Part-22(Uni)

25K 2.1K 34
                                    

""လူယုတ်မာကြီး...မကောင်းတဲ့လူကြီး...
ဟင့်...အီး...ဟင့်...ရွှတ်..ရွှတ်...
မကောင်းလူကြီး...မုန်းတယ်...ရွှတ်..."

ကျွန်တော့်မှာတော့ သူ့နောက်လိုက်ခဲ့ဖို့အတွက် ပြင်ဆင်ထားလိုက်ရတာ..သူကတော့...သူကတော့...

"ရွှတ်...ရွှတ်..."

မနေ့ကတစ်ညလုံးလည်း..အဲ့ဒီ့လူကြီးကို ဒေါသထွက်နေရတာနဲ့...ငိုရင်းအစောကြီးအိပ်ပျော်သွားတာ..နိုးလာတော့ မျက်လုံးတောင်မို့အစ်နေတယ်..။ တွေးမိလိုက်တိုင်း ဒေါသထွက်လွန်းလို့ အိမ်ထိလိုက်ပြီးတော့တောင် ထုရိုက်လိုက်ချင်တယ်..။

ပေါင်မုန့်ပဲစားနေရလို့ ဗိုက်မဝတာတစ်မျိုး..အဲ့လူကြီးကိုစိတ်တိုနေရတာနဲ့ စားနေတဲ့ပေါင်မုန့်ကလည်း စားနေရင်းနဲ့ကို အရသာမရှိတော့ဘူး...

"ဒေါက်...ဒေါက်..." ဆိုပြီး အပြင်က တံခါးခေါက်သံကြားတာမို့..

"ဝင်ခဲ့လေ...လော့ခ်မချထားဘူး..."

"ချလောက်!.." ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့သူကတော့.....

"ဟေ...ယောက်ဖ...
ငါလာတယ်..."

သူလာတာများ...အထူးအဆန်းလုပ်လို့...
သူဘာကြောင့်လာတယ်ဆ်ိုတာ ကျွန်တော်ကမသိရှာဘူးဆိုတော့..ဟွန်း....

"မင်းလာတာ ငါကဘာလုပ်ရမှာလဲ?...ရွှတ်..."

"သြော်...ငါ့မှာတော့ မင်းအတွက်ဆိုပြီးမုန့်တွေဝယ်လာခဲ့လိုက်ရတာ...
မင်းကတော့ ငါ့က်ိုဒီလိုပြောရက်တယ်ပေါ့..."

"ရွှတ်...မင်းကတစ်မျိုးကွာ...
ဘာကိစ္စရှိလုိ့လာတာလဲ?..."

"အဟက်...စတာပါကွာ...
မင်းအတွက် ကြေးအိုးလာပို့ပေးတာ...
ပြီးတော့...ဒီမှာမုန့်တွေလည်းပါလာတယ်..."

လက်ထဲကမုန့်ထုတ်ကိုမြင်တာနဲ့ မျက်နှာကချက်ချင်းတစ်မျိုးပြောင်းသွားတဲ့ သူရဖုန်းမြင့်ကိုကြည့်ပြီး ဝေလင်းအနည်းငယ်တော့ရယ်ချင်မိသွားတယ်..။ မိမိသူငယ်ချင်းဆိုသည်မှာအဲ့လိုပဲ..အစားအသောက်မြင်တာနဲ့ကိုချက်ချင်းမျက်နှာပြောင်းသွားတာ...

"အဟမ်း...ခုနလေးတင်ပေါင်မုန့်စားထားတာ.."

"အဲ့တာဆို..ငါပြန်ယူသွားလိုက်ရမလား.." လို့ ပြောလိုက်ပြီး..မုန့်အိတ်ကိုပြန်ဆွဲယူလိုက်တော့...

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now