💜 S3 EP - 30 💜

77K 7.5K 515
                                    

Unicode...
>>>>>>>>

.
.

Demon အိမ်မှာထိုရက်တစ်ရက်နေပြီး နှိုင်း အိမ်ဆီကိုပဲပြန်လာပြီး ပုံမှန်ရက်အတိုင်းပင်ပြန်နေကြသည် ။

နှိုင်း က Company သွားရမှာမို့ ပြင်ဆင်နေသည် ။ သို့သော် Demon ကတော့ အိပ်ရာကနေအိပ်ချင်မူးတူးနဲ့ နှိုင်း ထတဲ့အချိန် အတူတူထပေမယ့် မျက်လုံးမဖွင့်နိုင်သေး ။

နှိုင်း အဝတ်အစားလဲပြီးထွက်လာတော့ Demon က ခေါင်းအုံးလေးပိုက်ကာကုတင်ခေါင်းရင်းကိုမှီကာအိပ်ငိုက်နေပြန်သည် ။

Demon ညက Calvin တို့အဖွဲ့နဲ့အတူတညလုံး Meeting အတွက်စီစဥ်နေခဲ့ရသည်။ တဖက်ခရီးစဥ်အတွက်လိုအပ်တဲ့အချက်အလက်စုဆောင်းမှု့တွေလုပ်ပြီး ခရီးသွားရမယ့်ကိုညှိနေတာမိုးလင်းသွားမှပြီးသွားသည်။ ဒီမနက် နှိုင်း အလုပ်သွားရန် ထ တဲ့အချိန်မှာ Demon အတွက် ၁ နာရီကျော်လောက်သာ အိပ်ရသေးတာမို့ အတော်လေးအိပ်ချင်နေသည် ။

ခေါင်းအုံးတဖက်နဲ့ အိပ်ငိုက်နေတဲ့ လူဆိုးလေးကိုကြည့်ကာ နှိုင်း ပြုံးမိသည် ။ နှိုင်း က Demon ထိုင်နေတဲ့ ဘေးကိုသွားထိုင်ကာ ပခုံးကိုလက်နဲ့လှုပ်ကာခေါ်လိုက်သည် ။

" မောင် .. မောင်.. "

" ဟင် .. အင်း .. ဝှားးး ကိုကို "

" မောင် မနက်မိုးလင်းမှဝင်အိပ်တာမလား.. ပြန်အိပ်လေ .. ဘာလို့ထပ်မအိပ်တာလဲ.."

နှိုင်း ပြောတော့ Demon က လေးလံနေတဲ့မျက်ခွံကိုအတင်းဖွင့်ဖို့ကြိုးစားပြီး ဖွင့်ကြည့်လာပြီး ချက်ချင်းပဲ နှိုင်း ပေါ်ပေါင်မှာ ခေါင်းလှဲအိပ်လိုက်သည် ။

" ကိုကို အိပ်ရာထသွားလို့လေ.. မောင် အိပ်မပျော်တော့ဘူး "

ကလေးလေးလိုပဲ နှိုင်း ပေါင်ကိုခေါင်းအုံးကာခါးကိုဖက်ထားပြီး သူ့မျက်နှာကို နှိုင်း ဗိုက်မှာကပ်ထားရင်း ပြောနေတော့ ဒီလူသားကဘယ်လိုခံနိုင်ရည်ရှိမလည်းကွာ ။

နှိုင်း က Demon ဆံပင်လေးကိုသပ်ပေးကာ မြတ်နိုးစွာတစ်ချက်နမ်းလိုက်သည် ။

" ကိုကို ရုံးသွားဖို့အချိန်ဘယ်လောက်လိုသေးလဲ"

" မိနစ်နှစ်ဆယ် "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now