သူနှစ်ကိုယ် ချစ်ကြည်နူးနေတဲ့အချိန်မှာတော့ အမှတ်တရဆိုတာ နှစ်ဦးလုံးရဲ့စိတ်မှာ အရာရာလှပနေတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ။
ဒါပေမဲ့ အမုန်းဆိုတဲ့ ကြားခံနယ်လေးဝင်လာတဲ့အခါမှာတော့ ပန်းချီကားလည်း ကျကွဲပျက်စီးပြီး အမှိုက်ပုံးထဲကိုရောက်သွားရတာပါပဲ။
အရာရာဟာ မတည်မြဲပါဘူး။
ဒီအတွက် ကျနော်တိြ့က ကိုယ်ပိုင်ဆိုင်တာတွေကို မတွယ်ကပ်နေသင့်ဘူးလေ။
ဥပမာပြောရရင် ကိုယ့်ကို အလိမ်အညာပေါင်းများစွာခြံရံပြီး အချစ်ဆိုတာ ဘယ်နားကရှာမလဲတောင်မသိတဲ့ လူတစ်ယောက်ကိုပေါ့။.............
မနက်ခင်း နေရောင်ခြည်က အခန်းမှန်ကို ကျော်လွန်ကာ အိပ်ရာထက်မှာ ထွန်းလင်းနေလျက်ရှိသည်။အိပ်ရာထက်မှာတော့ နေက သူ့တစ်ကိုယ်လူံးထိုးတောင် မထတဲ့ သကောင့်သားလေးတစ်ကောင်တော့ရှိနေသည်။
ဒီသကောင့်သားကို နိုးဖို့ရာ ဒေါ်ပုလဲ အပေါ်အခန်းဆီသို့ တက်လာသည်။
"ဟဲ့ ရှိန်းစစ်ပိုင်!!!!အခုထမှာလား ဒုတ်ကောက်နဲ့ လာတွယ်ရမလား"
အိမ်မက်မက်ကောင်းနေတဲ့အချိန်ကျမှာ ခုနှစ်အိမ်ကျော်ရှစ်အိမ်ကြားvocal powerဖြင့် အော်နိုးပါလေတဲ့ ရှိန်းစစ်ရဲ့အဒေါ်အပျိုကြီး ။
ရှိန်းစစ် အိပ်ရာထက်မှာ ရှုံမဲ့စွာနဲ့ထကာ ရေချိုးကန်ဘက်ကို မျက်နှစ်သစ်ဖို့ထွက်လာခဲ့သည်။
"တစ်ခါထဲ ရေပါချိုးလိုက်တော့ ကျောင်းကို သန့်သန့်ရှင်းရှင်းသွားစမ်း"
"ရေမချိုးလည်း ရှိန်းစစ်ဟန်တို့က သန့်ပြီးသား စိုးရိမ်စရာမလိူဘူး ဒေါ်လေးရေ"
ရေချိုးနေရင်းနဲ့ အဒေါ်စကားကို ချေပလိုက်သည်။ဒါပေမဲ့လည်း ဒေါ်လေးရဲ့စကားနာထိုးမှုကြီးကတော့ မပြီးမြောက်သွားပေ။
"ဟဲ့ အဲ့လိုဆိုလည်း တစ်ကိုယ်ရေသန့်ရှင်းမှုကတော့ အမြဲရှိသင့်တယ်လေ လူကဖြင့် မဟာတန်းကျောင်းသား စာသာတော်တာ ကျန်းမာရေးဗဟုသုတကတော့ နည်းချက်အေ"
ရှိန်းစစ်ရေချိုးပြီးလို့ အဝတ်လဲပြီးတော့ကို ဒေါ်လေးကတော့ ပြောမပြီးသေး။ရှိန်းစစ်ပြုံးမိသည်။တစ်ဦးတည်းသာရှိတော့တဲ့ သူရဲ့ဆွေးမျိုးရင်းချာ ဒီအဒေါ်ကို သူဘာမှ ပြန်မချေပတော့ဘဲ အဒေါ်ပြင်ပေးတဲ့ ထမင်းကြော်ကိုသာ အသာထိုင်စားလိုက်တော့သည်။
YOU ARE READING
Story Collection ( zawgyi & unicode )
Short StoryShort storyဖန်တီးမှုလေးတွေပါ challengမှာရေးထားတာရော သီးသန့်ဖန်တီးမှုလေးတွေကိုပါ collectionပြုလုပ်ထားခြင်းဖြစ်ပါသည် Shar_930 Short storyဖန်တီးမှုလေးတွေပါ challengမှာရေးထားတာရော သီးသန့်ဖန်တီးမှုလေးတွေကိုပါ collectionပြုလုပ်ထားခြင်းဖြစ်ပါသည် Shar_930