အပိုင်း [ ၃၈ ]

101K 9.9K 494
                                        

"Boss ရဲ့ ​အမေ အိမ်က ဖုန်းလာပါတယ်"

မြတ်သောမာန် ရုံးခန်းထဲတွင် အလုပ်များနေစဥ် Elly က ထိုသို့ သတင်းပို့လာတော့ သူ လုပ်လက်စ အလုပ်ကိုရပ်ပြီး ဖုန်းလွှဲယူလိုက်သည်။

"Hello"

"မေမေကြီး နေမကောင်းလို့ရှင့်"

"အခြေအနေ ဘယ်လိုလဲ"

"အခုတော့ ဆေးသောက်ပြီး လှဲနေပါတယ်"

"ဆရာဝန် မခေါ်ဘူးလား"

"မေမေကြီးက မခေါ်လည်းရတယ် ဆိုလို့"

မြတ်သောမာန် ရုံးဖုန်းကို ချလိုက်ပြီး သူ့ဖုန်းနဲ့ Doctor လွမ်းမိုးကို ဆက်သွယ်လိုက်၏။

"ပြောပါ ကိုမြတ်သော"

"အမေ နေမကောင်းဖြစ်နေလို့ သွားကြည့်ပေးနိုင်မလား ကိုလွမ်းမိုး"

"ဟုတ်ကဲ့...ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်ဗျ"

"ကျေးဇူးတင်ပါတယ်ဗျာ"

အခုမှ မွန်းလွဲ ၁နာရီပဲ ရှိသေး၍
မြတ်သောမာန် ညနေပိုင်းအလုပ်တွေကို အချိန်ရွှေ့ပြီး အမေ့အိမ်ကို ထွက်လာခဲ့လိုက်သည်။

သူ မိုင်မိုင်းကိုလည်း အသိပေးသည့်အနေဖြင့် Message တစ်စောင် ပို့လိုက်တော့ မိုင်မိုင်းက ကျောင်းကနေ လာခဲ့မည်ဖြစ်ကြောင်း စာပြန်ပို့လာ၏။

"မေမေကြီးရဲ့သား ရောက်ပါပြီ"

မြတ်သောမာန် အမေ့အိမ်ကို ရောက်သွားတော့ Doctor လွမ်းမိုးက ရောက်နှင့်နေပြီဖြစ်ကာ အမေ့ကို သွေးပေါင်ချိန်ပေးနေ၏။

"သွေးပေါင် ကျနေတာပါ ...အန်တီက အသက်လည်းရလာပြီဆိုတော့ ကျန်းမာရေးကို ပို ဂရုစိုက်ဖို့ လိုလာပါပြီ...တစ်ပတ်လောက် နားနားနေနေ နေဖို့ အကြံပြုပါတယ်ဗျ"

"ဒီရက်ပိုင်း အလုပ်နားလိုက်ပါ့မယ်ကွယ်"

Doctor လွမ်းမိုးက လိုအပ်သည့် ဆေးဝါးတွေ ပေးပြီး အခန်းထဲကနေ ထွက်သွားတော့ မြတ်သောမာန် အမေ့ရဲ့ အိပ်ရာနံဘေးတွင် ခုံဆွဲထိုင်လိုက်သည်။

"မေမေက အခု အသက် ၅၀ ကျော် ၆၀ ပြည့်တော့မယ်...အလုပ်ချိန်တွေ နည်းနည်း လျှော့စေချင်တယ်...တချို့အလုပ်တွေက မေရီနဲ့လွှဲထားလည်း ရတာပဲမဟုတ်လား"

မိုင်Where stories live. Discover now