Chapter - 2(My Daddy)

31.5K 2.8K 83
                                    

Zawgyi

ကုတင်ပေါ်က ဆင်းသည့်အချိန်မှာ... ဖြူဖွေးတဲ့ပေါင်တံသွယ်သွယ်လေးကို မြင်လိုက်ရပြီး...သည်ဒီသေးသွယ်တဲ့ပေါင်တံကို ကြည့်ချင်းအားဖြင့်... အေး ငါဝင်ထားတဲ့ခန္ဓာကိုယ်က ချစ်စရာကောင်းတဲ့ ကလေးငယ်typeဖြစ်ပုံရသည်၊ မှန်တင်ခုံပေါ်မှာ ပေါ်နေသည့် သူဝင်ထားသည့် ခန္ဓာကိုယ်ကို မြင်သည့်အချိန်မှာ သူခန့်မှန်းတာမှန်သားပဲဆိုသည့်မျက်နှာထားနဲ့ ဖြစ်နေပေမယ့် မှန်ထဲရှိကောင်လေးရဲပုံရိပ်လေးကတော့ ချစ်စဖွယ်ပင်၊ အနက်ရောင်ပျော့ပြောင်းထိဆံပင်များဟာ မျက်ခုံးပေါ်ထိရှိနေကာ...ဝိုင်းစက်နေသောမျက်လုံးလေး စိမ်းနုရောင်မျက်ဝန်းလေးနဲ နေနဲ့လ ရွှေနဲ့မြလိုပင်၊ နှာတံလုံးလုံးလေးဟာလည်း ပန်းချယ်ရီရောင်လိုသန်းနေသည့် နူတ်ခမ်းလုံးထွေးထွေးနဲ့ လိုက်ဖက်စွာရှိနေသေးသည်၊ လော့ရှန်ဟွာရဲ့ ရုပ်ရည်မျိုးဟာ ဖြူစင်သည့်ကလေးငယ်ပုံစံလေးလိုပင်၊ဒါပေမယ့်...အရင် လော့ရှန်ဟွာက သူရဲ့ရုပ်ရှည်ကို အသုံးမချတတ်ပဲ မိုက်မဲသည့်လုပ်ရပ်များကိုသာ ထိုင်လုပ်နေခြင်းဖြစ်သည်၊

သူကတော့ မတူပေ၊ အေးအေးချမ်းချမ်းနေခွင့်လား ငါလီရှန်းဟွာမလိုချင်ဘူး! ဟိုခွေးလင်မယားကို ကလဲ့စားချေပြီး ရောက်ချင်တဲ့ဘဝ ရောက်ပါစေ ...အဲ့နှစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့နေထိုင်နေသ၍ သူအသက်ရှူရမဖြောင့်တန်းပေ၊ဒါပေမယ့် အခုချိန်ဟာ သူအင်အားနည်းနေတုန်းပဲ လီကုမ္ပဏီကလည်း သေချာပေါက် ဟိုခွေးလင်မယားလက်ထဲရောက်နေလောက်ပြီ...၊သူချက်ချင်း ပြန်ကလဲ့စားချေခွင့်ရမှာမဟုတ်ဘူး... လော့မိသားစုက လော့ကျန်းပေ့ကို သူသိသည်၊လီမိသားစုနဲ့ နှိုင်းယှဉ်လို့မရအောင် လော့မိသားစုရဲအင်အားဟာကြီးမားလွန်းတယ်၊လော့ကျန်းပေ့က တစ်ဦးတည်းသောဆက်ခံသူပဲ၊သူရဲ့ဂုဏ်သတင်းတွေကို လီရှန်းဟွာကြားဖူးပေမယ့် တစ်ခါမှမမြင်ဖူးတာကြောင့်...လော့ကျန်းပေ့သာ သူ့နောက်မှာကူညီစောင့်ရှောက်ပေးခဲ့မယ်ဆိုရင်... စိုးရိမ်စရာမလိုပေ၊ဒါပေမယ့် Missionက အဲ့လူကြီးကို မြူဆွယ်ရန်တဲ့လား ငါအသက်ကြီးတဲ့သူတွေကို သဘောမကျဘူးလေ...ပြီးတော့

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now