Part 45(unicode)

7K 1.3K 328
                                    

Chapter45;

ကျန်ချန်မှဒုတိယမြောက်ကမ်းပေးတဲ့စာရွက်
များအားကုဖေးလှမ်းယူပြီးစာရွက်ကိုသေချာ
ဖြန့်ကြည့်လိုက်သည်။စာရွက်ပေါ်မှာရေးထား
တဲ့နာမည်မှကုဖေးဖြစ်ကြောင်းသေချာအောင် အတည်ပြုလိုက်၏။ဝမ်ရွှိနှင့်တခြားလူများရဲ့
နာမည်မဟုတ်ကြောင်းသေချာလျှင်စာရွက်ပါအကြောင်းအရာများကို သူ အသံကျယ်ကျယ်
နှင့်ဖတ်လိုက်တယ်။
"အထက်တန်းဒုတိယနှစ်တန်းခွဲ(၈) ,ကုဖေး။
စီကျုံးကျောင်းရဲ့ကျောင်းသားတစ်ယောက်
အနေနဲ့...အာ...ကျွန်တော်...အဆောက်အဦး...
အော...ကျောင်းစည်းကမ်းကို ချိုးဖောက်မိပါ
တယ်။ ကျောင်း... ကျောင်းနောက်ကျခြင်းက
...အာ.. ကျောင်းနောက်ကျခြင်းကမဖြစ်သင့်
တဲ့အမှားပါ၊ကျွန်တော်ကကျောင်းနောက်ကျ
ရုံမကအုတ်တံတိုင်းကိုလည်း...အာ...ကျော်ခဲ့
တယ်။ကျောင်း အုတ်တံတိုင်းကို ကျော်တက်
တဲ့အပြင် ကျွန်တော့်အမှားများကို ထပ်ထည့်
ပေါင်းရင်..."

ကျန်ချန်သည်အကြောင်းရာတိုင်းကိုအကျယ်
တဝင့်ရေးထားပေမယ့်၊လက်ရေးစုတ်လွန်း၏
ကမ္ဘာအားတုန်လှုပ်စေမည့်လက်ရေးစုတ်လွန်း
၏။ကုဖေးသည်အကြောင်းအရာများကိုအော်
ဖတ်ရင်းစင်အောက်ထပ်ကလူအုပ်၏ ရယ်သံ
များကိုသည်းခံပြီးနားထောင်နေရသည်။

"ကျွန်တော်တို့ကတတိယနှစ်ရောက်ဖို့စာသင်
နှစ်တစ်​ဖြတ်ပဲကျန်တော့တာကြောင့်...."
ကုဖေးသည်စာရွက်ကို ပြူးပြဲကြည့်လိုက်၏။
တတိယနှစ်ရောက်ဖို့ကဘာအရေးကြီးလို့လဲ။
"ကျွန်တော့်အမှားကိုပြင်ပါ့မယ်လို့ကတိပြုပါ
တယ်။ကျောင်းစည်းကမ်းကိုလိုက်နာပါ့မယ်။ကျောင်းကို နောက်ကျမှလာပြီး... အစောကြီး
မပြန်ပါဘူး။ပြီးတော့ အုတ် တံတိုင်း မကျော်
တော့ပါဘူး...အာ...သစ်ကိုင်းပေါ်ကျော်တက်
တာလည်းမလုပ်..."

သစ်ကိုင်းပေါ် ကျော်တက်တာဘာကိစ္စပါ
လာတာလဲ?သောက်ကျိုးနည်း!

နောက်ဆုံးစာကြောင်းကိုရောက်လာလျှင် သူ စိတ်သက်သာရာရစွာ သက်ပြင်ခိုးချမိသည်။
"အပြစ်ပြန်လည်သုံးသပ်သူ...ကုဖေး။ "

"ကုဖေး ကိုယ့်နေရာကိုယ် ပြန်သွားလို့ရပြီ။
နောက်တစ်ယောက်..."
တာဝန်ကျဆရာကစတိတ်စင့်မြင့်ထက်တွင်
အတန်းလိုက် တန်းစီရပ်နေတဲ့လူတွေကို ဝေ့
ကြည့်ပြီးမှ သူ့ပစ်မှတ်ကိုရွေးချယ်လိုက်၏။
"ကျန်ချန်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now