Part-34(Uni)

24.2K 1.7K 40
                                    

"ကျွတ် ကျွတ်...အင်း...လွှတ်...
လွှတ်ပေးလို့..."

မနက်မိုးလင်းလာတာမို့..ထချင်နေတဲ့ကလေးကို မလွှတ်ပေးဘဲ အတင်းတိုးဖက်ထားလိုက်တော့...ကျွန်တော်ရင်ဘက်ကိုတွန်းလွှတ်နေတယ်..။

"ဦးနေမင်းဧကရာဇ် လွှတ်ပေးဆို...
လွှတ်လို့..."

"ဟင့်အင်း...."

"ဟာ...ဦးနေမင်းဧကရာဇ် အိပ်ချင်ယောင်ဆောင်မနေနဲ့နော်...
လွှတ်ပေးလို့..."

"ဟင့်အင်း...ကလေး ဦးကို စိတ်ဆိုးပြေတယ်ပြောမှ လွှတ်ပေးမှာ..."

"ဟွန်း....ဟွန်း....
မလွှတ်ပေးဘူးပေါ့လေ...ရတယ်..."

"အ!...အား!!...
ခွေးပေါက်လေး..."

မပြောမဆိုနဲ့..ရင်ဘက်ကိုကိုက်ချလာတဲ့ကလေးကြောင့်..အယောင်ယောင်အနနနဲ့  လွှတ်ပေးလိုက်မိတယ်..။

"အဲ့တာ ဖက်ထားချင်းဦး...
လူက ရှူးပေါက်ချင်နေပါတယ်ဆိုမှ...
အတင်းလာဖက်နေတယ်..ရှူးထွက်ကျလို့ကတော့ ကိုယ့်ဘာသာလျှော်..." ဆိုပြီး နှုတ်ခမ်းထော်ထော်နဲ့ကျွန်တော့်ကိုပြန်ပြောကာ..ရေချိုးခန်းထဲကိုဝင်သွားတယ်..။

"အဟက်...ဘယ်လိုလေးမှန်းကိုမသိဘူး..."

အင်္ကျီကိုလှန်ကြည့်လိုက်တော့..ရင်ဘက်မှာ သွားရာအကွင်းလိုက်ကြီး ကိုတွေ့ရတယ်..။ အချစ်ရဲ့အမှတ်အသားပေမို့..ကျွန်တော်သဘောကျမိပါတယ်..။

..................

"ကလေး...အမေတို့အိမ်ရောက်ရင် အိမ်ပြန်နေမယ်တို့ ဘာညာမပြောနဲ့နော်..."

"မသိဘူး..."

"ဟာ...ကလေးကလည်း...
လိမ္မာပါတယ်...
သည်းငယ်လေးကလည်း ဘာမှမပြောပါနဲ့...နော်လို့..."

"ဦးနေမင်းဧကရာဇ်...ပြောလို့မပြီးသေးဘူးလား.."

"ကလေးကလည်း..အဲ့လိုကြီးမခေါ်ပါနဲ့...
ဦးတောင်းပန်ပါတယ် သည်းငယ်လေးရာ...
နောက်တစ်ခါမအော်တော့ဘူးလေနော်..နော်လို့...
သည်းငယ်လေး စားချင်တာတွေလည်းဝယ်ကျွေးမယ်လေနော်...
လိုချင်တာလည်း လိုက်ဝယ်ပေးမယ်လေ..."

"ဦး!...ပြောပြန်ပြီလား...
ကျွန်တော့်ကို မုန့်နဲ့မနှစ်သိမ့်နဲ့လို့ပြောထားတယ်လေ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now