Chapter(202) - ကူညီလက်ကမ်းပေးခြင်း

4.8K 1K 65
                                    

Unicode

အခန်း(၂၀၂) - ကူညီလက်ကမ်းပေးခြင်း

ကံကောင်းထောက်မစွာနဲ့ပိုင်ရိချန် သည်လည်းသူ့ကိုအရမ်းကြီးစလို့ မရဘူးဆိုတာကိုသိနေသည်။မဟုတ် ရင်အနာဂတ်မှာဒီလိုမျိုးထပ်ပြီးကစား လို့ရမှာမဟုတ်တော့ဘူးလေ။

ထို့ကြောင့်သူကဟွမ်ဖူဂျင်ကိုဆက်ပြီး 'အနိုင်မကျင့်'တော့ပဲခေါင်းညိမ့်လက်ခံ လိုက်သည်။

"ဒါလည်းကောင်းတာပါပဲလေ..ငါ ဘယ်တုန်းကမှငါ့ထက်ငယ်တဲ့သူ တစ်ယောက်ယောက်ကို'ညီလေး'လို့ မသုံးနှုန်းဘူးဘူး...အားဂျင်ကအရမ်း စိတ်ရင်းမှန်ပြီးပိုင်အိမ်တော်ကိုတောင် အထူးတလှယ်လာပြီးငါ့ဆီလာလည် ပေးတာဆိုတော့ငါလည်းဒါကိုအလေး အနက်ထားမနေတော့ပါဘူး...အားဂျင် ကငါ့ကိုအခုချိန်ကစပြီးအကိုကြီးပိုင်လို့ ခေါ်ရင်ရောဘယ်လိုလဲ?"

အကိုကြီး?

ဟွမ်ဖူဂျင်ကဘယ်တုန်းကမှဒီလို အရှက်မရှိတဲ့သူမျိုးမတွေ့ဘူးပေ။ သူကအသက်ကိုပြင်းပြင်းရှုလိုက်ပြီး သွားတန်းလေးတွေပေါ်အောင်မကြည် မလင်ပြုံး၍ပြောလိုက်သည်။

"အကိုကြီးပိုင်"

ပိုင်ရိချန်ကခေါင်းညိမ့်လိုက်ပြီး ဟွမ်ဖူဂျင်အားခွေးကလေးတစ် ကောင်ကိုကြည့်တဲ့အကြည့်နဲ့ကြည့် ပြီးပြန်ပြောသည်။ "လူကောင်းလေး"

ဟွမ်ဖူဂျင်မှာတုန်လှုပ်လုနီးနီးပင်။ အခြေအနေတွေကဒီအဆင့်ထိရောက် လာတာကြောင့်ပိုင်ရိချန်ဆီလာပြီး အမှားတွေအတွက်ဆုံးမရန်ပြင်ထား သောသူ့ရဲ့မူလရည်ရွယ်ချက်အကြောင်း အရာကိုလည်းမေ့သွားပြီဖြစ်သည်။ အခုချိန်မှာသူ့စိတ်တစ်ခုလုံးကသူလို ဂုဏ်သရေရှိမြို့သခင်လေးတစ်ယောက် ကဘယ်လိုလုပ်ရုတ်တရက်ကြီးအကို တစ်ယောက်ရသွားတာလဲဆိုတာကို နားမလည်နိုင်မှုများနဲ့ပြည့်နှက်နေရသည်။

ပိုင်ရိချန်ကဟွမ်ဖူဂျင်အားကြောင်အအ ဖြစ်နေမှုမှရုန်းထွက်ခွင့်မပေးပဲဆက်ပြီး မေးလိုက်သည်။

"အခုတစ်လောမြို့သခင်ရဲ့အိမ်တော်မှာ မကြာသေးခင်ကဖြစ်ပျက်နေတဲ့အဖြစ် အပျက်တွေကိုကိုင်တွယ်တော့ခက်ခဲမှုတွေရှိလား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now