အခန်း (၁၅)/ခ

5.3K 671 22
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

https://www.novelupdates.com/HusbandBeAGentleman

--------------------

ဖေ့ကျင်း ရန်​ရှီးနဉ်​ မိဘအိမ်​အတွက်​ လက်​ဆောင်​ပစ္စည်းများ ကြိုပြင်​ထားခဲ့သည်​။

ရန်​ရှီးနဉ်​လည်း တန်​ဖိုးကြီး လက်​ဆောင်​များကို ကြည့်​ရင်း ကုန်​ဆုံးသွားရမည့်​ ငွေကြေးဥစ္စာတို့အတွက်​ ရင်​နာနေမိတော့၏။

"ဒါ မင်းခင်​ပွန်းက မင်းရဲ့ တန်​ဖိုးကို မြှင့်​တင်​ပေးတာလေ" ဟု ဖေ့ကျင်းကတော့ ပြောသည်​။

ခင်​ပွန်းသည်​က ဇနီးဖြစ်​သူ၏ မိဘအိမ်​ကို အဖိုးတန်​ လက်​ဆောင်​ပစ္စည်းများ ပေးပို့သည်​မှာ ဇနီးကို တန်​ဖိုးထား မြတ်​နိုးသည့်​သဘောဖြစ်​ကြောင်း ရန်​ရှီးနဉ်​ နားလည်​ထားသည်​။ ဖေ့ကျင်း ရင်​ထဲမှာ သူမက နေရာကြီးကြီးမားမား ယူထားမိမှန်းလည်း သူမကိုယ်​၌က သိထားသည်​။ "အစ်​ကိုကြီး... တခြားလူတွေက ရှင်​ ကျွန်​မအဖေဆီက ထောက်​ခံမှုလိုချင်​နေတယ်​လို့ ထင်​သွားမှာ မစိုးဘူးလား"

ဖေ့ကျင်း ချက်​ချင်းတော့ ပြန်​မဖြေဖြစ်​။ သူ ရန်​ရှီးနဉ်​ မျက်​နှာကိုသာ တစိမ့်​စိမ့်​ဆက်​ကြည့်​နေခဲ့သည်​။ ရုတ်​တရက်​ သူ တစ်​စုံတစ်​ရာကို အမှတ်​ရမိသွားဟန်​တူ၏။ သေတ္တာတစ်​လုံးထဲကနေ ဆံထိုးတစ်​ချောင်း ထုတ်​ယူလိုက်​လေသည်​။ ထိုဆံထိုး၏ အဖျားမှာတော့ ပုလဲသုံးလုံးနှင့်​၊ ရွှေနေခြည်​ ရောင်​လဲ့လို့ နေ၏။ သူက ရန်​ရှီးနဉ်​ ဆံနွယ်​တွေကြား အနှီဆံထိုးကို စိုက်​ထိုးပေးလိုက်​သည်​။ "ချစ်​ဇနီး... ဒီဆံထိုးက အချစ်​ ဝတ်​စုံနဲ့ လိုက်​ဖက်​တယ်..." 

ရန်​ရှီးနဉ်​ကတော့ ဘာ ထင်​မြင်​ချက်​မှ မပြောတော့။ သူမ ဘာများ ပြောနိုင်​မှာမို့လဲ။ သူမ ဖခင်​ကို ပေးမည့်​ သေတ္တာထဲက ဆံထိုး၊ သူမကို ဆင်​ပေးသည့်​အတွက်​ ကျေးဇူးတင်​ပေးရမည်​လား။

"လူတွေ ထင်​ချင်​တာ ထင်​ကြပါစေ..." ဖေ့ကျင်းက ခုနက မေးခွန်းကို ပြန်​ဖြေသည်​။ "ကိုယ်​ အပြစ်​ကင်းတာ အသိသာကြီးပဲ၊ အပြင်​လူတွေ ကိုယ့်​ကို ဘယ်​လိုလုပ်​ သံသယဝင်​ရက်​မှာလဲ" သူ အပြောရပ်​လိုက်​ပြီး ရန်​ရှီးနဉ်​ ရုပ်​သွင်​ကို သေချာ စေ့စေ့ ကြည့်​နေပြန်​တော့သည်​။ "ကျောက်​စိမ်းဆွဲပြားလေးရော...?"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now