Chapter - 4(ဟန်စုမင်)

26.5K 2.6K 54
                                    

Zawgyi

ထျန်းဟောက်ကျောင်း... Sမြို့တော်တွင်မှာမက တစ်နိုင်ငံလုံးမှာ Top-1ဝင်သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး လူငယ်အများစုရဲ့အိမ်မက်ဖြစ်ကြသည်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ သူဌေးသားသမီးများသာ တတ်ရောက်တာကြောင့် မင်းရဲ့မိဘတွေမှာ အာဏာမရှိရင် တစ်ကျောင်းလုံးရဲ့ချဉ်ဖက်ဖြစ်လာနိုင်သည်၊ဒါပေမယ့် လူငယ်အချင်းချင်းအနိုင်ကျင့်နှိပ်စက်မှုတွေ ရှိကြပေမယ့်... ထိုကျောင်းကိုတက်ချင်ကြသည့် လူငယ်တိုင်းအိပ်မက်များကတော့ မလျော့နည်းသွားပေမယ့်...

ကျယ်ဝန်းလှပတဲ့ကျောင်းဝန်းကြီးထဲကို ဇိမ်ခံကားတွေ တစ်စီးပြီးတစ်စီး အပြိုင်အဆိုင်ဝင်လာကြတာ... ကျောင်းလမ်းမတစ်လျှောက် အမျိုးအစားစုံလင်သည့် ဇိမ်ခံကားများဖြင့် ပြည့်သိပ်သွားတော့သည်၊ထိုချိန်မှာ အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့်လူတွေဟာ ကားထဲကနေဆင်းလာပြီး နောက်ခန်းတံခါးကို ဖွင့်ပေးသည့်ချိန်မှာ အပြာနဲ့အနီရောစပ်ထားသည့် ကျောင်းဝတ်စုံများနဲ့လှပသည့်ကျောင်းသူလေးများနဲ့ ချောမောခန့်ညားသည့် ကျောင်းသားများဟာ ဆင်းလာကြတော့သည်၊

ကျောင်းသူ၊ကျောင်းသားများဟာ တစ်နေ့ကသူတို့လုပ်ခဲ့သည့်အကြောင်းအရာများ၊ဈေးကြီးအသုံးအဆောင်များကို တစ်ယောက်နဲ့တစ်ယောက်ကြွားဝါနေကြရင်း...  နောက်ထပ် ဇိမ်ခံကားဖြူတစ်စီးဟာ ဝင်လာသည့်အချိန်မှာ ကျောင်းသူလေးများဟာ...

"ဟန်စုမင်!! ငါတို့ရဲ့နတ်သားလေးပါလား"လို့ ဝိုင်းအော်ကြရင်း ကားရှေ့မှာ လိပ်ပြာလေးတွေလိုဝဲနေကြတော့သည်၊ထိုချိန် အဖြူရောင်ဇိမ်ခံကားထဲကနေ ဆံပင်အဖြူရောင်နဲ့ ချစ်စရာကောင်းသည့်မျက်နှာပေါက်ပုံစံလေးနဲ့ကျောင်းသားလေးဟာ ဆင်းလာပြီး...  တောက်ပသောအပြုံးလေးဖြင့်...

"အားလုံး မင်္ဂလာမနက်ခင်းပါဗျ"လို့ ချိုသာစွာနူတ်ဆက်တဲ့အချိန် သူရဲ့ဘေးမှာ အဖြူရောင်နှင်းဆီပန်းများပွင့်သွားသယောင်ပင်၊မိန်းကလေးငယ်လေးတွေဟာ ပါးလေးတွေရဲကုန်တာ အော်ဟစ်ကာ... ချစ်ကြောင်း၊ဘာကြောင်းနဲ့လက်ဆောင်တွေတောင် ပေးကာကမ်းကျတော့သည်၊ထိုဟန်စုမင်ရဲ့အကြည့်များဟာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရင်း အရင်က သူလာပြီဆို သူ့နားအရမ်းကပ်သည့် လော့ရှန်ဟွာကို မတွေ့တာကြောင့်...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now