
22.2K 1.9K 234
                                    

Unicode

အပိုင်း(၁၉)

ခံနိုင်ရည်ရှိသွားခဲ့သော နှလုံးသားဒဏ်ရာ

လွန်းငယ် ပေါက်စီလေးအား ချော့သိပ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ အိပ်ခန်းထဲ ဝင်လိုက်တော့ မောင်က အိပ်ပျော်နေလေပြီ။

တစ်နေကုန် ပေါက်စီလေးအား အလိုလိုက်ထားရသောကြောင့် မောပန်းကာ အိပ်မောကျသွားခြင်းဖြစ်မည်။

လွတ်နေသော အိပ်ရာတစ်ဖက်ခြမ်းတွင် လှဲအိပ်လိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်နေသော မောင့်မျက်နှာအား ကြည့်လိုက်မိသည်။ မနေနိုင်စွာ လက်များက မျက်နှာအား ကိုင်မိတော့ ခြစ်ခြစ်တောက် ပူနေသော ကိုယ်အပူရှိန်အား သိရှိလိုက်ရ၏။ မောင်ဖျားနေပြီ။

အိပ်ရာပေါ်မှ ချက်ချင်းထကာ ရေစွတ်ထားသော ပဝါအား နဖူးပေါ်တင်ပေးရန် ရေဇလုံနှင့် ပုဝါတို့ သွားယူလိုက်သည်။ အဖျားကျစေရန် သေချာဂရုစိုက်လုပ်ပေးပြီးနောက် နဖူးပြင်အား စမ်းလိုက်တော့ အရမ်းကြီးကိုယ်ပူမနေတော့။

အိပ်မပျော်တော့သောကြောင့် မောင့်အား စောင့်ပေးရန်တွေးကာ အိပ်ရာဘေးထိုင်၍ အေးစက်နေသော မောင့်လက်လေးများကို ဆုပ်ကိုင်ထားလိုက်သည်။

'မောင် အဖျားမကြီးပါစေနဲ့'

စိုးရိမ်စိတ်တို့ဖြင့် စိတ်ထဲမှ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။

********************

တစ်ကိုယ်လုံး ပူလောင်မှုအား ခံစားနေရကာ မျက်လုံးတို့က ဖွင့်၍မရ။ ရုတ်တရက် သူ၏မျက်နှာအား နူးညံ့စွာ ထိတွေ့နေသည့်အထိအတွေ့လေး။ ထို့နောက် ပူလောင်မှုတို့ အနည်းငယ် သက်သာသွားရသည်။

နားထဲတွင် ကြားနေရသော မပီမသအသံတို့အား နားစိုက်ထောင်မိတော့ ရှင်းလင်းပြတ်သားသည့် အသံတို့အား ကြားလာရ၏။

"ကိုကြီးကကွာ ကျန်းမာရေးကို ဂရုမစိုက်ဘူး...ခုတော့ဖျားပြီ ယွန်းလေးပဲ အလုပ်ရှုပ်ရရော"

ကြားခဲ့ဖူးသော စကားများက နားထဲတွင် ပီသစွာပြန်၍ ကြားယောင်လာရသည်။ နောက်ဆက်တွဲ ထွက်ပေါ်လာသည့်အသံကတော့ ညီမလေးအား ပြန်ပြောနေသည့်သူ၏အသံ။

စေရာ(Complete)Where stories live. Discover now