Chapter(203) - မက်မွန်ပန်းလေး

4.8K 982 68
                                    

Unicode

အခန်း(၂၀၃) - မက်မွန်ပန်းလေး

"ကောင်းပြီ...အဲ့ဒီလိုအရာမျိုးကပြော နေလို့လဲဘာအဓိပ္ပါယ်မှမရှိဘူး" ပိုင်ရိချန်ကမျက်လုံးများကိုမှိတ်လိုက် ပြီးထိုအကြောင်းကိုဆက်ပြီးဆွေးနွေး နေဖို့မလိုအပ်ဘူးလို့ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူကသူ့ဘီးတပ်ကုလားထိုင်အားတွန်း လိုက်ပြီးသူ့အခန်းဆီသို့သွားလိုက်ကာ သူ့အသံကတော့အနည်းငယ်အေးစက် နေသည်။

"အကယ်၍သူထပ်လာရင်ငါမရှိဘူး လို့ပြောလိုက်သူနဲ့ငါကတစ်ယောက်နဲ့ တစ်ယောက်အရမ်းရင်းနှီးနေဖို့မလိုဘူး ဒီအချိန်အတိုင်းအတာမှာဟွမ်ဖူဂျင်ဘေး လန်ဂျီရွှယ်ရှိနေသ၍အဲ့ဒါကလုံလောက် နေပြီ"

ပိုင်ရိချန်ရဲ့အထီးကျန်ဆန်လှသော ပုံစံကိုကြည့်ပြီးပိုင်ဝူယမှာဘာမှမတတ် နိုင်ပဲတွေးမိသည်။

အရမ်းရင်းနှီးနေစရာမလိုဘူးတဲ့လား ....အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တစ်နေ့နေ့ မှာဟွမ်ဖူဂျင်ကလန်ဂျီရွှယ်နဲ့မင်းဟာ တစ်ယောက်တည်းပဲဆိုတာရုတ်တရက် နားလည်သွားမှာကိုမလိုလားလို့မှတ်လား?

ဒါပေမဲ့လည်းသူတို့နယ်မြေကြီးကိုးခု ကနေတိုက်ကြီးငါးတိုက်ကိုလာခဲ့တာ နှစ်ပေါင်းတစ်ရာထက်တောင်ကျော်ခဲ့ ပြီလေ...ဒီနှစ်ပေါင်းတစ်ရာမှာမင်း ဘယ်တုန်းကမှသူငယ်ချင်းတစ်ယောက် တစ်လေဒါမှမဟုတ်ရင်းနှီးတဲ့သူမရှိဘူး ဘူး...နေ့တိုင်းမှော်ကိရိယာတွေနဲ့ပဲအ ဖော်ပြုနေခဲ့တာတကယ်ပဲဘယ်တုန်း ကမှအထီးကျန်မှုကိုမခံစားဘူးလား?

လူသားတွေကအပင်တွေမှမဟုတ်တာ ဘယ်လိုများခံစားချက်မရှိပဲနေမှာလဲ?

ပိုင်ဝူယတောင်ဒီအချိန်တွေမှာအရမ်း ပျင်းလွန်းလို့တစ်ခါတစ်လေအပျော် တစ်ချို့ရှာဖို့ထွက်သွားတတ်သေးတာ တစ်ခြားတစ်ဖက်မှာတော့ပိုင်ရိချန်က သူ့အချိန်အများစုကိုဒီအမှိုက်ခြံဝင်း လေးထဲမှာပဲကုန်ဆုံးနေခဲ့ပြီးသူ့မှော် ကိရိယာတွေနဲ့ကစားနေတာဖြစ်ဖြစ် ဒါမှမဟုတ်သူ့အချိန်တွေကိုအယူအဆ တစ်ချို့အားတွေးတောနေတာဖြစ်ဖြစ် လုပ်နေတတ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now