Part41(unicode)

7K 1.4K 302
                                    



Chapter 41;

သူသည်အထက်တန်းပထမနှစ်တွင်အတန်းများမခွဲရသေးသောကြောင့်အမြဲ တန်းခွဲ(၁) မှာနေခဲ့၏။ ထိုအချိန်ကသူတို့ရဲ့အတန်းတွင်ငကြောင်တစ်ယောက်ရှိခဲ့သည်။ထိုငကြောင်သည်နောက်ဆုံးတန်းမှာ ထိုင်ပြီး ၊ကိုယ်ပိုင်စာကြည့်ချိန်တွင် သူ့ ဘေးခုံမှကောင်မ
လေးနှင့်စကားပြောရင်းတံတောင်ဆစ်နှင့်မသိမသာ
တိုက်မိလေ့ရှိ၏။ထို့နောက်, သူက ကိုယ်ပိုင်စာကြည့်ချိန်ပြီးလျှင်သန့်စင်ခန်းသို့အရင်ပြေးသွားလေးရှိသည်။

သွေးဆူတတ်သောဆယ်ကျော်သက်လူငယ်အရွယ်အတွက်သာမာန်အထိအတွေ့လေးက သုတ်လွှတ်မိတဲ့အထိဖြစ်သွား​စေ၍၊ထိုငကြောင်သည်အောက်ခံဘောင်းဘီချွတ်ဖို့အိမ်သာဆီသို့အပြေးသွားခဲ့ရဖူးသည်။

ထိုသူရဲ့အဖြစ်ကိုတစ်တန်းလုံးဝိုင်းရယ်ခဲ့ကြပြီး၊ စာသင်နှစ်တစ်လုံးပြောမဆုံးသောကိစ္စ ဖြစ်ခဲ့၏။

ထိုအချိန်တုန်းကယင်းကိစ္စအားဟာသအဖြစ်
ကုဖေးတွေးခဲ့တာဖြစ်၏။သို့သော်, ယခုလက်
ရှိသူ့အခြေအနေကထိုတစ်ယောက်နှင့်မတိမ်း
မယိမ်းပင်။

သူ့ခါးမှာဖက်တွယ်ထားသည့်ကျန်ချန်ရဲ့လက်အားကုဖေးငုံ့ကြည့်လိုက်သည်။စောစောကကုမြောင်ကသူ့အားလန့်သွားအောင်ခြောက်လိုက်၍ကျန်ချန်သည်အလန့်တကြားဖြင့် သူ့ကိုဖက်တွယ်လာတာဖြစ်၏။

ကျန်ချန်သည် ကုမြောင်ကစက်ဘီးနောက်တန်းအား ကိုင်ထား၍ လက်ထားစရာနေရာမရှိသောကြောင့် သူ့ခါးကိုဖက်ထားတဲ့ လက်များအားပြန်မရုတ်သွားဘဲဖက်ထားတာဖြစ်နိုင်၏။

ယခုလက်ရှိသူတို့ကြားမှအနေအထားသည်
'မင်း သူ့ကိုသွားမကြည့်ရင်၊မင်း ဘာမှခံစား
ရမှာမဟုတ်ဘူး။'ဆိုတဲ့သဘောသက်ရောက်
​​နေသည်။သူ့ရဲ့ဆိုင်ကယ်နောက်ခုံမှာဖြစ်စေ၊
စက်ဘီးနောက်ခုံ​တွင်ဖြစ်စေယောကျာ်းမိန်းမ
မရွေးတော်တော်များများတင်စီးဖူးသည်။
ထို့ကြောင့် ထိုကဲ့သို့အသားချင်းအထိအတွေ့
ကပုံမှန်မှန်း သူ သိသည်။

ဒါပေမယ့်,ယခုသူ့ခါးအားဖက်ထားသောသူမှာ
ကျန်ချန်ဖြစ်၏။

သူသည်ကျန်ချန်အားကြည့်မိချိန်တိုင်း၊တင်းကျူးရှင်း၏ရူးကြောင်ကြောင် ဝတ်စုံများကိုဝတ်ထားတဲ့ကျန်ချန်ရဲ့ပုံရိပ်အားသူ့အာရုံထဲတွင်အထိန်းအကွပ်
မဲ့မြင်ယောင်လာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now