Part-14

27.8K 2.8K 160
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-14
(ကိုယ်​... ချစ်​​သော clover..!!..)

သစ်​မိုးအိမ်​ ၏ အ​မေးစကားက ၅နှစ်​သား​လေး...
သစ်​ရွက်​စိမ်း ကို အူ​ကြောင်​​ကြောင်​လေး ဖြစ်​သွား
စေသည်​..။

တောက်​ပ​နေ​သော မျက်​လုံးဝိုင်းကြီးများက
သစ်​မိုးအိမ်​ ကို ဝင့်​ကာကြည့်​လာသည်​။ ​ခေါင်း
လုံးလုံး​လေးကိုပါ ​ဘေးသို့ အနည်းငယ်​ ​စောင်း
လိုက်​သည်​က ရွက်​စိမ်း​လေး စဉ်းစား​နေပါသည်
ဟု ​ပြော​နေသလိုပင်​...။

ရွက်​စိမ်း​လေး အ​တွေးထဲ ပထမဆုံး ဝင်​​ရောက်
လာသည်​က ကိုကိုနဲ့ တိမ်​ငယ်​ က ​ရေထဲတူတူ
ဆင်းကြတာလား..။ ကစားကြမို့လား...?..။

ရွက်​စိမ်း​လေးသည်​ အ​တွေးထဲ နစ်​​မြော​နေ​သော
ကြောင့်​ သစ်​မိုးအိမ်​ အ​မေးကို ပြန်​မ​ဖြေနိုင်​​သေး
ဘဲ ငြိမ်​​နေမိသည်​..။ ရွက်​စိမ်း မသိသည်​က...
တဖြည်းဖြည်း ပျက်​ယွင်းလာ​သော သစ်​မိုးအိမ်
၏ မျက်​နှာကိုပင်​...။

ရွက်​စိမ်း က ပြန်​မ​ဖြေဘူး..။ ရွက်​စိမ်း က ​တွေ​ဝေ
နေတယ်​။ ရွက်​စိမ်း က ငါ့ကို မလိုချင်​​တော့ဘူးကိုး။

ကိုယ်​တိုင်​ပင်​ မသိလိုက်​ခင်​မှာပင်​ သစ်​မိုးအိမ်
ဆို​သော ​သွေး​အေးလူသား၏ စိတ်​အ​ခြေအ​နေ
သည်​ က​​လေးငယ်​ တစ်​ဦး​ပေါ်တွင်​ အ​ခြေတည်
လာခဲ့သည်​..။

သစ်​မိုးအိမ်​ မျက်​နှာကို ​မော့ကြည့်​​နေ​သော..
ရွက်​စိမ်းက သစ်​မိုးအိမ်​ ၏ လည်​ပင်းကို...
သိုင်းဖက်​ကာ သစ်​မိုးအိမ်​ ၏ ပုခုံးတစ်​ဖက်
ပေါ်တွင်​ ပါးအိအိကြီးကို အပ်​ထားသည်​..။
ပြီးမှ တိုးတိုး​လေး ​ပြောလာသည်​...။

"ရွက်​စိမ်း​လေး မှ ​ရေမကူးတတ်​တာ.."

"......."

မ​မျှော်​လင့်​ထား​သော အ​ဖြေက သစ်​မိုးအိမ်
ကို တုန့်​ပြန်​မှု မဲ့​စေသည်​..။

ငိုမဲ့မဲ့လေး ဖြင့်​ သစ်​မိုးအိမ်​ ကို ကြည့်​လာပြန်
သော​ကြောင့်​ သစ်​မိုးအိမ်​ ​ခေါင်းထဲ​ပေါ်လာရာ
ကို အမြန်​​ပြောလိုက်​ရသည်​...။

Clover your'e my clover[Completed]Where stories live. Discover now