Chapter - 3 (Plan - 1 )

27.6K 2.6K 68
                                    


Zawgyi

ပြတင်းပေါက်ကနေတဆင့်  နေရောင်ခြည်ဟာကုတင်ပေါ်ရှိ ကောင်လေးရဲ့မျက်နှာပေါ်ကို ကျရောက်လာတော့ ကောင်လေးရဲ့မျက်ခုံးများကြုတ်သွားကာ မျက်နှာကိုစောင်နဲ့ကွယ်ကာ ဖုံးအုပ်လိုက်သည်၊မိနစ်အနည်းငယ်ကြာတော့ နာရီနိုးစက်အသံဟာ ငြိမ်သက်နေသော အခန်းလေးရဲ့လေထုကို ဆူညံစွာနိုးဆွပေးလိုက်တော့သည်... စောင်အောက်ထဲက ကောင်လေးဟာ လှုပ်ရွလှုပ်ရွဖြစ်လာပြီး ခုံပေါ်ရှိ ထိုဆူညံနေတဲ့နာရီနိုးစက်ကို ခေါင်းအုံးနဲ့လှမ်းပစ်ပေါက်ပြီး စောင်ထဲကနေ နိုးတဝက်အိပ်တဝက်နဲ့ထလာပြီး ကုတင်ပေါ်တွေ ငုတ်တုတ်လေးထိုင်ငိုက်နေတော့သည်...

နောက်တခေါက်မြည်လာတဲ့နိုးစက်အသံကြောင့် ကောင်လေးရဲ့အပြာရောင်မျက်ဝန်းများဟာ ဖြေးညင်းစွာပွင့်လာပြီး လက်လေးနှစ်ဖက်ကိုအပေါ်ကိုမြောက်ကာ ခါးလေးကိုကော့ပြီး အပျင်းကြောဆွဲလိုက်တော့ ညဝတ်အင်္ကျီလေးအောက်က ခါးသိမ်သိမ်လေးဟာ မနက်ခင်းအလှနဲ့အတူပေါ်ထွက်လာတော့သည်၊ ထိုနောက် ကုတင်ပေါ်ကနေ ယိုင်တိယိုင်တိုင်နဲ့ဆင်းလာပြီး... ရေချိုးခန်းထဲကို ဝင်သွားပြီး အဖုံးအုပ်ထားသော အိပ်သာခွက်ပေါ်မှာ ထပ်ထိုင်နေရင်း ညတုန်းကမက်တဲ့ပုံပြင်လေးအကြောင်းစဉ်းစားကာ....ပြန်အိပ်ပျော်သွားတော့သည်

[Moon:Hostခင်ဗျ ဒယ်ဒီကို မြူဆွယ်မဲ့အစီအစဉ်ကိုမေ့နေလားခင်ဗျ]ဆိုသည့် အသံကြားမှ မျက်လုံးများဟာ ဖွင့်လာပြီး...

'ငါက ဘာကို မြူဆွယ်ရမှာလဲ.. ငါခဏနေရင် ကုမ္ပဏီသွားရအုန်းမှာ...'

[Moon:Hostခင်ဗျ.... Hostက သေပြီးလို့ သူများခန္ဓာကိုယ်ထဲ ရောက်နေပြီး လော့ကျန်းပေ့ဆိုတဲ့ အဓိကဇာတ်လိုက်ကြီးကို မြူဆွယ်ရဖို့ဆိုတာ မေ့နေလားခင်ဗျ] ဆိုသည့် စက်ရုပ်အသံကြားမှ လော့ရှန်ဟွာလည်း... အိပ်ချင်စိတ်များပယ်သွားကာ...

"ဟုတ်သားပဲ... ဘယ်ချိန်ရှိပြီလဲ"

[Moon: ခြောက်နာရီကျော်နေပြီ...] လို့ ပြောလိုက်တော့
ကိုယ်လက်သန့်စင်ရေချိုးကာ... ထွက်လာရင်း ဟုတ်သားပဲ ဒီခန္ဓာကိုယ်ပိုင်ရှင်က ကျောင်းသားပဲ ရှိသေးတာပဲ...၊ငါတော့စာပြန်ကျက်ရတော့မယ်၊ဟူး...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now