
24.1K 2.1K 151
                                    

အပိုင်း(၂၁)

လက်လျှော့လိုက်ပြီ

ကားတံခါးအား အကြမ်းပတမ်းဆွဲဖွင့်ကာ ကားပေါ်တက်ထိုင်လိုက်သောbossကြောင့် ကိုဆက်အံ့သြကာ ကားနောက်ခန်းသို့ ကြည့်လိုက်မိသည်။ boss၏ ဘယ်ဘက်လက်တွင် သွေးများစီးကျနေသောကြောင့် မျက်လုံးပြူးသွားရ၏။

"Boss ဘယ်လိုဖြစ်လာတာလဲ...လက်က..."

"ကိုဆက် ဟိုတယ်ကို မောင်းပို့ပေး...ဒီပုံစံနဲ့ ငါအိမ်ပြန်လို့မဖြစ်ဘူး...ဒီညတော့ ဟိုတယ်မှာပဲနေမှ ဖြစ်မယ်"

Boss ၏ အမိန့်ဆန်ဆန် စကားသံကြောင့် ကိုဆက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ boss"

အခုချိန်တွင် ဘာမှမပြောချင်သော bossအား ဟိုတယ်ရောက်မှ အကျိုးအကြောင်းမေးမည်ဟု တွေးကာ ကားစက်နှိုးလိုက်၏။

ထို့နောက် အမှောင်ရိပ်ထဲမှကားလေးသည် ရပ်ထားသောနေရာမှ ထွက်ခွာသွားလေတော့သည်။

********************

ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်ဖျော့ဖျော့ကြောင့် လွန်းငယ်နိုးလာရသည်။ မျက်လုံးများပွတ်လိုက်ပြီးနောက် အိပ်မှုန်စုတ်ဖွားပုံစံပျောက်အောင် သန့်ရှင်းရေးလုပ်လိုက်သည်။

အင်္ကျီလဲ ခေါင်းဖြီးပြီးနောက် မှန်ထဲကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်၏။

"Happy birthday လွန်းငယ်...မွေးနေ့မှာတော့ စိတ်ချမ်းသာအောင် အကောင်းဆုံး ကြိုးစားတာပေါ့"

အပြုံးတစ်ခု ဆင်မြန်း၍ ပြောလိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။ မောင်နှင့်သူ၏ အိပ်ခန်းတံခါးရှေ့ သွားလိုက်ပြီး တံခါးခေါက်လိုက်၏။

"ဒေါက် ဒေါက်"

အထဲမှ ဘာဖြေကြားသံမှ ထွက်မလာ။ တံခါးလက်ကိုင်အား လှည့်ကာ ဆွဲဖွင့်လိုက်တော့ လူမရှိသော အိပ်ခန်းက သူ့အား ကြိုဆိုနေသည်။

မောင် ညက အိမ်ပြန်မအိပ်ဘူးလား။ သူ စိတ်ပင်ပန်းသောကြောင့် အစောကြီး အိပ်ပျော်သွားသဖြင့် မောင်ပြန်မလာခြင်းအား သတိမထားမိလိုက်။

စေရာ(Complete)Where stories live. Discover now