Part 48(unicode)

7K 1.3K 212
                                    

Chapter 48;

အတန်းထဲ​ကုဖေးပြန်ရောက​်လျှင် စာသင်ချိန်
နောက်​တစ်ချိန်စတော့မည်ဖြစ်ကြောင်း အသိ
ပေးခေါင်းလောင်းသံမြည်လ​ာ၏။သူထိုင်ခုံမှာ
ဝင်ထိုင်လိုက်လျှင်စားပွဲပေါ်မှာမှောက်နေသော
ကျန်ချန်ကသူ့ကိုမမှိတ်မသုန်ကြည့်လာ၏။
"ထင်ထားတဲ့အတိုင်းအမှားအယွင်းမရှိဘူး။မင်းက ပထမပဲ။"

ကျန်ချန်က သူ့ကိုအံ့သြစွာကြည့်လာ၏။
"အာ,မင်းတကယ်သွားမေးခဲ့တာလား။"

"အင်း။"
ကုဖေး ခေါင်းညိတ်လိုက်၏။
"ငါကအရမ်းကိုမှတည်တည်ငြိမ်ငြိမ်ပဲ။ "

ကျန်ချန်က သူ့ကိုကြည့်ပြီးရယ်သည်။

"ဒါပေမယ့်,မင်းရဲ့အမှတ်ပေါင်းကိုမမေးကြည့်
လိုက်ရဘူး။အမှတ်ကြေငြာချက် ထွက်လာရင် အမှတ်ပေါင်းတွက်ကြည့်လို့ရတယ်။ငါ့အထင်
........"
ကုဖေး ခေါင်းမော့ပြီး ရီကျင်းအားကြည့်လိုက်
သည်။
"အတန်းခေါင်းဆောင်ရဲ့အမှတ်က မင်းအမှတ်
ထက်အများကြီးနိမ့်လောက်တယ်။"

"သူ(မ)က ဒုတိယလား?။"

"အင်း,သူကပထမနေရာမရရင်တောင် ဒုတိယ
ဖြစ်နေတုန်းပဲ။ဒါပေမယ့်,စာမေးပွဲမှာသူ(မ)က
တစ်ခါမှအမှတ်ပြည့်မရဘူး။ စီကျုံးရဲ့ရွှယ်ပါ့
ဖြစ်တဲ့သူ(မ)က မင်းလိုမျိုးမြို့ပေါ်ကကျောင်းကောင်းကောင်းမှာတက်ခဲ့တဲ့ ရွှယ်ပါ့ရဲ့ပြိုင်
ဘက်မဖြစ်လာနိုင်ဘူး။"

ကျန်ချန်က ဘာမှမပြောတော့ပေ။

........

မနက်က,ဖန်းကျိသည်သူ့ဆီe-mailတစ်စောင်
ပို့ခဲ့၏။နှစ်ဝက်စာမေးပွဲမှာသူတို့ကိုမေးခဲ့သောမေးခွန်းစာရွက်များအားဓာတ်ပုံ ရိုက်ပြီးပို့ပေး
တာဖြစ်သည်။အင်္ဂလိပ်စာဘာသာရပ် မေးခွန်း
များအားအကြမ်းဖျင်းကြည့်ရုံနှင့် မေးခွန်းများ
သည်စီကျုံးကျောင်းရဲ့မေးခွန်းများထက်ခက်
ခဲမှုအဆင့်မြင့်မှန်းသူသိသည်။ စိုးရိမ်ပူပန်မှုက
သူ့အားရုတ်ချည်းလွှမ်းခြုံလာပြီးအိမ်ပြန်လျှင်
ထိုမေးခွန်းများဖြေကြည့်ဖို့ အစီအစဉ်ဆွဲလိုက်
သည်။သူ့ရဲ့အရင်ကျောင်းမှမေးခွန်းများသည် ဘယ်လောက်ခက်လဲသိချင်မိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now