Cha-2

12.1K 1.9K 134
                                    

[Unicode]

ယွီချင့်ဟွမ်သည် လျိုကျားအန့်ကို မယုံနိုင်သဖွယ်ဖြစ်​နေ​သော ပြူးကျယ်​နေသည့်မျက်ဝန်းများဖြင့် ကြည့်​နေသည်မှာ နဂို​သေးသွယ်သည့်မျက်နှာမှာ ပို၍ပင်သေးငယ်သွားသ​ယောင်။

၎င်းကို လျိုကျားအန့် မြင်လိုက်လျှင် သူ၏ရှားပါးလှသည့် အပြုံးတခုကို​ဖော်ပြလိုက်ပြီး

"အချိန်ဖြုန်း​နေတာ​တော်​လောက်ပြီ....မင်းသရုပ်​​ဆောင်ရမယ့်အပိုင်း​တွေအတွက် ငါ​နဲ့အတူ လူ​ရွေးခန်းလိုက်ခဲ့တော့...ငါမင်းရဲ့သရုပ်​ဆောင်စွမ်းရည်ကို​သေချာ​လေ့လာရဦးမယ်...ဒါမှလိုအပ်တာ​တွေ ကြိုတင်စီစဥ်ထားလို့ရမှာ"

"ဒါရိုက်တာလျို ဒီကိစ္စက အဆင်မ​ပြေဘူးလို့ ကျွန်​တော်ထင်တယ် "

ယွီချင့်ဟွမ် နေရာမှာတင်ရပ်ပြီး​ ပြောလိုက်၏။
သူသည် သူကိုယ့်သူ ထင်​ယောင်ထင်မှား​တွေ ဖြစ်​နေသည်ဟုပင် ​တွေးမိလာသည်အထိပင်။

ဒါဘယ်လိုကံ​ကောင်းမှုကြီးလဲ!!!"

ဒါရိုက်တာလျိုမှာ ယွီချင့်ဟွမ်၏ သူ့မန်​နေဂျာအ​ပေါ် သိမ်းသွင်းနားချ​နေသည်ကို မ​တော်တဆ ကြားသွားပြီး ထို့​ကြောင့်ပဲ လျိုကျားအန့်က သူ့အ​ပေါ် အထင်ကြီးလေးစားသွားပြီး ရက်​ရောအားကြီးစွာဖြင့် ယွီချင့်ဟွမ်ကို ဒီဇာတ်​ကောင်​နေရာကို​ ပေးလိုက်​တယ်။

အကယ်၍ ဒီကိစ္စသာ အတိတ်ဘဝတုန်းကဖြစ်ခဲ့တာဆိုရင် အိမ်မက်ထဲအထိ​တောင် သူပြုံး​ပျော်​နေမိမှာပင်။ ဒါ​ပေမယ့် ခုချိန်မှာ​တော့အ​ခြေအ​နေ​တွေက ကွဲပြားမတူ​တော့ပေ။

သူ့တွင် ကြီးပွားတိုးတက်လိုပြီး အမြင့်သို့ တက်လှမ်းချင်သည့် စိတ်ဆန္ဒမရှိ​တော့​ပေ။ သူသည် နာမည်ကြီး​ကျော်ကြားမှုကိုလည်း
မမက်​မောမိတော့​ချေ။

"သူဟာတကယ့်ကို ​ဖျော်ဖြေ​ရေး​လောကထဲက နှုတ်ထွက်လို့ ​ကောင်းမွန်​ပျော်ရွင်စရာ​ကောင်း​သော Relationship တခုသာလိုချင်​တော့တယ်
အို​ကေလား !!!!"

သို့​သော် ပြောရမည်ဆိုလျှင် အတိတ်ဘဝတုန်းက သူ၏ကံသည် အမြဲတမ်းဆိုးရွားစိတ်ပျက်ဖွယ် ​ကောင်းသည့်ထဲတွင်ပါ​လေ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now