အဲ့အမ..စိတ်ရောမှန်ရဲ့လား😬

5.4K 455 48
                                    

#Uni

ဒီနေ့ ရာသီဥတုကနည်းနည်းပူတယ်ဗျ...စာလဲမကျက်ရတော့ဘူး...အရင်လိုစာကျက်ဆိုတော့လဲ..ပထမနှစ်တောင်တက်ရတော့မှာလေ..ပျင်းတာတော့အမှန်

ဒီလ်ိုကျတော့လဲ...ဟိုအမကို သတိရမိသား..ဟုတ်ပါရဲ့..အဲ့အမက ဘယ်လိုများ မကြီးနဲ့ ခင်သွားလဲမသိဘူး..ကျွန်တော်အမက သူ့ဟာသူအေးဆေးနေတတ်တာရယ်..

တော်ရုံ​တောင်စကားသိပ်မပြောဘူး..အနေအေးလို့လဲ..မေမေနဲ့ဖေဖေက မြန်မာပြည်မှာ သူတို့မောင်နှမနှစ်ယောက်ကိုစိတ်ချလက်ချ နေခိုင်းတာပေါ့...ဟိုအမကြီးက အင်း...

ခပ်သွက်သွက်နဲ့ စကားကလဲများလိုက်တာပြောမနေနဲ့...နောက်ဝတ်စားပုံကြည့်မလား...ကျွန်တော်အမက မိန်းမဆန်ဆန် ဝတ်တာမျိုး ခုတောင်၁၀နာရီပဲရှိသေးတယ်...ရေမိုးချိုးပြီးပြီ..

ခုကြည့်ဂါဝန်လေးနဲ့ ဆံပင်ရှည်ကြီးကိုလဲ ကျစ်ဆံမြီးကျစ်ထားတယ်....ခုဆိုဟင်းချက်နေသတဲ့ဗျာ...ဟိုအမကိုကြည့်ရင် ဆံပင်ကဖာလျား တခါလေကျဆံပင်တောင်မဖြီးထားသလားပဲ...အင်္ကျီကလဲ...လူတစ်ယောက်ဝင်အိပ်လို့တောင်ရသေး

jjဘောင်းဘီတို့ အားကစားဘောင်းဘီတွေနဲ့...တခါတလေ အင်္ကျီမှာ အရောင်ပေနေလို့.. ဘာ​ဖြစ်လဲမေးရင် မနေ့ကထမင်းစားတာ ဟင်းပေတါတဲ့....မနေ့ကညအိပ်ပုံစံနဲ့ကို အိမ်လာလည်ရဲတယ်ဗျာ

လူကိုလဲကလေး ကလေးနဲ့ တကယ်ဗျာ..မိန်းမဆိုတာ မနည်းယုံရတယ်..သူ့ကိုလူတွေမကြည့်ဘူးလားမသိဘူး....

" ချစ်ရေ..ငါလာတယ်...အမြန်...အပြင်မှာပူတယ်...''

" အသက်ရှည်အုံးမယ် ''

မကြီးတံခါးဖွင့်ပေးတော့ အထုပ်တွေနဲ့ရယ်..ထုံးစံအတိုင်းပဲ...အဖြူရောင်အင်္ကျီအပွကြီးနဲ့ အစင်းနှစ်ကြောင်းဘောင်းဘီဝတ်ပြီး မျက်လုံးကြီးကဘာကိုရှာမှန်းမသိ...ဟာ..မျက်လုံးချင်းဆုံမိပြန်တော့...

ဒုတ်....ဒုတ်ဒုတ်....
နေပါအုံး..ငါမနက်ကကော်ဖီတွေသောက်ပြီး ရင်တုန်နေတာများလား...

" ကလေး...ချီက..ကလေးကိုလွမ်းနေတာ''

ဘာစကားကြီးလဲ...ခုကြည့်..လူအနားလာပြီးစကားတွေကိုက နေပါအုန်း..နောက်ကကောင်လေးကဘယ်သူလဲဟ..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now