Pt 8 (​​🔞သွေးနီ​ရောင် မျက်ဝန်း🔞)Unicode

24.6K 1K 78
                                    

Warning Alert 🚨🚨🚨🚨🚨🚨🚨🚨🚨🚨

*..သျှက်..သျှက်..သျှက်..*

​​မြေပြင်​ပေါ်မှာ ပြန့်ကျဲ​ကြွေကျ​နေ​သော သစ်ရွက်​ခြောက်​တွေအ​ပေါ် လှမ်း​လျှောက်​လာ​သော ​ခြေသံနဲ့အတူ..

"ထူးဆန်းလိုက်တာ...ငါ့ကိုပြန်ပို့တုန်းက ​သေချာ​ပေါက် ငါမှတ်ထားတာ ဒီလမ်းပါ.. အခုဘာလို့ ဒီ​နေရာပဲလည်​နေပီး ခရီးမ​ရောက်သလိုဖြစ်​နေတာလဲ?"

Ao Bing သည် ​​တောထဲတွင် လမ်း​ပျောက်ကာ မိမိလာခဲ့သည့်လမ်းကို ပြန်ရှာမရ​တော့သလို..ဆက်သွားရန် လမ်းလည်း မ​တွေ့ဘဲ မျက်စိလည်​နေပီ..

အချိန်တိကျစီစဥ်ကာ ခရီးနှင်ခဲ့​သော်ညား မ​မျှော်လင့်ဘဲ လမ်း​ပျောက်ခဲ့​သော​ကြောင့် ​တောနက်ထဲလယ် ညသန်း​ခေါင်ကြီး လမ်း​ပျောက်​နေ​လေပီ..

မိမိ သိုင်းပညာဖြင့် အလို​လျောက်အာရုံခံနိုင်စွမ်းဖြင့် ရှာ​ဖွေ​သော်ညား လမ်းရယ်လို့တစ်စုံတရာအာရုံမမိ​ချေ.. အမြင်ပိတ် အကြားပိတ်သလို ထူးဆန်းလှသည်..

ညဘက်မို့ လ ​ရောင် မှိန်ပြပြသာ မြင်ရပီး သတိကပ်ထားလျင်​တောင် အန္တရယ်ကို ခုခံဖို့ အင်မတန်ခဲယဥ်းလှသည်..

Ao Bing ​ချွေး​စေးများကျကာ မည်သည့်အကြံမျှ ဖန်ကာမရ.. မိုးလင်းထိ​စောင့်ဖို့ရာ ခိုနားရန် ထင်းမီးဖို ဖို့ညားလည်း ​ဘေးပတ်ဝန်းကျင်က ထင်းရှာရန် ​မှောင်ထုကျ​နေ​လေပီ..

ထိုစဥ်ရုတ်တရက်

*...ရှဲ...ရှဲ...ရှဲ...*

တစုံတခုက မိမိနားချဥ်းကပ်လာတဲ့အသံ​ကြောင့် Ao Bing သတိပိုကပ်လိုက်သည်..

​ခြေသံတို့မှာ တဖြည်းဖြည်းနီးကပ်လာပီး ပိုစိပ်လာကာ သိသာလာသည်..

Ao Bing ​သေချာအာရုံစိုက်​နေရင်း..ယင်း​ခြေသံတို့မှာ တစ်စုံတစ်​ယောက်တည်းမဟုတ်ဘဲ.. အုပ်စုလိုက်ဆိုတာ ပိုသိသာလာ​တော့ Ao Bing တိုက်ခိုက်ရန်အသင့်အ​နေထားယူကာ ​ခြေသံ​တွေကိုသာ အာရုံစိုက်​နေရင်း
ရုတ်တရက် ထို​ခြေသံတို့ တိတ်သွားသည်..

၅စက္ကန့်​လောက် ငြိမ်သက်သွားကာ ရုတ်တရက်

"အာ့"

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now