💜 S3 EP - 24 💜

75.2K 7.8K 1.4K
                                    

Unicode...
>>>>>>>>

.
.

Demon အပြင်မှာဆေးလိပ်ထွက်သောက်ကာတစ်စုံတစ်ခုကိုလေးနက်စွာတွေးတောရင်း ထိုကိစ္စကြောင့် Demon ရင်ထဲမှာခံစားမှု့တစ်မျိုးပိုတိုးလို့လာခဲ့သည်။

ပြခန်းအပြင်ဘက်ရှိ မိန်းလမ်းဘေးပလပ်ဖောင်းတွင် ဓာတ်တိုင်ကိုမှီ၍ခြေထောက်တစ်ချောင်းကိုအောက်ဘက်ချကာ ကျန်တစ်ချောင်းကိုထောင်လျှက်ဆေးလိပ်ကိုင်ထားတဲ့လက်ကိုဒူးပေါ်တင်ထားသည်။ တစ်စတစ်စနှင့် ပြခန်းအတွင်းရှိဧည့်သည်တွေပြန်နေပြီမို့ Demon လက်ထဲကဆေးလိပ်ကိုဖိချေကာမီးသတ်လိုက်ပြီး ပြခန်းထဲပြန်ဝင်လာခဲ့သည်။

Demon ပြခန်းထဲရောက်တဲ့အချိန်မှာ ဘုန်းပြည့် နှင့် Ban ဟာ တစ်ခုခုကိုစိုးရိမ်ပူပင်နေတဲ့မျက်နှာ
တွေနဲ့ပြာယာခတ်စွာသူတို့လူတစ်ချို့တစ်စုံတစ်ခုအမိန့်ပေးခိုင်းစေနေသည်။ Suzan ဆိုသည့် သူမ သည်လဲမျက်နှာမှာစိုးရိမ်မှု့တွေနှင့်ပင်။ ထိုထဲမှာ ပုံမှန်မျက်နှာနှင့်အေးဆေးစွာနေသူဟာ Kinsley တစ်ယောက်ပဲရှိသည်။

" ဘာဖြစ်နေတာလဲ "

ဘုန်းပြည့် ဟာ Demon ကို မြင်တာနဲ့ချက်ချင်းရောက်လာပြီး...

" နှိုင်း မဟုတ် Lucas က မင်းနဲ့အတူလား "

" မဟုတ်ဘူး.. ဘာလို့လဲ ကိုကိုဘာဖြစ်လို့လဲ "

" Lucas ပျောက်နေတာ တစ်နာရီလောက်ရှိပြီ Mr'H တို့ကိုနှုတ်ဆက်ဖို့အတွက်လိုက်ရှာနေတာ ခုထိပဲလုံးဝမတွေ့ဘူး "

" ဘာ !! "

နှိုင်း ပျောက်နေတဲ့စကားကြားတာကြောင့် Demon ချက်ချင်းစိုးရိမ်သွားပြီးရင်ထဲမှာတင်းကျပ်လာတော့သည်။

ထိုစဥ် လုံခြုံရေးတစ်ယောက်က ဘုန်းပြည့်ဆီအပြေးအလွှားရောက်လာသည်။

" ဆရာ ကျွန်တော်တို့ သန့်စင်ခန်းထဲက ဒီပစ္စည်းကိုတွေ့ခဲ့တယ် လူတော့ဘယ်မှာမှရှာမမတွေ့ဘူး"

Demon သည် လုံခြုံရေးလာပေးတဲ့ ဆွဲကြိုးကိုလုယူကြည့်လိုက်ပြီး သူ့မျက်လုံးဟာ သားရဲတစ်ကောင်လိုလူသတ်ငွေ့အပြည့်နှင့်စူးရဲကာအမှောင်ဖုံးနေတော့သည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now