Part40(unicode)

7.5K 1.4K 246
                                    

Chapter 40;

ပြိုင်ပွဲရမှတ်များအားကြည့်လျှင်ဒုတိယပိုင်းပွဲစဥ်
သည်သည်းထိတ်ရင်ဖိုဖြစ်စရာမရှိပေ။ တန်းခွဲ၈မှကစားသမားများကလက်ရှိနေရာတွင်အမြစ်တွယ်
ရပ်တန့်သွားမှာမဟုတ်သလို၊တန်းခွဲ၇အမှတ်ရမည့်အချိန်ထိစောင့်နေမှာမဟုတ်​ေပ။သူတို့အသင်းသည် သေချာပေါက်အနိုင်ရပေလိမ့်မည်။

ဝမ်ရွှိနှင့်တခြားလူများသည်အောင်ပွဲခံရမည့်အရေး
အားကြိုတွေးနေပြီး၊ ကစားသမားတစ်ဦးစီတိုင်းက မီးတောက်မီးလျှံများတောက်လောင်နေသကဲ့သို့၊သူတို့ခြေထောက်များလောင်ကျွမ်းသွားတဲ့အလားတစ်
ဟုန်ထိုးပြေးနေတာရွှတ်ခနဲ,ရွှတ်ခနဲအသံမြည်လျှက်ရှိသည်။သူတို့ခြေထောက်များကြားမှာ မီးရှူးမီးပန်းပေါက်ကွဲထွက်လာသလိုမျိုးအားအပြည့်နင့်ပျော်ရွှင်စွာပြေးလွှားနေကြ၏။ခုံတန်းပေါ်မှာထိုင်နေကြသည့် အရံကစားသမားတွေပင် လေ့ကျင့်ရန်အတွက်ကွင်းအတွင်းဝင်ရောက်ယှဥ်ပြိုင်ကစားလာသည်။

တန်းခွဲ၈၏ပရိတ်သတ်များသည်အသည်းနှလုံးကွဲထွက်မတတ် ဆူညံစွာအော်ဟစ်အားပေးနေကြ၏။ပြိုင်ပွဲတွင်ပါဝင်ကစားနေကြ​ေသာသူတို့ရဲ့အတန်းအတွက်လက်ခုပ်တီးအားပေးမည့်အခွင့်အရေးအား
မလွတ်တမ်းဆုပ်ကိုင်ထားကြသည်။အခြားတစ်ဖက်တွင်လောင်လု၏အသံမှာအသံချဲ့စက်မပါသည့်တိုင် လူအားလုံးရဲ့အော်ဟစ်အားပေးသံများအားဖုံးလွှမ်းချင်သည့်အလား တစ်ခဲနက်အော်ဟစ်နေ၏။

သို့သော်,တန်းခွဲ ၇မှလူများသည် သူတို့အရေးနိမ့်သွားကြောင်း ဝန်မခံလိုကြပေ။

ပြိုင်ပွဲတွင် အရှုံးပေးလိုစိတ်မရှိခြင်းက ပုံမှန် သဘောတရားသာ ဖြစ်၏။ နောက်ဆုံးစက္ကန့်
လေးမျှအချိန်ကျန်လျှင်တောင် အရှုံးပေးပြီး
ပြိုင်ပွဲမှထွက်ချင်သည့်လူမရှိပေ။

ဒါပေမယ့်,တန်းခွဲ ၇၏အရှုံးမပေးသည့်စိတ်ဆန္ဒကိုဖော်ပြသည့်နည်းလမ်းကကျန်ချန်အားဒေါသထွက်စေ၏။

သူတို့သည်အမှောင်ထဲမှာသာမကအလင်းအောက်
တွင်လည်းလူကိုတမင်ဝင်တိုက်ခြင်း၊တားဆီးခြင်း
များပိုင်ဆိုးပိုင်နင်းလုပ်လာသည်။ဒုတိယပိုင်းပွဲချိန်
၁၅မိနစ်အတွင်းပြိုင်ဘက်အသင်းက များစွာသော ပြစ်ဒဏ်များအား ကျူးလွန်ထား၍ 'Free-throw'
ပေးဖို့လုံလောက်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now