Part-3

453 76 12
                                        

Unicode

" Kai ! ငါမင်းကို ဘယ်နှခါ ပြောရမလဲ? သူစိမ်းတွေနဲ့ အရောတဝင်နေတာ ငါမကြိုက်ပါဘူးလို့ "

"အဲ့တာ သူစိမ်းမဟုတ်ဘူး ၊ ငါ့မိတ်ဆွေလေ "

"ငါ့သားအတွက်တော့ ဘာမှ မသိတဲ့ သူစိမ်းပဲ "

" မင်းကလဲ ပြောရဆိုရလက်ပေါက်ကပ်လိုက်တာ ၊
ဘာလို့ တစ်ဖက်စောင်းနင်းတွေ ပြောနေရတာလဲ "

" ထင်ချင်သလိုထင်ကွာ ၊ ပြီးတော့ အဲ့လို ပိုက်ဆံရှိ
အသိုင်းက သူနဲ့ဆို ပိုတောင် မပတ်သက်ချင်သေး "

"အခုဟာ မင်းနဲ့ ပတ်သက်နေရလို့လား? ပြီးတော့
KyungSoo က ပိုက်ဆံရှိပြီး မောက်မာတဲ့ သူမျိူးထဲ မပါဘူး...သူက ကလေးအရမ်းချစ်တတ်လို့...ပြီးတော့ မင်းရဲ့သားကလဲ စကားတတ်ပါပေ့ ဆိုတော့
KyungSoo က သံယောဇဉ်ရှိတဲ့ သဘောပါ "

" Kai ရာ ၊ မင်းအတွန့်မတက်စမ်းနဲ့ ! ဘယ်တော့မှ
သူ့ဆီကို ငါ့သား ခေါ်မသွားနဲ့နော် ၊ ဒီတစ်ခါ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ "

"မင်းကလဲ လူတစ်မျိူးပဲ "

"မင်းထင်ချင်သလို ထင်လို့ရတယ် ၊ လာ သားသား
အိမ်ပြန်မယ် "

( စိတ်တိုတိုနဲ့ အိမ်ကို ပြန်လာခဲ့တာ
လမ်းတစ်လျှောက်လုံး သားသားနဲ့ တီတီတာတာ
စကားများတောင် မပြောဖြစ်ခဲ့...
အိမ်ရောက်ခါနီး သားသားပြောမှပဲ အသိစိတ်ကပ်သည်.." Daddy သားသားလက်ကို အတင်းဆွဲပြီးခေါ်လာတာ သာသားလက်
အတော်နာနေပြီ "တဲ့လေ...ထိုအခါမှ ကျွန်တော်
သားသားလက်ကို ကြည့်မိတော့ လက်ကောက်ဝတ်လေးဟာ ရဲလို့ ကျွန်တော့်လက်ရာကြီးက အထင်းသားဖြစ်နေ၏...ကျွန်တော်ရဲ့ အတ္တစိတ်ကြောင့် သားသားကို ဒဏ်ရာတွေပေးမိနေပြီ ထင်ပါရဲ့ )

" Daddy တောင်းပန်ပါတယ် သားသားရယ် ၊ Daddy က သားသားကို နာကျင်စေဖို့ မရည်ရွယ်ပါဘူး "

"သားသား မနာတော့ပါဘူး Daddy ရဲ့...အဲ့ကြောင့်
Daddy ဘာမှ စိတ်မကောင်းမဖြစ်နဲ့တော့နော် "

( တစ်ခါတစ်လေ ကျွန်တော်သိပ်ကို ခံပြင်းမိတယ်...
ဘာဖြစ်လို့ ကျွန်တော့်သားလေးကိုမှ ဒီလို ဘဝမျိူးမှာ
လာပြီး လူဝင်စားဖြစ်ရတာလဲလို့ပေါ့ )

" ချည် " (U/Z)Where stories live. Discover now