intro

79.9K 2.4K 88
                                    

Zawgyi

သူ့နာမည်က လီရှန်ဟွာတဲ့...

ဥာဏ်ရည်ထက်မြက်ပေမယ့် လူမှုရေးအပိုင်းမှာ တုံးအအ လူငယ်လေးတစ်ယောက်...။ပြီးတော့ သူဟာ ယောကျာ်းလေးအချင်းချင်းသာ စိတ်ဝင်စားသည့် လူငယ်တစ်ယောက်။ လီကုမ္ပဏီရဲ့ ဆက်ခံသူအဖြစ်လျာထားခြင်းခံရပေမယ့်  ... သူ့ချစ်မိတဲ့ကောင်လေးနဲ့ သူ့အစ်မဟာ ပူပေါင်းပြီး... လီရှန်ဟွာရဲ့ ဂုဏ်သိက္ခာကို နင်းချေခဲ့သည်၊

"ကိုကို...  ကျွန်တော်တို့ ချစ်ကျွမ်းဝင်နေချိန်မှာ အမှတ်တရ video ရိုက်ရအောင်နော်" လီရှန်ဟွာရဲ့ချစ်သူ ဟန်ပိုင်ဟာ တောင်းဆိုလာပေမယ့် လီရှန်ဟွာဟာ ငြင်းဆိုခဲ့ပြီ... ဒါပေမယ့် ကြိမ်ဖန်များစွာတောင်းဆိုလာတော့ ချစ်သူတွေကြား ဒီလိုအမှတ်တရရိုက်ထားတာတွေဟာ ရှိတတ်တာပဲဆိုပြီး ဖြေသိမ့်လိုက်ပြီး လက်ခံပေးခဲ့သည်...ဒါပေမယ့် ထိုဟာက ထောင်ချောက်သပ်သပ်သာဖြစ်နေခဲ့သည်၊
----------------
"မိဘကို အိုးမဲသုတ်တဲ့ကောင်... မင်းကို လီအိမ်တော်ကနေ အမွေဖြတ်စွန့်ပစ်တယ်!" သူရဲ့ဖြေရှင်းချက်တွေ တစ်ယောက်မှ နားမထောင်ခဲ့ချေ၊လူတိုင်းရဲ့အထင်သေးမှုတွေ၊လှောင်ပြောင်မှုတွေကို ကြံ့ကြံ့ခံကာ သူ့ဘဝကိုဖြတ်သန်းပေမယ့်  ဘုရားသခင်ဟာ သူရှင်သန်နေတာကို မမြင်ချင်ဘူးတူပါရဲ့...

*ဝုန်း* ဆိုတဲ့ အသံနဲ့အတူ လီရှန်ဟွာရဲ့ကိုယ်လေးဟာ လေပေါ်ကိုပျံတက်သွားပြိး အရုပ်ကြိုးပျက်ကျသလို မြေပြင်ပေါ် ပစ်လဲကျသွားတော့...သူကို တိုက်ပြီး ထားရစ်သွားတဲ့ကားကို အလေးမစိုက်နိုင်။သူရှင်သန်နေရတာ ပင်ပန်းနေပြီ... ထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးဟာ သူအပေါ် ပိုမိုလင်းတောက်ပလာသလိုပဲ၊

"ဖမ်းဆုပ်ကိုင်လို့ရရင် သိပ်ကောင်းမှာပဲ" သူမကြာခင် သေတော့မှာ သိနေတယ်၊သူခန္ဓာကိုယ်သေးသေးလေးထဲကနေ ထွက်တဲ့သွေးတွေဟာ လမ်းမပေါ်မှာ ဆေးနီပတ်ဖြန်းထားသလို...၊

လင်းလက်တောက်ပနေတဲ့ လမင်းကြီးကို လက်တစ်ဖက်မြှောက်ကာ ဆုပ်ယူဖမ်းဆီးဖို့ ကြိုးစားမိလိုက်သည်၊လမင်းကြီးဟာ သူ့လက်ထဲပါလာသလို...သြော် သေခါနီးဆို စိတ်သယောင်သချားဖြစ်တတ်တာ တကယ်မှန်တာပဲ..

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)Where stories live. Discover now