မင်္ဂလာခန်းမအတွင်းဧည့်သည်တွေအကုန်စုံနေပြီ။အဆင်မပြေသေးတာကသတို့သားနှစ်ယောက်။အ၀တ်လဲအခန်းထဲမှာပွစိပွစိနှင့်။
"မင်းကိုယ်မင်းအရမ်းကြည့်ကောင်းတယ်များထင်နေတာလား"
မှန်ရှေ့မှာဆံပင်သနေတဲ့OffအားGunကလှောင်ကာမေးလေတော့
"အနည်းဆုံးတော့မင်းထက်အရပ်ရှည်တယ်လေ"
Off ရဲ့အဖြေကြောင့်အသေးလေးမျက်နှာနီမြန်းလျက်။
"အရပ်ကအဓိကမဟုတ်ဘူး အဓိက က လုပ်ရည်ကိုင်ရည်ဘဲ ...ကြားလားအဖိုးကြီး"
Off နံဘေးသို့သွားကာပခုံးကိုခပ်ဖွဖွပုတ်လိုက်ကာဆိုလေသည်။
"လုပ်ရည်ကိုင်ရည်ဆိုတာကဘာကိုပြောချင်တာလဲ"
မျက်ခုံးတစ်ဖက်ပင့်ရင်းမျက်နှာအားနီးကပ်စွာမေးလိုက်ပြီးနောက်လှောင်ပြုံးတစ်ခုထပ်ပြုံးကာ
"ဧကန္တ မင်း ..မင်း "
Gun အားလက်ညှိုးထိုးရင်း
"ငါ့နဲ့ယူပြီးရင်းလုပ်ဖို့ဘဲတွေးနေတာများလား Gun Atthaphan 5555"
ရယ်ကာပြောလေသည်။
"ချီး လဲသေလိုက် မင်းလိုညစ်ညမ်းတဲ့စိတ်ငါ့မှာမရှိဘူး။"
"နေပါဦး ငါက ဘာပြောလို့လဲ အလုပ်လုပ်တာကိုပြောတာလေ"
"အံ့ဩစရာဘဲ ..."
နှစ်ယောက်သားရဲ့စကားနိုင်လုပွဲကတော့မပြီးနိုင်မစီးနိုင်။
အမေဖြစ်သူကထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးစားရင်း၀င်ဖြစ်တာကတစ်ကြောင်း၊ယောက်ျားလေးနှစ်ယောက်မင်္ဂလာပွဲဖြစ်တာကတစ်ကြောင်း၊သတို့သားက entertainment major က moon ဖြစ်တာကတစ်ကြောင်း၊ Gun Atthaphan ဆိုတဲ့သူဌေးသားလေးက Bangkok University Cute Boys Page ရဲ့ အအောင်မြင်ဆုံး cele တစ်ဦးဖြစ်တာကတစ်ကြောင်း ဟိုတယ်အရှေ့မှာသတင်းမီဒီယာပေါင်းစုံမှသတင်းထောက်များကစုံလင်လှသည်။
မင်္ဂလာအချိန်ကျရောက်တာနဲ့လိုက်ဖက်လှတဲ့ယောက်မှာလက်ချင်းချိတ်လျက်မင်္ဂလာလမ်းအတိုင်းလျှောက်လှမ်းလာကြတယ်။ပီတိဖြစ်နေတဲ့မိဘတို့ရဲ့မျက်နှာထားမှာသိပ်ကိုအဖိုးတန်နေပြန်ရော။
