပ္ သူ႔အခန္းထဲကို ျပန္တက္လာခဲ့သည္။

႐ႊယ္ဇီ႐ြမ္သည္သစ္သီးတစ္ပန္းကန္ကို မိမိလက္ျဖင့္ ကိုယ္တိုင္ျပင္ဆင္ ခဲ့ၿပီး အသီးမ်ားကိုလွီးျဖတ္ျပင္ကာ ေကာင္ေလးႏွင့္ အတူ ေပ်ာ္႐ႊင္စြာ စားရန္ အေပၚထပ္သို႔ ယူေဆာင္လာခဲ့သည္။

ေရွာင္ဝမ္ ႏွင့္အျခားသူမ်ားက ဒီျမင္ကြင္းေၾကာင့္ လွ်ိဳ႕ဝွက္စြာ တုန္လႈပ္သြားခဲ့ၾကသည္။ သူတို႔ဟာ ႐ႊယ္ဇီ႐ြမ္ရဲ႕ႏွလုံးကင္းမဲ့မႈနဲ႔ ေသြးေအးမႈေတြေၾကာင့္စကားမေျပာႏိုင္ေတာ့ေပ။

ဆရာဝန္၏အေရးတႀကီးကုသမႈခံယူၿပီးေနာက္ ႐ႊယ္က်င္းရီသည္ အသက္ အႏၲရာယ္မွ လြတ္လာခဲ့သည္။ သူမက ႀကီးမားၿပီး ေပ်ာ့ေပ်ာင္း ေသာ အိပ္ရာေပၚမွာလဲေလ်ာင္းေနခဲ့သည္။ သူမသည္ အလြန္အားနည္း စြာျဖင့္ သနားစဖြယ္ ၾကည့္ေနေသာေၾကာင့္ ေရွာင္ဝမ္က ပို၍  စိတ္ေသာက ေရာက္ခဲ့သည္။ ႐ြယ္ေလြ႕ ႏွင့္ ႐ြယ္လီဒန္နီတို႔ကို ဖုန္းဆက္ရန္ သူ၏ဆဲလ္ဖုန္းကိုထုတ္ယူၿပီး သခင္ေလး၏ ခါတိုင္းႏွင့္ မတူေသာ အျပဳအမူကို ေျပာျပခဲ့သည္။

ဖုန္းေခၚဆိုမႈအၿပီးတြင္ သူတို႔သည္ အလြန္ေဒါသထြက္ေနၾကသျဖင့္တစ္ ဦး ခ်င္းစီ အေစာဆုံးေလယာဥ္ျဖင့္ ျပန္လာႏိုင္ရန္ လက္မွတ္ႀကိဳတင္ မွာယူၿပီး အိမ္သို႔ အျမန္ျပန္လာခဲ့ၾကသည္။

=======================

Chapter (9-2) _ ေရွာင္ဝမ္ကို အလုပ္မွ ထုတ္ပစ္ျခင္း ( Z+U)

"သခင္ေလး ... မမေလးကို တစ္ခ်က္ေလာက္ လာၾကည့္ဦးမလား။ သူမက သတိေမ့ေနတာေတာင္ သခင္ေလးရဲ႕ နာမည္ကို ေခၚေနတုန္းပဲ။။ "

ေရွာင္ဝမ္က ဖုန္းခ်လိုက္ၿပီး  သူက ဟြမ္ရီရဲ႕ အခန္းတံခါးကို ဖြင့္ၿပီး သခင္ေလးကို ေျပာလိုက္သည္။

"မင္းလည္း အလုပ္ထြက္ခ်င္ေနတာလား "

႐ႊယ္ဇီ႐ြမ္သည္ လက္ထဲက ၾကည့္လက္စ  ဖိုင္ကိုခ်ကာ ေအးစက္စက္ျဖင့္ ေျပာလိုက္သည္။

"မဟုတ္ပါဘူး။ ဒါေပမယ့္ မမေလးရဲ႕ အေျခေနက တကယ့္ကို ဆိုးဝါးေနလို႔ပါ။ သခင္ေလးက မမေလးကို လ်စ္လ်ဴရႈထားလို႔ရတယ္ ဆိုေပမယ့္ ခုလို အေျခေနမွာ မမေလးကို စိတ္ထိခိုက္ေအာင္ မလုပ္ပါနဲ႔။ မမေလး ဘယ္လိုမွ ခံႏိုင္ရည္ရွိမွာ မဟုတ္ပါဘူး။ မမေလးနဲ႔ သခင္ေလးက ေသြးသား မေတာ္စပ္ဘူးဆိုေပမယ့္ ငယ္ကတည္းက အတူႀကီးပ်င္းလာခဲ့တာ မဟုတ္လား။ ဘယ္လိုလုပ္ၿပီး အျပင္လူ တစ္ေယာက္နဲ႔ မမေလးေပၚ ထားတဲ့အခ်စ္ကို ယွဥ္လို႔ရႏိုင္မွာလဲ"

ေရွာင္ဝမ္က တုန္လႈပ္ေနေပမယ့္ အရဲစြန႔္ကာ ေျပာလိုက္သည္။

႐ႊယ္ဇီ႐ြမ္သည္သူ၏ေခါင္းကို စာ႐ြက္ေတြထဲမွာ ႏွစ္ျမႇဳပ္ထားၿပီး ဘာမွ်မၾကားရသလို လုပ္ေနသည္။ ေရွာင္ဝမ္က ရင္ထဲကေန တိတ္တိတ္ေလး သက္ျပင္းခ်ကာ  အခန္းတံခါးကို မပိတ္မီေလးမွာ သခင္ေလးက  စေတာ္ဘယ္ရီသီးကို ေကာက္ယူလိုက္ၿပီး  ကြန္ပ်ဴတာႏွင့္ ဂိမ္းကစားျခင္းကို အာ႐ုံစိုက္ေနေသာ လူငယ္ေလး၏ပါးစပ္ထဲသို႔ ခြံ႕ေကြၽးလိုက္သည္ကို ေတြ႕လိုက္ရသည္။

သခင္ေလးက စိတ္ခံစားမႈ ကင္းမဲ့လာသည္ကို ေရွာင္ဝမ္ ေတြ႕လာရသည္။ သို႔ေသာ္ သခင္ေလးက သူ႔စိတ္ခံစားမႈအားလုံးကို လူပုဂၢိဳလ္တစ္ ဦး အေပၚမွာပဲ ထားခဲ့ၿပီး မသက္ဆိုင္ေသာ လူမ်ားကို လွည့္ပင္မၾကည့္ပဲ ေအးစက္စက္သာ ဆက္ဆံေနေတာ့သည္။ မသက္ဆိုင္ေသာ လူေတြက ဘယ္သူေတြလဲ။ မသက္ဆိုင္တဲ့ လူေတြထဲမွာ အလုပ္သမားမ်ားသာမက မမေလး၊ သခင္ႀကီးႏွင့္ သခင္မႀကီးတို႔လည္း ပါဝင္ေနသလိုပင္။

ေရွာင္ဝမ္၏မေက်နပ္မႈမ်ားသည္ ႐ႊယ္ဇီ႐ြမ္အေပၚ သက္ေရာက္မႈ မရွိခဲ့ေပ။ ေနာက္တေန႔တြင္ ႐ႊယ္ေလြ႕ႏွင့္ ႐ႊယ္လီဒန္နီက ေလယာဥ္ျဖင့္ ျပန္လာေနၿပီဟု ဖုန္းဆက္လာေသာအခါ ႐ႊယ္ဇီ႐ြမ္က ခ်က္လက္မွတ္ တစ္ေစာင္ေရးကာ ေရွာင္ဝမ္ကို ခ်က္ခ်င္း အလုပ္ထုတ္ပစ္လိုက္သည္။

သူ၏စိတ္ႏွလုံးထဲ၌အၿမဲတမ္းကံေကာင္းသည္ဟု ခံစားခဲ့ရေသာ ေရွာင္ဝမ္ သည္ မ်က္လုံးျပာေဝလ်က္ သူ၏ခရီးေဆာင္အိတ္မ်ားကို သယ္ေဆာင္ သြားသည္။ ႐ႊယ္ မိသားစုက လစာႏွင့္ အပိုဆုေၾကးမ်ား စြာ ေပးခဲ့႐ုံ သာမက ကားဂိုေဒါင္မွ ဇိမ္ခံကားအမ်ိဳးမ်ိဳးကိုလည္း အလြယ္တကူယူၿပီး ေမာင္းႏွင္လို႔ ရႏိုင္သည္။  သူ႔ အလုပ္အေျခအေနက အလြန္ေကာင္း သည္။ ဒီအလုပ္ေၾကာင့္ သူဟာၿမိဳ႕လယ္ေခါင္မွာ အိမ္တစ္လုံးဝယ္ဖို႔၊ သူ႔အိပ္မက္ေတြထဲက အလွနတ္ဘုရားမနဲ႔  လက္ထပ္ထိမ္းျမားႏိုင္ဖို႔နဲ႔ သူ႔သားကိုအေကာင္းဆုံးေက်ာင္းထားႏိုင္ဖို႔ စိတ္ကူးႏိုင္ခဲ့သည္။

ေခြၽတာသုံးစြဲျခင္းမွ သာမန္လူတန္းစားအတြက္လြယ္ကူေပမယ့္   ဇိမ္ခံပစၥည္းမ်ားႏွင့္အကြၽမ္းတဝင္ျဖစ္ၿပီးေနာက္ေခြၽတာသုံးစြဲရန္ ခဲယဥ္းလွသည္။ သူက ဘြဲ႕ႏွင့္ အျခားစြမ္းရည္မရွိသည့္ သာမန္ ရယ္စရာ ကားေမာင္းသမားတစ္ေယာက္သက္သက္သာျဖစ္သည္။ သူ႔မိသားစုကို ေထာက္ပံ့ဖို႔ပိုေကာင္းတဲ့အလုပ္တစ္ခု ဘယ္မွာရွာရေတာ့မလဲ။

ပူပန္စြာ စဥ္းစားၿပီးေနာက္တြင္ ေရွာင္ဝမ္က ေနာင္တ ရခဲ့ေပမယ့္ ႐ႊယ္ အိမ္ေတာ္က သူတို႔ေမြးစားသမီးရဲ႕ ႏွလုံးကို အစားထိုးဖို႔ ေကာင္ေလး တစ္ေယာက္ကို လွ်ိဳ႕ဝွက္ေခၚေဆာင္လာၿပီး လူသတ္မႈ က်ဴးလြန္ဖို႔ လုပ္ေနသည့္ အခ်က္ျဖင့္ အက်ပ္ကိုင္ ေငြညစ္ဖို႔ ႀကံလိုက္ သည္။ ႐ႊယ္ေလြ႕က သူ႔သမီးနာမည္မေပၚေစဖို႔အတြက္၊ ႐ႊယ္ဇီ႐ြမ္က ဟြမ္ရီဆိုသည့္ ေကာင္ေလးရဲ႕ အမည္မေပၚေစဖို႔အတြက္ ႏွစ္ဖက္စလုံး ဆီက သူ ေငြညစ္ကာ သူ႔တစ္သက္စာအတြက္ ဖူလုံေအာင္ လုပ္ႏိုင္ေတာ့မည္ကို ေတြးကာ ေရွာင္ဝမ္ စိတ္ေအးသြားခဲ့သည္။

ေနာက္ဆုံးတြင္ ႐ႊယ္ဇီ႐ြမ္သည္ ကိစၥရပ္မ်ားကို ကိုင္တြယ္ရာတြင္ မသိ နားမလည္ေသာ ကေလးတစ္ေယာက္သာျဖစ္ၿပီး ယုံၾကည္ စိတ္ခ်ရမႈ မရွိေပ။ မိသားစုထဲတြင္ အႀကီးအကဲတစ္ ဦး အေနႏွင့္ သူ႔ ကို  အလြယ္ တကူ ဘယ္လို ေမာင္းထုတ္ႏိုင္မွာတဲ့လဲ။ ႐ႊယ္ဇီ႐ြမ္က သူ႔ေဒါသကိုႏႈိးဆြမိမွာကို႔မေၾကာက္ဘူးလား။

ေရွာင္ဝမ္က ဒီအေၾကာင္းကို အခ်ိန္အေတာ္ၾကာ စဥ္းစားခဲ့ၿပီးေနာက္ သက္ေတာင့္သက္သာရွိၿပီးေအးေဆးစြာေနႏိုင္လာခဲ့သည္။  

ထိုအခ်ိန္တြင္ ႐ႊယ္ဇီ႐ြမ္ သည္ က်ိဳးယြင္ရွန႔္ကို အဝတ္စားဝယ္ေပးဖို႔ အဆင့္ျမင့္ ဖက္ရွင္ဆိုင္ႀကီးကို ေခၚသြားခဲ့သည္။

"႐ႊယ္သခင္ေလး ....ေက်းဇူးျပဳၿပီး ခဏေစာင့္ေပးပါ ဦး၊ ကြၽန္ေတာ္ အဝတ္ေတြယူလာျပေပးပါ့မယ္"

အေရာင္းစာေရးသည္ လက္ဖက္ရည္ပူႏွစ္ခြက္ကို စားပြဲေပၚခ်ေပးကာ လူငယ္၏ႏူးညံ့သိမ္ေမြ႕ေသာမ်က္ႏွာကိုၾကည့္ခိုးၾကည့္ကာ ေျပာခဲ့သည္။

႐ႊယ္ဇီ႐ြမ္ က  ဦးငုံ႔ၿပီးဆယ္ေက်ာ္သက္ေကာင္ေလး၏ ဖိနပ္ကို ခြၽတ္ရန္ေကူညီေပးေနခဲ့သည္။ ထိုလူငယ္ေလးသည္ အရမ္းပ်င္းရိၿပီး သူထိုင္စရာသာရွိလွ်င္ ဘယ္ေတာ့မွ မတ္တပ္ရပ္မည့္သူ မဟုတ္ေပ။  ၿပီးေတာ့ ဒီဆိုင္ထဲမွာ ထိုင္ဖို႔ေနရာ လုံေလာက္စြာ မရွိေပ။ ေရွာင္ရီက  ဖိနပ္ကိုခြၽတ္ၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကို အဆင္ေျပဆုံး အေနအထား တြင္ ဆန႔္ထားကာ သက္ေတာင့္သက္သာ ထိုင္ပါလိမ့္မည္။

ေသခ်ာတာေပါ့။  က်ိဳးယြင္ရွန႔္က သူ႔ေျခေထာက္ေတြကို ဆိုဖာေပၚ ေခါက္တင္လိုက္ကာ သူ႔တင္းပါးကို ဘယ္နဲ႔ညာေ႐ႊ႕ကာ အေနထား ေျပာင္းေနသည္။  ေနာက္ဆုံးမွာေတာ့ သူသည္ ႐ႊယ္ဇီ႐ြမ္ရဲ႕ေထြးေပြ႕မႈ ကို ခံရင္း အသက္သာဆုံးျဖစ္ေနေတာ့သည္။ သူက ႐ႊယ္ဇီ႐ြမ္ရဲ႕ လက္ေမာင္း ေတြနဲ႔ သိုင္းဖက္ထိန္းေပြ႕ထားတာ ခံရင္း ႐ႊယ္ဇီ႐ြမ္၏ ရင္ဘတ္ေပၚကို မွီကာ လက္ထဲက  တက္ဘလက္ကြန္ပ်ဴတာကိုကိုင္ၿပီး ေပ်ာ္႐ႊင္စြာ ကစား ေန ခဲ့သည္။

႐ႊယ္ဇီ႐ြမ္ သည္ ညင္သာစြာရယ္ၿပီး က်ိဳးယြင္ရွန႔္၏ပါးျပင္သို႔ က်ေနသည့္  ဆံပင္ကို ထပ္ခါထပ္ခါ သပ္တင္ေပးရင္း ျဖဴႏုေသာ ပါးျပင္ကို  သူ႔ႏူတ္ခမ္းျဖင့္ မထိတထိလုပ္ကာ ထပ္တလလဲ နမ္းေနေတာ့သည္။

 သူတို႔ႏွစ္ ဦး ၏ရင္းႏွီးေသာကိုယ္ဟန္အေနအထားက ၀ န္ထမ္းမ်ား သာမက ဖာက္သည္မ်ား၏အာ႐ုံကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ ေဖာက္သည္မ်ား အားလံုး ရႊယ္ဇီရြမ္ကဲ့သို႕ အဆင့္တန္းျမင့္မားသည့္ လူမႈအသိုင္းအ၀ိုင္းမွလူမ်ားျဖစ္ၿပီး အမ်ားစုမွာတစ္ ဦး ႏွင့္တစ္ ဦး သိၾကသည္။

သို႔ေသာ္ သူတို႔က ရႊယ္ဇီရြမ္ ကို တစ္ ဦး တည္းေသာ ဂီတပညာရွင္၊ မာနႀကီးသည့္ စႏၵရားဧကရာဇ္အျဖစ္သာျမင္ဖူးၾကသည္။ ႏူးညံ့သိမ္ေမြ႕ျပီး  ခ်စ္ခင္တြယ္တာမႈကို ျပတတ္သည့္သူအျဖစ္ ဘယ္သူမွ မျမင္ဖူးခဲ့ႀကေပ။

လူတိုင္းက ဒီစုံတြဲကိုအခ်ိန္အေတာ္ၾကာေလ့လာခဲ့ၾကေပမယ့္ အမွားတစ္ခု လုပ္မိမွာကို စိုးရိမ္ေသာေၾကာင့္ ဘာမွ မေျပာရဲႀကေပ။  ဤအခ်ိန္တြင္ စာေရးသည္ စတိုင္ႏွင့္အေရာင္တူ တ္စုံႏွစ္မ်ိဳးျဖင့္ထြက္လာၿပီး သူတို႔ ကို အၿပဳံးျဖင့္ အစမ္းဝတ္ႀကည့္ရသည့္ အခန္းသို႔ ေခၚေဆာင္သြားသည္။

က်ိဳးယြင္ရွန္႕က တက္ဘလက္ကိုဖယ္လိုက္ၿပီး ေျပာလိုက္သည္။

" အကိုႀကီးက ကြ်န္ေတာ့္ကို ပြဲကို တကယ္ေခၚသြားမွာလား။ ကြ်န္ေတာ္ ဦးေအာင္ ေျပာထားမယ္ေနာ္။ ကြ်န္ေတာ္ ဘာကိုမွ မသိဘူးဗ်။ ေတာ္ႀကာ အကိုႀကီးကို မ်က္နွာပ်က္ေအာင္ လုပ္မိမွာစိုးတယ္  "

ရႊယ္ဇီရြမ္ ဘာလုပ္ခ်င္တာလဲ။  က်ိဳးယြင္ရွန္႕က ရႊယ္ဇီရြမ္ ဘာလုပ္ဖို႕ ႀကိဳးစားေနသလဲဆိုတာကိုေတာင္ စဥ္းစားဖို႕ ပ်င္းရိကာ သူ လုပ္တာကို အလိုက္သင့္ ေစာင့္ႀကည့္ဖို႕ပဲ ဆံုးျဖတ္လိုက္သည္။

" မင္း ဘာလုပ္လုပ္ အေရးမႀကီးဘူး၊ မင္းႀကိဳက္တာကို လုပ္ႏိုင္တယ္။ အကိုႀကီး စိတ္ထဲ မထားဘူး"  

ရႊယ္ဇီရြမ္ သည္ စုံစမ္းေမးျမန္းၿပီးျဖစ္သည္။ ရႊယ္ရန္ တ႐ုတ္ႏိုင္ငံတြင္ မရွိေၾကာင္း သူ သိေသာေႀကာင့္ ေကာင္ေလးအား ပြဲထုတ္ရန္ သတၱိေမြးခဲ့သည္။ ဒီလိုမ်ိဳး ဟြန္ရီကို လူမသိ သူမသိ အေျခေနမ်ိဳး ထားရသည္ကို သူ မႀကိဳက္ေပ။ လူသိရွင္ႀကား ဒီေကာင္ေလးကို သူပိုင္ဆိုင္ေႀကာင္း ေႀကျငာထားခ်င္သည္။ ဒါမွ ဘယ္သူမွ သူခ်စ္သည့္ ေကာင္ေလးကို ခုိးယူမသြားနုိင္မွာျဖစ္သည္။

------------------------------


Chapter _ (9-1) _ ဖူဘိုကို အလုပ်မှထုတ်ပစ်ခြင်း ( Z+U)

ဖူဘိုသည်မျက်ရည်များဖြင့်အခန်းထဲမှထွက်လာသည်။ ရှောင်ဝမ်၊ ရှောင်ကျိုး၊ ရှောင်တုန်းတို့က သူ့ခရီးဆောင်အိတ်များကို ကူညီသယ်ဆောင်ပေးကာ သူ့ကို လိုက်လံပို့ဆောင်ကြသည်။ ရွယ်ကျင်းရီသည် ထိုအဖြစ်ပျက်ကို ငေးကြောင်ကြောင်ကြည့်ကာ ယခုထိ မယုံနိုင်သလို ဖြစ်နေမိသည်။

သူမ ဘာပြောရမှန်းမသိအောင် စိတ်ရှုပ်ထွေးနေမိသည်။ ဖူဘိုသည် အိမ်ရှေ့တံခါးဝသို့ လမ်းလျှောက်သွားပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသံ ထွက်၍ သူမ၏ ကျန်းမာရေးကိုဂရုစိုက်ပါရန်ပြောခဲ့သည်အထိ ရွှယ်ကျင်းရီ ကြောင်နေပြီးမှ ထခုန်ကာ အော်ဟစ်လိုက်သည်။

" ဖူဘို၊ ရှင် တကယ်ထွက်သွားတော့မှာလား"

သူမသည် သူမ အစ်ကို၏စကားများကြားလိုက်စဉ်က ဒေါသအရှိန်နဲ့ ကြောင်အ နေပြီး ယခုမှ သတိဝင်လာပုံရသည်။ ဖူဘိုသည်အစေခံတစ် ဦး မဟုတ်ပါ။ သူက သူမတို့ မိသားစုဝင်တစ်ဦးလို သူတို့ ငယ်ငယ် ကတည်း က သူတို့ကိုကြည့်ရှုပြုစုပေးခဲ့သည်။

သို့သော်" စောင့်ရှောက်မှု" ဆိုရာတွင် ဖူဘိုက  သူမကိုသာဂရုစိုက်သည်။ အသန့်ကြိုက်လွန် စိတ်ရောဂါ ခံစားနေရတဲ့ငယ်ရွယ်သော သခင်လေးရွှယ်က လူတွေကိုအမြဲရှောင်ခဲ့ကာ ဖူဘို သူ့ကို ထိတွေ့မည်ကိုပင် ငြင်းဆန်ခဲ့သည်။

" ဖူဘိုကို ညီမ မသွားစေချင်ဘူး၊ အစ်ကိုကြီး အကိုကြီးက နောက်နေတာ မဟုတ်လား၊  ဖူဘိုကိုနေခွင့်ပေးလိုက်ပါ!"

သူမမျက်လုံးများမှ မျက်ရည်များစီးကျလာပြီး ရွှယ်ဇီရွမ်ရှေ့ သူမကိုယ်ကို ပစ်လှဲလိုက်သော်လည်း ရွယ်ဇီရွမ်က သူမကို  ရွံမုန်းစွာ တွန်းထုတ်ခဲ့သည်။ ထို့နောက် သူက  လက်ကိုင်ပဝါထုတ်ကာ သူ့လက်ကို သုတ်လိုက်သည်။

ကျိုးယွင်ရှန့်တစ်ဦးတည်းသာ အခြားလူ ဘာဖြစ်နေသည်ကို အာရုံ မစိုက်ပဲ အေးဆေးစွာ ညနေစာ စားနေသည်။

ရွှွယ်ကျင်းရိက အချိန်ကြာမြင့်စွာ မထပဲ  ကြမ်းပြင်ပေါ်ထိုင်ကာ အော်ဟစ် ငိုကြွေးနေခဲ့သည်။ ဖူဘိုနှင့် အခြားသူများသည် ထမင်းစားခန်းသို့ မြန်မြန်ပြန်သွားကြပြီး လူတိုင်းက  သူမကိုနှစ်သိမ့် စကားပြောပြီး သူမကို စိတ်သက်သာရစေရန် ကြိုးစားခဲ့ပေမယ့် သူတို့က ခုလို နှစ်သိမ့်လေ ရွှယ်ကျင်းရီက ပိုစိုးရိမ်ပူပန်လေ ဖြစ်ကာ ချွေးတွေထွက်လာသည်။

မွေးစားသမီးရွယ်ကျင်းရီ သည် ရွယ်မိသားစု၏ အဖိုးတန်ရတနာလေး လိုဖြစ်နေပြီး သားအရင်း က အပြင်က ခေါ်လာသည့် မွေးစားကလေးလို ဖြစ်နေသည်။

ရွှယ်ဇီရွမ် ဘယ်လောက်အထိ ထိခိုက်နစ်နာနေပါစေ တအိမ်လုံးက လူတွေအတွက် အရေးမကြီးဘူး။ သို့သော် ရွှယ်ကျင်းရီ၏ ငိုသံတစ်ချက် ပေးခဲ့လျှင် လူတိုင်း သူမ၏ပတ် ၀ န်းကျင်တွင် ဝိုင်းအုံနေကြလိမ့်မည်။

ဒီလို သွေးအေးစါာ ဆက်ဆံလိုက်ခြင်းက ဒီဇာတ်လမ်းမှာရှိတဲ့ ကံကြမ္မာ၏သားတော် အတွက် စံတင်လောက်ပေသည်။ ကျိုးယွင်ရှန့်သည် နူးအိနေသော ဝက်သားနှပ်တစ်တုံးကို ကို စားရင်း လျှို့ဝှက်စွာစဉ်းစားနေခဲ့သည်။ ရွှယ်ဇီရွမ်သည်လည်း သူ့ဘေးမှာ အေးဆေးစွာ စားသောက်နေပြီး   သူ့ခြေရင်းမှာလှဲနေသော ရွှွယ်ကျင်းရီကို လည်းကောင်း၊ သူမကို ချော့မော့နေသော လူစုကိုလည်းကောင်း မျက်စိနှင့် တချက်ပင် မကြည့်ခဲ့သလို သူမ ငိုကြွေးနေသည်ကိုလည်း မကြားသလိုသာ နေလိုက်သည်။

ဖူဘိုသည် သခင်လေး၏အပြုမှုကြောင့် စိတ်ထဲ ထိခိုက်ခံစားလိုက်ရ သည်။

" သခင်လေး...ကျွန်တော့်ကို မနေစေချင်ရင် ကျွန်တော် ထွက်သွားပါ တော့မယ်။ ကျွန်တော့်ရဲ့ ပင်စင်လစာကိုလည်း မလိုချင်တော့ပါဘူး။ မမလေးကိုသာ တစ်ချက်လာကြည့်ပေးပါဦး။ မမလေးက ကလေး ဘဝ ကတည်းက သခင်လေးရဲ့စကားတစ်ခွန်းကိုပဲ နားထောင်ခဲ့သူပါ။  သခင်လေးဆီက စကား  တစ်လုံးက ကျွန်တော်တို့ပြောတဲ့  စကားလုံး တစ်ရာနှင့်ညီမျှပါတယ်။ အခု သူမကို တချက်လောက် ငဲ့ကြည့်ပါဦး။ မမလေးက အသက်ရှုရပ်မတတ် ငိုကြွေးနေတယ်။ သခင်လေး ဘယ်လိုကြောင့် ခုလို လုပ်ရက်တာလဲ။ ကျေးဇူးပြုပြီး မမလေးကို တစ်ချက်လောက် နှစ်သိမ့်ပေးပါ။ ကျွန်တော် တောင်းပန်ပါတယ်။ "

ရှောင်ကျိုးက အမြန်အော်ပြောလိုက်သည်။

 "မြန်မြန် Dr. ဝူ ကိုခေါ်ပါ။  အမြန်လာပြီး မမလေးကို လာကြည့်ပေးဖို့ ခေါ်လိုက်ပါ"

ရွှယ်ဇီရွမ် သည် ကျိုးယွင်ရှန့်၏ ပါးစပ်ထောင့်ကို လက်သုတ်ပုဝါဖြင့် သုတ်ပေးရင်း သူက စကားလုံး တစ်လုံးစီကို  ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

"ဖူဘို၊ ခင်ဗျား အခု သွားလို့ရပြီ"

ထိုဝါကျသည် ဖူဘိုကို လုံးလုံးလန့်သွားစေပြီး  သူ့ကို စကားမပြောနိုင် တော့အောင် ဖြစ်သွားစေသည်။ သူက ရွှယ်ဇီရွမ်ကို စိတ်ပျက်ဟန်ဖြင့် စိုက်ကြည့်ကာ တံခါးဆီကိုလှည့်ထွက်သွားခဲ့သည်။ တံခါးဝရောက်တော့ မှ နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

" သခင်လေး  ဘယ်လိုဖြစ်ပြီး ခုလို ပုံစံဖြစ်သွားရတာလဲ။ "

ရွှယ်ဇီရွမ်ကကြားပေမယ့်လည်း သူ့ကို တမင်တကာလျစ်လျူရှု လိုက် သည်။ သူက ဖူဘို ကိုမျက်လုံးထောင့်ကနေတောင် မကြည့်ခဲ့ပါ။ သူ ဘယ်လိုဖြစ်လာ ခဲ့တာလဲ  ဟုတ်လား.....။ ဒီလူတွေက သူ့ ဟွမ်ရီကို သတ်ဖို့ ပူးပေါင်းကြံစည်ထားတာကြောင့် မဟုတ်ခဲ့ရင်၊ သူချစ်တဲ့ ကောင်လေးကို  ခွဲစိတ်ခန်းထဲပို့ပေးပြီး ကောင်လေးရဲ့ နှလုံးကို ထုတ်ယူဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုရင် ရွှယ်ဇီရွမ်ဟာ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။

 သူသည်ကြံ့ခိုင်သော လူတစ်ယောက်ဖြစ်ပြီး နှလုံးသားထဲက ခံစားချက်ကို သိမြင်နိုင်တဲ့ သူချစ်တဲ့သူကို ပိုင်ဆိုင်နိုင်တဲ့  ပုဂ္ဂိုလ်တစ် ဦး ဖြစ်လာနိုင်ပြီး ပို ကောင်းတဲ့ လှပတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့် အရာအားလုံးဖျက်ဆီးခံခဲ့ရသည်။ ဒီလူတွေကြောင့် အကုန် ပျက်စီးခြင်းသို့ရောက်ခဲ့ရသည်။ ရွှယ်အိမ်တော်ပျက်စီးရုံသာမက သူ့ဘဝ လည်း ပျက်စီးခဲ့ရသည်။ နှောင်းကျမှ သူချစ်သည့် ကောင်လေးကို အခြားလူ ပိုင်ဆိုင်သွားသည်ကိုရင်နာစွာကြည့်ခဲ့ရပြီး နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရသည်။ နောင်တတရားထဲမှာ နစ်မြှုပ်ရင်း ဟွမ်ရီကို မကယ်တင်ပေးနိုင်သည့် စိတ်က နှိပ်စက်သည်ကို ခံစားခဲ့ရပြီးနောက် ပြန်လည်မွေးဖွားခွင့်ရလာတော့ ပြောင်းလဲသွားတာ ဘာများ ထူးဆန်းနေလို့လဲ။

ကံကောင်းထောက်မစွာသူ နောက်တဖန် စတင်ရန် အခြား အခွင့်အလမ်း များ ရရှိခဲ့သည်။ ဒီအကြောင်းကို စဉ်းစားရင်းနူးညံ့သိမ်မွေ့တဲ့ အပြုံးလေးထွက်လာပြီး အစာစားနေတဲ့ ဆယ်ကျော်သက်လေးရဲ့  နူးညံ့သော ဆံပင်ကို ဖွဖွလေး ပွတ်သပ်ပေးနေခဲ့သည်။

ကျိုးယွင်ရှန့်သည် ရွှယ်ဇီရွမ်ကို ပြုံးကာ ပြန်စိုက်ကြည့်ပြီး ဒီလူအပေါ် သူ့မှာ ကောင်း တဲ့ အမြင်တွေ ပိုမြင့်တက်လာခဲ့သည်။

ရွှယ်ကျင်းရီက သူမ၏အစ်ကိုဖြစ်သူအပြင် ဖူဘိုအပေါ်လည်း မှီခို အားထား ခဲ့သည်။ အခုတော့ သူ့အစ်ကိုက သူ့ကိုမုန်းတီးပြီး ဖူဘိုကို မောင်းထုတ် လိုက်သဖြင့် သူမ အသက်မရှင်နိုင်တော့ဘူးလို့ ခံစားခဲ့ ရသည်။ သူမ အသက်ရှုမဝဖြစ်လာပြီး သူမရဲ့မျက်ခွံတွေက တဆတ်ဆတ် တုန်နေသည်။ အလုပ်သမားများက ပြာယာခတ်ကာ ဆရာဝန်ခေါ်ဖို့ လုပ်နေသဖြင့် ထမင်းစားခန်းသည်  မငြိမ်မသက်နှင့်  ပရမ်းပတာဖြစ်သွားတော့သည်။

ယခင်ကဆိုလျှင် ကျိုးယွင်ရှန့်က အကိုကောင်းအနေဖြင့် စိုးရိမ်တကြီးပုံစံ ပါဝင်သရုပ်ဆောင် ပြဦးမည်ဖြစ်သော်လည်း ယခုတော့ villain system က သူ့အပေါ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို သိသောကြောင့် ထမင်းစားပြီးတော့ ဂိမ်းကစားဖို့ အပေါ်ထပ် သူ့အခန်းထဲကို ပြန်တက်လာခဲ့သည်။

ရွှယ်ဇီရွမ်သည်သစ်သီးတစ်ပန်းကန်ကို မိမိလက်ဖြင့် ကိုယ်တိုင်ပြင်ဆင် ခဲ့ပြီး အသီးများကိုလှီးဖြတ်ပြင်ကာ ကောင်လေးနှင့် အတူ ပျော်ရွှင်စွာ စားရန် အပေါ်ထပ်သို့ ယူဆောင်လာခဲ့သည်။

ရှောင်ဝမ် နှင့်အခြားသူများက ဒီမြင်ကွင်းကြောင့် လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့ဟာ ရွှယ်ဇီရွမ်ရဲ့နှလုံးကင်းမဲ့မှုနဲ့ သွေးအေးမှုတွေကြောင့်စကားမပြောနိုင်တော့ပေ။

ဆရာဝန်၏အရေးတကြီးကုသမှုခံယူပြီးနောက် ရွှယ်ကျင်းရီသည် အသက် အန္တရာယ်မှ လွတ်လာခဲ့သည်။ သူမက ကြီးမားပြီး ပျော့ပျောင်း သော အိပ်ရာပေါ်မှာလဲလျောင်းနေခဲ့သည်။ သူမသည် အလွန်အားနည်း စွာဖြင့် သနားစဖွယ် ကြည့်နေသောကြောင့် ရှောင်ဝမ်က ပို၍  စိတ်သောက ရောက်ခဲ့သည်။ ရွယ်လွေ့ နှင့် ရွယ်လီဒန်နီတို့ကို ဖုန်းဆက်ရန် သူ၏ဆဲလ်ဖုန်းကိုထုတ်ယူပြီး သခင်လေး၏ ခါတိုင်းနှင့် မတူသော အပြုအမူကို ပြောပြခဲ့သည်။

ဖုန်းခေါ်ဆိုမှုအပြီးတွင် သူတို့သည် အလွန်ဒေါသထွက်နေကြသဖြင့်တစ် ဦး ချင်းစီ အစောဆုံးလေယာဉ်ဖြင့် ပြန်လာနိုင်ရန် လက်မှတ်ကြိုတင် မှာယူပြီး အိမ်သို့ အမြန်ပြန်လာခဲ့ကြသည်။

=======================

Chapter (9-2) _ ရှောင်ဝမ်ကို အလုပ်မှ ထုတ်ပစ်ခြင်း ( Z+U)

"သခင်လေး ... မမလေးကို တစ်ချက်လောက် လာကြည့်ဦးမလား။ သူမက သတိမေ့နေတာတောင် သခင်လေးရဲ့ နာမည်ကို ခေါ်နေတုန်းပဲ။။ "

ရှောင်ဝမ်က ဖုန်းချလိုက်ပြီး  သူက ဟွမ်ရီရဲ့ အခန်းတံခါးကို ဖွင့်ပြီး သခင်လေးကို ပြောလိုက်သည်။

"မင်းလည်း အလုပ်ထွက်ချင်နေတာလား "

ရွှယ်ဇီရွမ်သည် လက်ထဲက ကြည့်လက်စ  ဖိုင်ကိုချကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး။ ဒါပေမယ့် မမလေးရဲ့ အခြေနေက တကယ့်ကို ဆိုးဝါးနေလို့ပါ။ သခင်လေးက မမလေးကို လျစ်လျူရှုထားလို့ရတယ် ဆိုပေမယ့် ခုလို အခြေနေမှာ မမလေးကို စိတ်ထိခိုက်အောင် မလုပ်ပါနဲ့။ မမလေး ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ မမလေးနဲ့ သခင်လေးက သွေးသား မတော်စပ်ဘူးဆိုပေမယ့် ငယ်ကတည်းက အတူကြီးပျင်းလာခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး အပြင်လူ တစ်ယောက်နဲ့ မမလေးပေါ် ထားတဲ့အချစ်ကို ယှဉ်လို့ရနိုင်မှာလဲ"

ရှောင်ဝမ်က တုန်လှုပ်နေပေမယ့် အရဲစွန့်ကာ ပြောလိုက်သည်။

ရွှယ်ဇီရွမ်သည်သူ၏ခေါင်းကို စာရွက်တွေထဲမှာ နှစ်မြှုပ်ထားပြီး ဘာမျှမကြားရသလို လုပ်နေသည်။ ရှောင်ဝမ်က ရင်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချကာ  အခန်းတံခါးကို မပိတ်မီလေးမှာ သခင်လေးက  စတော်ဘယ်ရီသီးကို ကောက်ယူလိုက်ပြီး  ကွန်ပျူတာနှင့် ဂိမ်းကစားခြင်းကို အာရုံစိုက်နေသော လူငယ်လေး၏ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်ကို တွေ့လိုက်ရသည်။

သခင်လေးက စိတ်ခံစားမှု ကင်းမဲ့လာသည်ကို ရှောင်ဝမ် တွေ့လာရသည်။ သို့သော် သခင်လေးက သူ့စိတ်ခံစားမှုအားလုံးကို လူပုဂ္ဂိုလ်တစ် ဦး အပေါ်မှာပဲ ထားခဲ့ပြီး မသက်ဆိုင်သော လူများကို လှည့်ပင်မကြည့်ပဲ အေးစက်စက်သာ ဆက်ဆံနေတော့သည်။ မသက်ဆိုင်သော လူတွေက ဘယ်သူတွေလဲ။ မသက်ဆိုင်တဲ့ လူတွေထဲမှာ အလုပ်သမားများသာမက မမလေး၊ သခင်ကြီးနှင့် သခင်မကြီးတို့လည်း ပါဝင်နေသလိုပင်။

ရှောင်ဝမ်၏မကျေနပ်မှုများသည် ရွှယ်ဇီရွမ်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ နောက်တနေ့တွင် ရွှယ်လွေ့နှင့် ရွှယ်လီဒန်နီက လေယာဉ်ဖြင့် ပြန်လာနေပြီဟု ဖုန်းဆက်လာသောအခါ ရွှယ်ဇီရွမ်က ချက်လက်မှတ် တစ်စောင်ရေးကာ ရှောင်ဝမ်ကို ချက်ချင်း အလုပ်ထုတ်ပစ်လိုက်သည်။

သူ၏စိတ်နှလုံးထဲ၌အမြဲတမ်းကံကောင်းသည်ဟု ခံစားခဲ့ရသော ရှောင်ဝမ် သည် မျက်လုံးပြာဝေလျက် သူ၏ခရီးဆောင်အိတ်များကို သယ်ဆောင် သွားသည်။ ရွှယ် မိသားစုက လစာနှင့် အပိုဆုကြေးများ စွာ ပေးခဲ့ရုံ သာမက ကားဂိုဒေါင်မှ ဇိမ်ခံကားအမျိုးမျိုးကိုလည်း အလွယ်တကူယူပြီး မောင်းနှင်လို့ ရနိုင်သည်။  သူ့ အလုပ်အခြေအနေက အလွန်ကောင်း သည်။ ဒီအလုပ်ကြောင့် သူဟာမြို့လယ်ခေါင်မှာ အိမ်တစ်လုံးဝယ်ဖို့၊ သူ့အိပ်မက်တွေထဲက အလှနတ်ဘုရားမနဲ့  လက်ထပ်ထိမ်းမြားနိုင်ဖို့နဲ့ သူ့သားကိုအကောင်းဆုံးကျောင်းထားနိုင်ဖို့ စိတ်ကူးနိုင်ခဲ့သည်။

ချွေတာသုံးစွဲခြင်းမှ သာမန်လူတန်းစားအတွက်လွယ်ကူပေမယ့်   ဇိမ်ခံပစ္စည်းများနှင့်အကျွမ်းတဝင်ဖြစ်ပြီးနောက်ချွေတာသုံးစွဲရန် ခဲယဉ်းလှသည်။ သူက ဘွဲ့နှင့် အခြားစွမ်းရည်မရှိသည့် သာမန် ရယ်စရာ ကားမောင်းသမားတစ်ယောက်သက်သက်သာဖြစ်သည်။ သူ့မိသားစုကို ထောက်ပံ့ဖို့ပိုကောင်းတဲ့အလုပ်တစ်ခု ဘယ်မှာရှာရတော့မလဲ။

ပူပန်စွာ စဉ်းစားပြီးနောက်တွင် ရှောင်ဝမ်က နောင်တ ရခဲ့ပေမယ့် ရွှယ် အိမ်တော်က သူတို့မွေးစားသမီးရဲ့ နှလုံးကို အစားထိုးဖို့ ကောင်လေး တစ်ယောက်ကို လျှို့ဝှက်ခေါ်ဆောင်လာပြီး လူသတ်မှု ကျူးလွန်ဖို့ လုပ်နေသည့် အချက်ဖြင့် အကျပ်ကိုင် ငွေညစ်ဖို့ ကြံလိုက် သည်။ ရွှယ်လွေ့က သူ့သမီးနာမည်မပေါ်စေဖို့အတွက်၊ ရွှယ်ဇီရွမ်က ဟွမ်ရီဆိုသည့် ကောင်လေးရဲ့ အမည်မပေါ်စေဖို့အတွက် နှစ်ဖက်စလုံး ဆီက သူ ငွေညစ်ကာ သူ့တစ်သက်စာအတွက် ဖူလုံအောင် လုပ်နိုင်တော့မည်ကို တွေးကာ ရှောင်ဝမ် စိတ်အေးသွားခဲ့သည်။

နောက်ဆုံးတွင် ရွှယ်ဇီရွမ်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် မသိ နားမလည်သော ကလေးတစ်ယောက်သာဖြစ်ပြီး ယုံကြည် စိတ်ချရမှု မရှိပေ။ မိသားစုထဲတွင် အကြီးအကဲတစ် ဦး အနေနှင့် သူ့ ကို  အလွယ် တကူ ဘယ်လို မောင်းထုတ်နိုင်မှာတဲ့လဲ။ ရွှယ်ဇီရွမ်က သူ့ဒေါသကိုနှိုးဆွမိမှာကို့မကြောက်ဘူးလား။

ရှောင်ဝမ်က ဒီအကြောင်းကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် သက်တောင့်သက်သာရှိပြီးအေးဆေးစွာနေနိုင်လာခဲ့သည်။  

ထိုအချိန်တွင် ရွှယ်ဇီရွမ် သည် ကျိုးယွင်ရှန့်ကို အဝတ်စားဝယ်ပေးဖို့ အဆင့်မြင့် ဖက်ရှင်ဆိုင်ကြီးကို ခေါ်သွားခဲ့သည်။

"ရွှယ်သခင်လေး ....ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ ဦး၊ ကျွန်တော် အဝတ်တွေယူလာပြပေးပါ့မယ်"

အရောင်းစာရေးသည် လက်ဖက်ရည်ပူနှစ်ခွက်ကို စားပွဲပေါ်ချပေးကာ လူငယ်၏နူးညံ့သိမ်မွေ့သောမျက်နှာကိုကြည့်ခိုးကြည့်ကာ ပြောခဲ့သည်။

ရွှယ်ဇီရွမ် က  ဦးငုံ့ပြီးဆယ်ကျော်သက်ကောင်လေး၏ ဖိနပ်ကို ချွတ်ရန်ကေူညီပေးနေခဲ့သည်။ ထိုလူငယ်လေးသည် အရမ်းပျင်းရိပြီး သူထိုင်စရာသာရှိလျှင် ဘယ်တော့မှ မတ်တပ်ရပ်မည့်သူ မဟုတ်ပေ။  ပြီးတော့ ဒီဆိုင်ထဲမှာ ထိုင်ဖို့နေရာ လုံလောက်စွာ မရှိပေ။ ရှောင်ရီက  ဖိနပ်ကိုချွတ်ပြီး ခြေထောက်နှစ်ချောင်းကို အဆင်ပြေဆုံး အနေအထား တွင် ဆန့်ထားကာ သက်တောင့်သက်သာ ထိုင်ပါလိမ့်မည်။

သေချာတာပေါ့။  ကျိုးယွင်ရှန့်က သူ့ခြေထောက်တွေကို ဆိုဖာပေါ် ခေါက်တင်လိုက်ကာ သူ့တင်းပါးကို ဘယ်နဲ့ညာရွှေ့ကာ အနေထား ပြောင်းနေသည်။  နောက်ဆုံးမှာတော့ သူသည် ရွှယ်ဇီရွမ်ရဲ့ထွေးပွေ့မှု ကို ခံရင်း အသက်သာဆုံးဖြစ်နေတော့သည်။ သူက ရွှယ်ဇီရွမ်ရဲ့ လက်မောင်း တွေနဲ့ သိုင်းဖက်ထိန်းပွေ့ထားတာ ခံရင်း ရွှယ်ဇီရွမ်၏ ရင်ဘတ်ပေါ်ကို မှီကာ လက်ထဲက  တက်ဘလက်ကွန်ပျူတာကိုကိုင်ပြီး ပျော်ရွှင်စွာ ကစား နေ ခဲ့သည်။

ရွှယ်ဇီရွမ် သည် ညင်သာစွာရယ်ပြီး ကျိုးယွင်ရှန့်၏ပါးပြင်သို့ ကျနေသည့်  ဆံပင်ကို ထပ်ခါထပ်ခါ သပ်တင်ပေးရင်း ဖြူနုသော ပါးပြင်ကို  သူ့နူတ်ခမ်းဖြင့် မထိတထိလုပ်ကာ ထပ်တလလဲ နမ်းနေတော့သည်။

 သူတို့နှစ် ဦး ၏ရင်းနှီးသောကိုယ်ဟန်အနေအထားက ၀ န်ထမ်းများ သာမက ဖာက်သည်များ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဖောက်သည်များ အားလုံး ရွှယ်ဇီရွမ်ကဲ့သို့ အဆင့်တန်းမြင့်မားသည့် လူမှုအသိုင်းအဝိုင်းမှလူများဖြစ်ပြီး အများစုမှာတစ် ဦး နှင့်တစ် ဦး သိကြသည်။

သို့သော် သူတို့က ရွှယ်ဇီရွမ် ကို တစ် ဦး တည်းသော ဂီတပညာရှင်၊ မာနကြီးသည့် စန္ဒရားဧကရာဇ်အဖြစ်သာမြင်ဖူးကြသည်။ နူးညံ့သိမ်မွေ့ပြီး  ချစ်ခင်တွယ်တာမှုကို ပြတတ်သည့်သူအဖြစ် ဘယ်သူမှ မမြင်ဖူးခဲ့ကြပေ။

လူတိုင်းက ဒီစုံတွဲကိုအချိန်အတော်ကြာလေ့လာခဲ့ကြပေမယ့် အမှားတစ်ခု လုပ်မိမှာကို စိုးရိမ်သောကြောင့် ဘာမှ မပြောရဲကြပေ။  ဤအချိန်တွင် စာရေးသည် စတိုင်နှင့်အရောင်တူ တ်စုံနှစ်မျိုးဖြင့်ထွက်လာပြီး သူတို့ ကို အပြုံးဖြင့် အစမ်းဝတ်ကြည့်ရသည့် အခန်းသို့ ခေါ်ဆောင်သွားသည်။

ကျိုးယွင်ရှန့်က တက်ဘလက်ကိုဖယ်လိုက်ပြီး ပြောလိုက်သည်။

" အကိုကြီးက ကျွန်တော့်ကို ပွဲကို တကယ်ခေါ်သွားမှာလား။ ကျွန်တော် ဦးအောင် ပြောထားမယ်နော်။ ကျွန်တော် ဘာကိုမှ မသိဘူးဗျ။ တော်ကြာ အကိုကြီးကို မျက်နှာပျက်အောင် လုပ်မိမှာစိုးတယ်  "

ရွှယ်ဇီရွမ် ဘာလုပ်ချင်တာလဲ။  ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာကိုတောင် စဉ်းစားဖို့ ပျင်းရိကာ သူ လုပ်တာကို အလိုက်သင့် စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

" မင်း ဘာလုပ်လုပ် အရေးမကြီးဘူး၊ မင်းကြိုက်တာကို လုပ်နိုင်တယ်။ အကိုကြီး စိတ်ထဲ မထားဘူး"  

ရွှယ်ဇီရွမ် သည် စုံစမ်းမေးမြန်းပြီးဖြစ်သည်။ ရွှယ်ရန် တရုတ်နိုင်ငံတွင် မရှိကြောင်း သူ သိသောကြောင့် ကောင်လေးအား ပွဲထုတ်ရန် သတ္တိမွေးခဲ့သည်။ ဒီလိုမျိုး ဟွန်ရီကို လူမသိ သူမသိ အခြေနေမျိုး ထားရသည်ကို သူ မကြိုက်ပေ။ လူသိရှင်ကြား ဒီကောင်လေးကို သူပိုင်ဆိုင်ကြောင်း ကြေငြာထားချင်သည်။ ဒါမှ ဘယ်သူမှ သူချစ်သည့် ကောင်လေးကို ခိုးယူမသွားနိုင်မှာဖြစ်သည်။

------------------------------







ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now