.. ၁၈၉ ..
7.2K 865 33
《Zawgyi》
အပိုင်း - ၁၈၉
[ဒီအရှက်မရှိတဲ့လူနဲ့ တွေ့ရတာနဲ့တင် လုံလောက်နေပြီ - ၃]
"ရှင်ကလွဲလို့ တခြားဘယ်သူက ကျွန်မကို အနိုင်ကျင့်နိုင်မှာလဲ?"
ချင်းစုယွဲ့မှာ စောနကလူက သူမရဲ့အင်္ကျီကော်လာကို ဆွဲခဲ့သည်ကို သတိရသွားတော့ စိတ်ဆိုးသွားတော့သည်။
ဒီလူ့ကို ဘာလို့ လွယ်လွယ်နဲ့ လွှတ်ပေးရမည်နည်း?
ရဲအရာရှိတွေက ချန်းစီနျန်မလာခင် အရင်ရောက်လာကာ စိတ်အားထက်သန်စွာ ပြောလေသည်။
"ကျွန်တော်တို့ဌာနခေါင်းဆောင်က ချန်းကတော်ဒီမှာ အက်စီးဒန့်နဲ့ကြုံနေလို့ လာကြည့်ပေးဖို့ပြောလို့ပါ ခင်ဗျ"
သူတို့က ချန်းစီနျန်ရဲ့လူတွေဖြစ်ကြောင်း ချင်းစုယွဲ့က ချက်ချင်းနားလည်သွားလေသည်။ ဒါကြောင့်ပင် သူမကားကိုညွှန်ပြလျက် ယုံကြည်မှုရှိရှိ ပြောလိုက်လေသည်။
"ဝင်တိုက်သွားတယ်"
ရဲအရာရှိက ကြည့်လိုက်သည်။
"ချန်းကတော်... ဒါက....."
"ကျွန်မ မီးနီစောင့်နေတုန်း ဒီလူက ရုတ်တရက် သူ့ကားကိုနောက်ဆုတ်ပြီး ကျွန်မကားကိုဝင်တိုက်တာ"
"ဪ ... ကျွန်​တော်တို့ နားလည်ပါပြီခင်ဗျ .... တစ်ဖက်ကို ဘယ်လောက်ပမာဏ ပေးလျော်ခိုင်းချင်ပါသလဲ?"
"ကျွန်မကို ပြန်တောင်းပန်စေချင်ရုံပါ"
"အိပ်မက်မက်မနေနဲ့!"
အနှီလူက စူးစူးဝါးဝါး အော်ဟစ်လေ၏။
"မင်းက လူနည်းနည်းလောက် သိတယ်ဆိုတာနဲ့ပဲ ငါ့ကိုအနိုင်ကျင့်ဖို့ ကြိုးစားမနေနဲ့!"
"စောနက ဒီနေရာမှာ အနိုင်ကျင့်ဖို့ကြိုးစားတာက ဘယ်သူပါလိမ့်နော်?"
ချင်းစုယွဲ့က မခိုးမခန့်ရယ်သည်။
"ရှင့်ကားက မီလီယံနဲ့ချီပြီးတန်တယ်လို့ ပြောခဲ့တယ်မလား? ... ကျွန်မကတော့ တကယ်ကြီး တန်ကြေးကိုမမြင်မိပါဘူး ... ကြည့်ရတာ မောင်းတဲ့ဒရိုင်ဘာက ဘာမှမတန်လို့နဲ့တူတယ်"
"မင်း!"
ထိုလူက ဒေါသထွက်ကာ သူမကိုရိုက်တော့မယ့်အချိန်မှာ ချန်းစီနျန်က အချိန်ကိုက်ရောက်လာပြီး တားလိုက်သည်။