Arc(2.41)

5.1K 1K 5
                                    

Unicode

Arc(2.41) - Saint Magus

အဲလ်ဗစ်ကသူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်းသူ့မျက်စံ အရောင်ကနက်ပြာရောင်အဖြစ် ပြောင်းလဲသွားကာသူ့ရှေ့မှာပြုံးကာ ရပ်နေသည့်လီလျိုကိုနက်နက်ရှိုင်း ရှိုင်းကြည့်နေမိသည်။

သူစိတ်ပူနေခဲ့ရတဲ့သူကသူ့ရှေ့မှာပေါ် လာတာကိုကြည့်ရင်းသူ့စိတ်ထဲက ဆင်ခြင်တုံတရားကဒါဟာထင်ယောင်ထ င်မှားတစ်ခုပါလို့သတိပေးနေခဲ့သော် လည်းအဲ့ဒီလိုဆိုရင်တောင်အဲလ်ဗစ် ကသူ့ကိုယ်သူမထိန်းချုပ်နိုင်ဖြစ်နေ သည်။သူ့စိတ်ကလည်းဘာဖြစ်လို့မှန်း မသိသော်လည်းအတန်ငယ်ရှုပ်ထွေး လာကာသူနှလုံးသားကတော့ဓားနဲ့ အထိုးခံနေရသလိုမျိုးအလွန်နာကျင် နေမိသည်။

ထိုသို့သောနာကျင်မှုမျိုးကသူ့ကိုယ်ထဲ မှအရိုးများကိုတစ်လက်မချင်းဆီဆွဲ ထုတ်နေသလိုမျိုးသူ့သွေးကြောများ ကတော့နည်းနည်းချင်းဆီအလှီးခံနေ ရသလိုမျိုးခံစားရပြီးသူ့ဝိဉာဉ်ရဲ့အ နက်ရှိုင်းဆုံးနေရာအထိနာကျင်နေရသည်။

အဲလ်ဗစ်သည်သူ့ရှေ့ကမြင်ကွင်းက မှုန်ဝါးလာသလိုခံစားရကာသူတောင် မသိလိုက်ပါပဲသူ့ရဲ့နက်ပြာရောင်မျက် လုံးများကစတင်ပြီးအနီရောင်သန်း လာခဲ့သည်မှာကြည့်ရတာအတော် လေးကြောက်စရာကောင်းလှသည်။

အဲလ်ဗစ်ရဲ့စာချုပ်ချုပ်ထားသော သားရဲအနေနဲ့လီလျိုသည်လည်း အဲလ်ဗစ်ရဲ့ရုတ်တရက်စိတ်ခံစားချက် အပြောင်းအလဲကိုခံစားလိုက်ရသည်။ သူကဘာမှမတတ်နိုင်ပဲစိတ်ပူပန်စွာ ဖြင့်သိပ်မဝေးတဲ့နေရာမှာခေါင်းကို ငိုက်စိုက်ချကာသူ့မျက်နှာပေါ်က အမူအယာကိုရှင်းရှင်းလင်းလင်း မမြင်ရတဲ့အဲလ်ဗစ်ကိုလှမ်းကြည့်နေ မိတော့သည်။

ဒါကဘယ်လိုလုပ်တူညီတဲ့ကိစ္စဖြစ်မှာလဲ?

ဘာကြောင့်အခုအဲလ်ဗစ်ကတိတ်ဆိတ် နေပုံရပေမယ့်လည်းသူ့ခန္ဓာကိုယ်တစ်ခု လုံးကနာကျင်မှုနဲ့ရူးသွပ်မှုတွေနဲ့ဝိုင်းရံ ထားသလိုဖြစ်နေရတာလဲပြီးတော့ အဲလ်ဗစ်ရဲ့စိတ်ခံစားချက်ကလည်း အရင်ကထက်တောင်ပိုပြီးဖိနှိပ်နိုင်စွမ်း မရှိဖြစ်နေပုံရတယ်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now