PART [3.6] 🔞

45.8K 897 16
                                    

Zawgyi

☪☪☪☪☪☪

မေလျန်း စောင့်နေရင်းနဲ့ အိတ်ထဲက မုန့်လက်ကျန် အကပ်သတ်လေးတွေကို စားလို်က် ရေသောက်လိုက်နှင့် သူ့ကိုစောင့်ကြည့်နေသော ထိုမိန်းကလေးအား စားအုံးမလားဟု ပြောလိုက်သေးသည်။

ထိုမိန်းကလေးက.ခေါင်းလေးခါပြကာ.မစားဘူးဟုငြင်းလိုက်လေသည်။.စားချင်စရာလဲ ကောင်းမနေပေ သူ့ဘာသာတောင် ဝရဲ့လားဟုပင်တွေးနေပုံရသည်။

ရှောင်းသခင်ကြီး ပြန်ရောက်လာပါပြီ ခုနက ချေမိုးနေသော ရှားမိန် ပြာပြာသလဲနှင့် မျက်နှာချိုသွေးကာ
ရှောင်းသခင်ကြီး ကိုစီးကြိုရလေသည်။ပြီးတော့.မေလျန်းအကြောင်းကိုပြောပြီး မောင်းထုတ်လိုက်ရမလားဟုတောင် မေးလိုက်သေးသည်။
ရှောင်းသခင်ကြီး က သူ့အခန်းထဲပို့လိုက်ရန်ပြောပြီး အပေါ်တက်သွားလေသည်။
အိမ်တော်ထိန်း ယန်ကျန်းနှင့် ရှားမိန်ကနောက်ကနေ ရှောင်းခွမ်ဟွိုက် ၏လက်အိတ်ကိုဆွဲကာ နောက်မှ တရိုတသေ ခါးလေးကျို့ကာ လိုက်ပါလာသော်လည်း
မေလျန်းက သူတို့နောက်ကနေ ရင်ကြီးကိုတောင်ကော့ထားလိုက်သေးသည်။

!အောက်မှာထဲက တောင်းပန်ပါတယ်.ခွင့်လွှတ်ပေးပါလို့ ပြောပြီး.ရတာပဲကို အပေါ်သုံးထပ်ထိတက်ရအုံးမယ်.
..
အယ်...ဓာတ်လှေကားတက်ရမှာကို..တော်သေးတာပေါ့ မနက်ကဆိုငါ ပင်ပန်းလိုက်တာ.ဒါကိုဘာလို့မသိရတာလဲ!

အပေါ်သုံးထပ် ရှောင်းခွမ်ဟွိုက်၏ အခန်းရှိရာသို့ တက်သွားကြပြီး အင်္ကျီလဲတာတို့ တစ်ခြားဝေယျာဝစ္စက လန်ယျန်းအလုပ် အိမ်တော်နဲ့တစ်ခြားသခင်ကြီးလိုအပ်တာ လုပ်ဖို့က နွန်းရှားမိန် အလုပ်။ အထဲရောက်တော့ ရှောင်းခွမ်ဟွိုက် က

"မင်းတို့သွားလို့ရပြီ သူ့ကိုထားခဲ့"

လန်ယျန်းနှင့် ရှားမိန်ထွက်သွားရလေသည်။
မေလျန်းကတော့ အခန်းဝမှာပဲ ရပ်နေလျက်သား
!ငါတောင်းပန်လိုက်ရတော့မလား !

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now