Part-18

26.3K 2.6K 105
                                    

(Zawgyi)🍀🍀🍀🍀

Part-18
(ကိုယ်​...ချစ်​​သော clover..!!..)

ဦးထက်​​နောင်​ ကုမ္ပဏီတွင်​ စာရွက်​စာတမ်း
အချို့ကို လက်​မှတ်​ထိုးပြီးသည်​နှင့်​ ဒီ​နေ့သွား
ဖြစ်​​အောင်​သွားမည်​ဟု ရည်​ရွယ်​ထား​သော...
နေရာသို့ သွားရန်​လုပ်​လိုက်​သည်​..။

ဦးထက်​​နောင်​ သွားမည့်​​နေရာက ပန်းချီပြခန်း
တစ်​ခု..။ တိတိကျကျ ​ပြောရပါက ​ဦးသော်​ထက်
၏ ပန်းချီပြခန်းသို့ပင်​ ဖြစ်​သည်​...။

ဦးထက်​​နောင်​ သူငယ်​ချင်ြး​ဖစ်​သူဦးရန်​မင်း၏...
ဖုန်း​ခေါ်ဆိုမှုများကို စစ်​ကြည့်​လိုက်​​သောအခါ...
မ​တော်​တဆမှုမဖြစ်​ခင်​ နာရီပိုင်းအလိုတွင်
နောက်​ဆုံး​ခေါ်ဆိုထားသူမှာ ​သော်​ထက်​ဖြစ်​သည်​။

ရန်​မင်း အတွင်း​ရေးမှူးမ​လေး၏ ​ပြောပြချက်​အရ
ဖုန်း​ခေါ်ဆိုမှုတစ်​ခုအပြီး CEO ရန်​မင်းသည်​...
အ​ရေးကြီး​သောအစည်းအ​ဝေးက​နေ...
အလောတကြီး ထထွက်​သွားသည်​တဲ့...။

တကယ်​ဘဲ အဲ့ဒီ​နေ့က ဘာ​တွေဖြစ်​ခဲ့တာလဲ။
သေချာတာတစ်​ခုက​တော့ ​သော်​ထက်​နှင့်​...
ကျိန်း​သေ​ပေါက်​ ပတ်​သတ်​နေမည်​ ဆိုတာပင်​..။

ဦးထက်​​နောင်​ လက်​​ထောက်​ဖြစ်​​သော မိုး​ဝေ
ို​ခေါ်ကာ ​သော်​ထက်​၏ ပန်းချီပြခန်းသို့ ထွက်​လာ
လိုက်​သည်​..။ မိုး​ဝေ က ကား​​နောက်​ခန်း၏...
တံခါးကို အဆင်​သင့်​ဖွင့်​​ပေး​သော​ကြောင့်​...
ဦးထက်​​နောင်​ ဝင်​ထိုင်​လိုက်​သည်​...။

မောင်းသူ​နေရာတွင်​ မိုး​ဝေ ​နေရာယူပြီးသည်​နှင့်
ကားနက်​​လေးသည်​ ပုံမှန်​အရှိန်​ဖြင့်​ ကုမ္ပဏီ...
ကားပါကင်​မှ ထွက်​သွား​လေသည်​...။

ကား​နောက်​ခန်းတွင်​ ထိုင်​​နေ​သော...
ဦးထက်​​နောင်​သည်​ ဖုန်းကိုထုတ်​လိုက်​ကာ
အလွ​တ်​ရ​သော နံပါတ်​များကို ရိုက်​နှိပ်​ကာ..
ဖုန်း​ခေါ်လိုက်​သည်​။

တတီတီဖြည်​​နေ​သော ဖုန်း​ခေါ်ဆိုမှုအသံအတိုင်း
ဦးထက်​​နောင်​ လက်​များက ​ရွေ့ လျားနေမိသည်​..။
ဦးထက်​​နောင်​ ၏ ပုံစံက ဖုန်းလာမကိုင်​မည်​ကို..
ဆိုး​နေ​သော ဆယ်​​ကျော်​သက်​အရွယ်​ ​လေးလိုပင်​။

Clover your'e my clover[Completed]Where stories live. Discover now