Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း

32.6K 1.3K 113
                                    

Unicode

အခန်း(၁၉၉) - ညီငယ်လေးကိုငြင်းပယ်ခြင်း

အကြီးအကဲများမှာဘာမှမတတ်နိုင်ပဲ တစ်ချိန်တည်းမှာတွေးမိကြတော့သည်။

ပြောချင်တာကတော့ဒီလင်ရွှမ်းဇီဆို တဲ့ကောင်စုတ်လေးကစကားတစ်ခွန်း နှစ်ခွန်းလောက်သာမာန်ကာလျှံကာ ပြောလိုက်တာနဲ့လုံးဝကိုတားဆီးလို့ မရတော့တဲ့ဒုက္ခအကြီးအကြီးကိုဆွဲ ဆောင်လိုက်နိုင်တာပေါ့-စတုတ္တအကြီးအကဲပိုင်ကအဲ့ဒါကို သူ့နှလုံးသားထဲထိထည့်လိုက်ပြီဟ!

အကယ်၍ဒါကပြောဖို့မထိုက်တန်သေး ဘူးဆိုရင်ပြောဖို့ထိုက်တန်တဲ့တစ်ခုခု ဆိုရင်ကမ္ဘာကြီးတောင်ဇောက်ထိုးဖြစ် သွားမှာမဟုတ်ဘူးလား?

စတုတ္တအကြီးအကဲပိုင်ကအမြဲတမ်း လွတ်လပ်ပေါ့ပါးစွာထိုင်တဲ့သူဖြစ်ကာ စားတာ၊ဝတ်တာနဲ့အသုံးအဆောင်တွေ ကအစဘယ်တုန်းကမှဂရုမစိုက်ခဲ့ပေ။ ဒါ့အပြင်သူကလိုအင်ဆန္ဒမရှိတဲ့ဗုဒ္ဓလို မျိုးဘာကိုမှလည်းမတောင်းဆိုဘူး ဘူးဖြစ်သည်။သူကချစ်ခင်ဖွယ်ကောင်း ပြီးအသိဉာဏ်ရှိတဲ့လူတစ်ယောက်ပင်။

သို့သော်သူတစ်ခုခုဆုံးဖြတ်ပြီးတာနဲ့ သူတောင်းဆိုတဲ့အရာကိုသဘောမတူ မချင်းလူတွေကိုနားသွေးထွက်တဲ့အထိ မရပ်မနားလိုက်ပြောနေမှာဖြစ်ကြောင်း ကိုတော့အားလုံးသိထားကြသည်။

ပိုပြီးအရေးကြီးတာကအဲ့ဒီလူတွေက လည်းပိုင်မိသားစုထဲမှာအခွင့်အာဏာ ရရှိထားပြီးသားသူတွေဖြစ်ကာစတုတ္တ အကြီးအကဲပိုင်အားဟင့်အင်းလို့မပြော ရက်ကြတဲ့သူများဖြစ်နေသည်။ပြီးတော့ လည်းဒါကငယ်စဉ်ကတည်းကပျောက် ဆုံးသွားခဲ့၍အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ ရပြီးအခက်အခဲတွေအများကြီးကျော် ဖြတ်ပြီးမှနောက်ဆုံးပြန်ရှာတွေ့ထားရ တဲ့သူတို့ရဲ့ညီငယ်လေးဖြစ်နေသည်လေ။

တစ်ခုခုကိုလုပ်ဆောင်တဲ့အချိန်မှာ အရေးကြီးဆုံးအပိုင်းကိုနားလည် သင့်သည်။စတုတ္တအကြီးအကဲပိုင်ကို ဆုပ်ကိုင်လိုက်ခြင်းကလင်ရွှမ်းဇီဟာ ပိုင်မိသားစုရဲ့အသက်သွေးကြောကို ဆုပ်ကိုင်လိုက်သည်ဟုဆိုလိုနိုင်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now