Part-27(Uni)

26.9K 1.8K 65
                                    

    မနက်ခင်း ဘုန်းဘုန်းတွေကို ဆွမ်းကပ်ပြီးတဲ့နောက်..နေ့လယ်မှာတော့ လက်မှတ်ရေးထိုးကြသည်..။ လက်ထပ်လက်စွပ်ကိုတော့..အန်တီသူဇာက သူမရဲ့စိန်ဆိုင်မှ ကျွန်တော်တို့အတွက် စိန်လက်စွပ်၂ကွင်းကို..မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးသည်..။

မင်္ဂလာပွဲမလုပ်လိုက်တဲ့အတွက်..မင်္ဂလာပွဲအတွက်ကုန်ကျစရိတ်အားလုံးကို မိဘမဲ့ဂေဟာကို လှူလိုက်သည်..။ ညဘက်မှသာ..ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖိတ်ပြီး..dinner partyအသေးလေးပဲကျင်းပဖြစ်သည်..။ dinner partyကိုတော့..ဦးအိမ်မှာပဲ ကျင်းပဖြစ်တယ်..။

လက်မှတ်ထိုးပြီးတော့...ဦးရဲ့မိဘတွေကို ကန်တော့ကြတယ်..။

"သားတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့တသက်လုံးပေါင်းနိုင်ကြပါစေကွယ်.."

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ..ဖေဖေနဲ့မေမေ..."
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ..အဖေနဲ့အမေ..."

ဦးရဲ့ဖေဖေနဲ့မေမေကို ကန်တော့ပြီးတဲ့နောက်...ကျွန်တော့်ရဲ့ဖေဖေနဲ့မေမေကိုကန်တော့လိုက်တယ်..။

"ဖေဖေကလည်း ကိုသီဟနဲ့မသူဇာပြောသလို..
သက်ဆုံးတိုင်ပေါင်းနိုင်ကြပါစေကွယ်..."

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ..ဖေဖေ..."
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ..ဦးလေး အယ် အဖေ..."

"အဟက်...မောင်နေမင်းကတော့...
အခုထိ ဦးလေးဆိုတာ မပျောက်သေးဘူးကွာ.."

"နောက်တစ်ခါမဖြစ်စေရပါဘူး..အဖေ..."

"အေးပါကွာ...အေးပါ.."

"အင်း...အမေကတော့ မောင်နေမင်းကိုပဲမှာချင်တယ်...
သားငယ်က နည်းနည်းဆိုးတော့..မောင်နေမင်းဘက်ကပဲ ထိန်းသိမ်းစောင့်ရှောက်ပေးပါလို့ အန်တီပြောချင်တယ်...
ညီလေးတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုရော ဆိုဆုံးမနော်..."

"ဟုတ်ကဲ့ပါ...အမေ..."

"အေးကွယ်...အေးအေး..."

"ဦး...မကြီတို့ကိုပါ ကန်တော့မယ်နော်..."

"အင်းအင်း.."

"လာ..မကြီးရော မလတ်ရော မငယ်ရော လာထိုင်..."

"ကလေး...ဟို...မငယ်က ဦးနဲ့ကျ..."

"ဟုတ်သားပဲ..ငယ်လေးရယ်...
ကိုနေမင်းက မငယ်ထက်ကြီးတယ်လေ...
မကြီးနဲ့မလတ်ပဲ ကန်တော့လိုက်နော်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now