Part 43(unicode)

7.3K 1.3K 334
                                    

Chapter 43;

ကုဖေးသည်ဆိုဖာခုံမှကျောမှီပြီးအမဲသား
မွှကြော်တစ်ဆုတ်အားပါးစပ်ထဲပစ်ထည့်ပြီး
အရသာခံ၍ဖြည်းဖြည်းချင်းဝါးနေ၏။
"နောက်တော့ရော?။"

ကျန်ချန်သည်လက်ထဲမှာကိုင်ထားသော အမဲ
မွှကြော်ထုတ်ကိုလက်ဖဝါးပေါက်ထွက်မတတ်
စိုက်ကြည့်မိ၏။ ကုဖေးကမေးလာမည့်နောက် မေးခွန်းကိုသူမှန်းကြည့်စရာမလို​ေပ။ သာမာန်
လူတစ်ယောက်အနေနှင့်ထိုမေးခွန်းအားဆက်
မေးတာသဘာဝဖြစ်၏။

ကုဖေးက ဆက်မေးသည်။
"မင်းလည်း ရည်းစားထားဖူးလား။"

ကျန်ချန် စိတ်ထဲမှသက်ပြင်းအခါခါချမိ၏။

သူမလိမ်ချင်ပေမယ့်၊ထိုကိစ္စကိုဆွေးနွေးချင်
စိတ်လည်းမရှိပေ။သူက အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် အဆင်ပြေသည့်သဘော
မသက်ရောက်စေချင်ပေ။

ထိုမေးခွန်းမေးပြီးနောက်,ကုဖေးကအရက်ကို
ဇိမ်ခံသောက်နေပြီး နောက်ထပ်မေးခွန်းမမေး
တော့ချေ။

သို့သော်,သူ့ရဲ့ထောက်ထားညှာတာမှုက ကျန်ချန်
ကိုပိုပြီးစိတ်မသက်မသာဖြစ်စေ၏။သူက အရှက်
ရဖွယ်ကိစ္စလုပ်ခဲ့မိသကဲ့သို့ ၊စကားပင် မပြောထွက်ပေ။

"အရင်က,"
ကျန်ချန် ခဏတုံ့ဆိုင်းသွား၏။
"တစ်...တစ်ယောက်...ကောင်မလေးတစ်ယောက်ထားခဲ့တယ်။အာ,ဒါ...ဒါပေမယ့်... ချစ်သူလို့ပြောလို့မရဘူး။သူ(မ)က ငါတို့အတန်းထဲကပဲ။"

"ကောင်မလေး?။"
ကုဖေးက သူ့ကိုအံ့သြတကြီးလှည့်ကြည့်လာသည်။

"အင်း။"
ကျန်ချန်စီးကရက်နောက်တစ်လိပ်အားမီးညှိလိုက်၏။အခန်းထဲရှိမီးသွေးမီးဖိုသည်တမြေ့
မြေ့လောင်ကျွမ်းနေပြီး နွေးထွေးသောလေထု
ကသူတို့ကိုလွှမ်းခြုံထား၏။ သူတို့ ခန္ဓာကိုယ်
အတွင်းရှိအရက်အပူရှိန်ဟာပိုတောက်လောင်
လာပြီးတက်ကြွလာစေ၏။ယခုလက်ရှိအခြေ
အနေက တစ်စုံတစ်ယောက်ကိုပြောချင်သော
စကားများကို ပွင့်ပွင့်လင်းလင်းပြောနိုင်သည်ဟူသောခံစားချက်မျိုးပေးစွမ်းနေလျှက်။
"သူက ငါ့အရှေ့စားပွဲမှာ ထိုင်တာ။"

"အိုး။"
ကုဖေးရဲ့အကြည့်က သူ့ဆီမှာ ရှိနေသေး၏။
"မင်းကို မိန်းကလေးကိုလက်ခံနိုင်မှာမဟုတ်
ဘူးလို့ထင်ခဲ့တာ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now