💜 S3 EP - 23 💜

81.4K 7.2K 804
                                    

Unicode...
>>>>>>>>

.
.

Hotel ရဲ့အောက်ဘက်ဆီဆင်းလာတာနှင့် Demon နဲ့ နှိုင်း ရဲ့ ဆင်တူစွာဝတ်ဆင်ထားမှု့က အားလုံးရဲ့အမြင်ကိုအာရုံစူးစိုက်ကာငေးစေသည် ။ Demon က သူ့အချစ်ကလေးအပေါ် ထိုသို့လူတွေတတ်မက်စွာငေးကြည့်နေတာကိုနည်းနည်းလေးမျှမကြိုက် .. ထို့ကြောင့် မျက်နှာတစ်ခုလုံးမှုန်ကုတ်ကာ လူသတ်တော့မယ့်အကြည့်တွေနဲ့အေးစက်နေသည် ။

နှိုင်း သည်သူ့ဘေးမှာရှိနေတဲ့လူဆိုးလေးဆီက ရှာလကာရည်အနံ့တွေမွှန်နေသောကြောင့် ရယ်ချင်စိတ်ကိုထိန်းထားရင်း သူ့လူဆိုးလေးရဲ့ကလေးဆန်မှု့ကိုသဘောကျနေမိသည် ။

ထို့ကြောင့် နှိုင်း က Demon လက်မောင်းကိုကိုင်ကာတိုးကပ်လိုက်ပြီး ပုံမှန်ထက်ပို၍ချစ်ခင်တဲ့ အတွဲတစ်တွဲလိုပြုမှုလိုက်သည် ။ Demon က အံအားသင့်စွာ နှိုင်း ကိုကြည့်လိုက်တော့ နှိုင်း က ပြုံး၍ပင် ...

" ဒီလိုဖက်ထားပေးရင်ရော မောင့် စိတ်ထဲကျေနပ်မှု့ရှိလား "

" အင်း နည်းနည်း "

" နည်းနည်း ? ဟီးဟီး မောင်ကတော့လေ .. ကဲ ဒီလိုဆိုရင်ရော "

နှိုင်း က Demon ရှေ့ရပ်ကာ ​ထိုလူတွေကြားထဲမှာပင် နှုတ်ခမ်းအားတစ်ချက်နမ်းလိုက်သည် ။
Demon ဟာ နှိုင်း ရဲ့ ထိုအပြုမူကြောင့် စိတ်ထဲနည်းနည်းကျေနပ်သွားပြီး မျက်နှာဆီကခက်ထန်မှု့ကိုသူ့အချစ်ကလေးစကားကြောင့် ပယ်ဖျက်လိုက်ရသည် ။

" ကျေနပ်တယ် "

ကလေးဆန်တဲ့အဖြေစကားကြောင့် နှိုင်း က Demon ကို သဘောကျစွာရယ်ချင်စိတ်ကိုထိန်းမရတော့ပဲရယ်ရင်းထွက်လာတော့သည် .. စားသောက်ခန်းမှာ နှိုင်း တို့ကိုစောင့်နေတဲ့ ဘုန်းပြည့်တို့က နှိုင်း နဲ့ Demon ဝင်လာတဲ့နှင့်ချက်ချင်းလက်ပြကာ နေရာပြလိုက်သည် ။

နှိုင်း နဲ့ Demon တို့ သုတို့စားပွဲဆီရောက်သွားချိန်မှာ မထင်မှတ်ထားတဲ့ဧည့်သည်တစ်ယောက်ကမဖိတ်ခေါ်ပဲရောက်နှင့်နေတော့သည် ။

နှိုင်း ဟာ သူမ ကို မြင်လိုက်တဲ့ခဏမှာ ဘာကြောက့်ရောက်နေတာလဲ ဆိုတဲ့အတွေးဝင်မိပေမယ့် မျက်နှာကတော့ တည်ငြိမ်စွာစားပွဲမှာဝင်ထိုင်လိုက်သည် ။ သို့သော် Demon ကတော့ သူ့အချစ်ကလေး နဲ့ အဆင်မပြေတဲ့သူမကို သူကိုယ်တိုင်ကလဲမလိုလားတာကြောင့် အလိုမကျသလိုစိတ်ပျက်နေတဲ့လေသံနှင့်မေးလိုက်သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now