Part-30(Uni)

24.7K 1.8K 91
                                    

"Ringing....Ringing...."

"ဦး ခဏလွှတ်ဦး...
ဖုန်းလာနေတယ်...လွှတ်ဦး...
ဖုန်းကိုင်လိုက်ဦးမယ်..."

ဖုန်းလာနေတာမို့..ဖုန်းလှမ်းကိုင်မလို့ကို မလွှတ်ပေးဘဲ အတင်းဖက်ထားတဲ့ဦးကြောင့်..ဖုန်းကို လှမ်းယူလို့မရဘဲဖြစ်နေသည်..။

"ဟင့်အင်း...ဆက်အိပ်ဦးမယ်..."

"အင်း...ဆက်အိပ်မယ်...
အခု ဖုန်းလေးခဏပဲကိုင်လိုက်မယ်နော်...
ဦးကပြန်အိပ်နေ..."

"အင်းအင်း..."

အိပ်ချင်မူးတူးဖြစ်နေတဲ့ဦးကို ပြန်အိပ်ဖို့ပြောရင်း..ဖုန်းကိုကောက်ကိုင်လိုက်တယ်..။

"Hello!..."

"Hello!...ယောက်ဖ...
ဟေ့ကောင် မင်းကအိပ်တုန်းပဲရှိသေးတယ်လား..."

"မအိပ်လို့...ငါက ကနေရမှာလား..."

"မင်းတို့ည ညဉ့်နက်ထင်တယ်...
အခုချိန်ထိအိပ်နေတယ်ဆိုတော့...ဟားဟား.."

"ေ-ာပဲ ဟေ့ကောင်...
ပြောစရာရှိတာမြန်မြန်ပြော...
ငါပြန်အိပ်ဦးမှာ..."

"ဟင်း....ဒီမနက်အောင်စာရင်းထွက်တယ်လေကွာ..."

"ဟုတ်လား...
မင်းအောင်တယ်မလား..."

"ဟမ်...မင်းက မင်းအတွက်စိတ်မပူဘူးလား..."

"ငါအောင်မယ်ဆိုတာ ငါသိတယ်...
မင်းအောင်လားလို့ ငါမေးနေတာ.."

"အဟက်...ဟုတ်ပါပြီကွာ...
ငါလည်းအောင်တယ်..မင်းလည်းအောင်တယ်..
တော်တော်များများလည်း အောင်ကြပါတယ်..."

"ဒါပဲမလား....ပြောပြပေး ကျေးဇူးကွာ...
ငါ ပြန်အိပ်လိုက်ဦးမယ်..."

"နေပါဦးကွာ...ငါတို့ဘွဲ့ရတော့မယ့်အထိမ်းအမှတ်အနေနဲ့ ဒီညသောက်ကြမလို့..မင်းကို လိုက်ခဲ့ဖို့ခေါ်နေတာ..."

"အေး လိုက်မယ်လေ..."

"မင်းဦးကိုတော့ ခေါ်မလာနဲ့တော့...
အကုန်လုံးရှိန်ပြီး မသောက်ရဲဖြစ်နေကြလိမ့်မယ်..."

"အေးပါကွာ....
အဲ့တာဆို မင်းငါ့ကိုလာခေါ်လေ..."

"အေးအေး...အဲ့တာဆို ဒါပဲလေ...
မင်းတို့ရဲ့ မနက်ခင်းလေးကိုနှောင့်ယှက်မိသွာရင် sorryပါကွာ...
ဆက်ပြီး ကြည်နူးလိမ့်ပါဦး...
ဒါပဲ..ဒါပဲ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now