Part-25(Uni)

25.9K 2.1K 40
                                    

"ရေး!!...နောက်ဆုံးတော့ စာမေးပွဲပြီးပြီကွ..."

"ဟေ့ကောင်..ဝေလင်း..ဘာလို့အကျယ်ကြီးအော်ပြောနေတာလဲ?...
စာမေးပွဲလေး ပြီးတဲ့ဟာကို..."

"ဘာပဲဖြစ်ဖြစ်ကွာ...
ငါတော့ ပျော်တယ်...
ငါတို့ကန်တင်းမှာဝင်စားဦးမလား..."

"မစားတော့ဘူး...
အပြင်မှာ ဦးစောင့်နေတယ်..."

"အေးအေး...အဲ့တာဆို သွားကြမယ်လေ..."

"အေးအေး..."

ကျွန်တော်တို့စာမေးပွဲဖြေတာ..ဒီနေ့က နောက်ဆုံးရက်ဖြစ်သည်..။ စာမေးပွဲပြီးသည့်နေမို့ ဝေလင်းကတော့..အပျော်ကြီးပျော်နေသည်..။ ဒီနှစ်ကကျွန်တော်တို့အတွက်နောက်ဆုံးနှစ်ပေမို့ ကျောင်းတော်ကြီးကိုခွဲရတော့မည်ပေါ့...။

ကျွန်တော်နဲ့ဝေလင်း အတူတူလျှောက်လာရင်း..ထွက်ပေါက်ရောက်ခါနီးရောက်တော့...

"သူရ..အဲ့တာ ထွန်းလင်းဇော်နဲ့သူ့သူငယ်ချင်းမလား..."

"အေး..ဟုတ်တယ်..."

ဝေလင်းပြောမှ ကြည့်လိုက်တော့..ထွန်းလင်းဇော်နဲ့သူ့ရဲ့သူငယ်ချင်း...
ဒီကောင် ကျွန်တော်နဲ့ပြသနာတက်ပြီးတဲ့နေ့ထဲက ပျောက်သွားလိုက်တာ..အခုမှပဲတွေ့တော့တယ်...

"ဟေ့...စိုးမင်း...သားကြီး ဖြေနိုင်လား..." ဆိုပြီး ဝေလင်းက ထွန်းလင်းဇော်ရဲ့သူငယ်ချင်း စိုးမင်းကိုလှမ်းမေးလိုက်တယ်..

စိုးမင်းဆိုတာက..ကျွန်တော်တို့နဲ့အရင်ကတည်းက သိတဲ့သူမို့..အခေါ်အပြောဆက်ဆံရေးတော့ရှိတယ်..။ အရင်က..ထွန်းလင်းဇော် ကျွန်တော့်ဆီလာတိုင်း ဒီကောင်က အမြဲပါလာနေကျလေ..

"အေး..ဖြေနိုင်တယ်...
မင်းတို့ရော..."

"ငါတို့လည်း ဖြေနိုင်ပါတယ်..."

ကျွန်တော်တို့၃ယောက်သာ ရပ်ပြီးစကားပြောနေကြပေမဲ့..ထွန်းလင်းဇော်ကတော့ ဘာမှမပြောဘဲ ဒီတိုင်းရပ်နေတယ်..။

"အဲ့တာဆို..ငါတို့သွားတော့မယ်နော်.." လို့ ပြောပြီး အပြင်ကိုထွက်မယ်လုပ်တော့..

"ဖုန်း...သူရဖုန်းမြင့်...
ဟို...ဟို...ငါတောင်းပန်ပါတယ်...
မင်းအပေါ်ကိုကျူးလွန်းခဲ့တဲ့လုပ်ရပ်မှန်သမျှအတွက် ငါ့ကိုခွင့်လွှတ်ပေးပါ.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now