Part-16(Uni)

25.8K 2.1K 91
                                    

"ဟူး........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ...
ဓမ္မံ သရဏံ ဂစ္ဆာမိ...
သံဃံ သရဏံ ဂစ္ဆာမိ..."

ဘုရားစာ ရွတ်လိုက်..ဖုန်းကိုကြည့်လိုက်နဲ့လုပ်နေတာ နေ့ဆွမ်းဘုန်းပေးပြီးတဲ့အချိန်ကနေစပြီးတော့ပဲ..။ အခုချိန်ထိ ဖုန်းခေါ်လို့မရသေးတာကြောင့်..ကျွန်တော့်ရဲ့စိုးရိမ်စိတ်တွေ မြင့်တက်လာတယ်..။ အကြိုနေ့နဲ့အကျနေ့ကတော့..သူအပြင်မထွက်ပါဘူးဆိုပြီး လှမ်းပြောတယ်..။

ဖြစ်တာကတော့..ဒီနေ့ အကြတ်နေ့ပဲ...
ဖုန်းခေါ်နေတာကို မကိုင်ဘူး..စိတ်ပူလွန်းလို့ အိမ်သာလိုက်သွားလိုက်ချင်တော့တယ်..။ သင်္ကန်းဝတ်လျက်နဲ့မို့သာ သွားချင်နေတဲ့စိတ်ကိုဖျောက်ပြစ်လိုက်ရတယ်..။

Ringing...Ringing...

ဖုန်းကိုကြည့်နေရင်း..ဖုန်းဝင်လာတာမို့..ချက်ချင်းကိုင်လိုက်တယ်..။ ဖုန်းဝင်လာတဲ့သူကတော့...

"Hello!..ဘာလို့အခုမှ ပြန်ခေါ်တာလဲ?..
ဟင်း...."

"ဦး...ဦးဇင်း တပည့်တော်ဝေလင်းအတင်းလာခေါ်လို့ သင်္ကြန်လိုက်လည်နေတာပါဘုရား..."

"ဘာ!!!..."

"စိတ်မပူပါနဲ့ဘုရား...
တပည့်တော် အိမ်ပြန်တော့မှာပါဘုရား..."

"ဟေ့ကောင်...သူရ လာလေကွာ...
ကားပေါ်တက်တော့မယ်..." ဆိုပြီးအနောက်က ကောင်လေးရဲ့ခေါ်သံကိုတော့ ကြားနေရတယ်...

"တပည့်တော် ကားပေါ်တက်တော့မှာမို့ ဖုန်းချလိုက်တော့မယ်နော်...
ဘာမှစိတ်မပူနဲ့နော်...ရွှတ်.."

"ဟေ့...ဟေ့..မချနဲ့ဦးလေ...
ဟာ...ပြောချင်ရာပြောပြီး ဖုန်းချသွားပြီ...
ကျစ်....."

နှာရှုပ်သံလည်းကြားရလိုက်ရတာမို့..ကျစ်...ရေတွေဘယ်လောက်တောင် အစိုခံထားရလဲမသိဘူး...
တမင် ကိုယ့်ကိုစိတ်ပူအောင်လုပ်နေတာလားကွာ...ဟူး.......

"ဦးဇင်းနေမင်း...ဦးဇင်းနေမင်း.." ဆိုပြီး အပြင်ကခေါ်သံကြားတာမို့..

"ကိုရင်ဝင်ခဲ့လေ..."

"တင်ပါ့...
ဘုန်းဘုန်း ခေါ်ခိုင်းလိုက်လို့ပါ ဦးဇင်းနေမင်း..."

"ကိုရင် အရှေ့ကသွားနှင့်နော်...
တပည့်တော် နောက်ကလိုက်ခဲ့မယ်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now