Part-22

25K 2.7K 136
                                    

(Zawgyi)🍀🍀🍀🍀

Part-22
(ကိုယ်​...ချစ်​​သော clover..!!..)

GS ကုမ္ပဏီဖွင့်​ပွဲ​နေ့....

နက်​ပြာ​ရောင်​suit တစ်​ထည်​ကို အချိုးအဆစ်​ကျ
သော ခန္ဓာကိုယ်​​ပေါ်တွင်​ ဝတ်​ဆင်​ထား​သည်​...။
နက်​​မှောင်​​နေ​သော ဆံပင်​များကို အ​ပြောင်​သိမ်း
ထားသည်​က အရှိန်​အဝါတစ်​မျိုး ဝန်းရံ​နေသလို..။

ဝတ်​စုံနှင့်​လက်​ဖက်​​အောင်​​ရွေးချယ်​ထား​သော...
နက်​ကတိုင်​ကို လှမ်းယူကာ ​သေသပ်​စွာ..
စည်း​နှောင်​လိုက်​သည်​..။ ​စားပွဲ​ပေါ်တွင်​ တင်​ထား
သော ​လေး​ထောင့်​ဗူး​လေးထဲမှ လက်​ပတ်​နာရီ
ကိုထုတ်​ကာ ဘယ်​ဘက်​လက်​​ကောက်​ဝတ်
တွင်​​နေရာချလိုက်​သည်​..။

ရေ​မွေးသုံးရသည်​ကို သ​ဘောမကျ​သော​ကြောင့်​..
သုံးမ​နေ​တော့..။ ကိုယ်​တစ်​ပိုင်းမြင်​နိုင်​​သော မှန်
ထဲကို တစ်​ချက်​ကြည့်​ပြီးသည်​နှင့်​ ဦးထက်​​နောင်၏
ပြင်​ဆင်​မှုမှာ အဆုံးသတ်​ သွား​လေသည်​..။

"Daddy..."

အခန်းတံခါးပွင့်​လာ​သော အသံနှင့်​အတူ အခန်းထဲ
လှိမ့်​ဝင်​လာ​သော ဦးထက်​​နောင်​၏ ​ဘောလုံး​လေး
ရွက်​စိမ်း။ ဦးထက်​​နောင်​ အဖြူ​ရောင်​ ဝတ်​စုံပြည့်
လေးနှင့်​အူယားစရာ​ကောင်း​နေ​သော ​ဘောလုံး
လေးကို ဆွဲမကာ စားပွဲ​ခုံလေး​ပေါ်တင်​ထား
လိုက်​သည်​။

အဖြူ​ရောင်​ဝတ်​စုံ​လေးနှင့်​ လိုက်​ဖက်​​သော...
လည်​ပင်းနားတွင်​စည်းထားသည့်​ အနီ​ရောင်
ဖဲပြား​လေးကို ​သေချာ​နေရာပြန်​တည့်​​ပေးလိုက်
သည်​..။

"ဒီ​နေ့ Daddy အရမ်း​ချော​နေတယ်​..ဟီးဟီး.."

"အဟား..Daddy ​ဘောလုံး​လေးကလဲ...
အရမ်းချစ်​စရာ​ကောင်း​နေပါတယ်​ကွာ...။
ရွက်​စိမ်း​လေး ကိုကို​ရော.."

ဦးထက်​​နောင် ရွက်​စိမ်း၏ ဆံပင်​​လေးများကို..
သေသပ်​​အောင်​ ပုံသွင်း​ပေး​နေရင်း ​မေးလိုက်
ခြင်းဖြစ်​သည်​..။ ဦးထက်​​နောင် တင်​​ပေးထား
သော စားပွဲ​ပေါ်တွင်​ ​ခြေ​ထောက်​တိုတို​လေးကို
လွှဲယမ်းကာ ကစား​နေ​သော ရွက်​စိမ်းက ​ခေါင်း
လေးကို အနည်းငယ်​​စောင်းလိုက်​ရင်း ပြန်​​ဖြေ
လာသည်​..။

Clover your'e my clover[Completed]Where stories live. Discover now