ငါဘာတွေဖြစ်နေတာလဲ😔😔

4.7K 412 39
                                    

#Uni

အင်း...ခုတလောအရမ်းအေးချမ်းနေလိုက်တာများ ဘာလို့လဲဆိုရင် မကြီးတို့စာမေးပွဲဖြေနေတာကိုဗျ...ဟိုအမလဲစာကျက်နေလို့မလာအားဘူး..ဒါတောင်လာမယ်လုပ်သေး

သူ့အမေကစာမေးပွဲမပြီးမချင်းအပြင်မထွက်ရဘူးဆိုပြီး လုပ်လို့ခိုးထွက်တုန်းမိတော့ ကုတင်နဲ့ခြေထောက်ကိုကြိုးချည်ထားတယ်သတဲ့လေ

အဲ့အမတင်မဟုတ်ဘူး..သူတို့မိသားစုကလဲထူးဆန်းပါ့...သူ့သမီးကနောက်တစ်နှစ်ကျော်ဆိုကျောင်းပြီးတော့မယ်..ကလေးလိုဆက်ဆံနေတုန်း

အဲ့ဒါကြောင့် အဲ့အမ...ကလေးဆန်နေတာနေမယ်..အင်း သူမရှိတော့လဲ..တိတ်ဆိတ်နေလိုက်တာ​​​​များ အရင်ကဆိုအနည်းဆုံးတစ်ပတ်တစ်ခါလာတယ်လေ...လာတိုင်းမရိုးအောင်မွှေတာ..

နောက်ရုပ်ရှင်ကားတွေ ဖုန်းထဲကကူးပေးသေး..သိုင်းကားလို့ပြောတာပဲ....သိုင်းကားဆိုတာတရုတ်သိုင်းကားကိုပြောတာပါဗျ...ကားလေးကမဆ်ိုးပါဘူး..ကြည့်ကောင်းတယ်ပြောရမယ်...တစ်ခုပဲ...

မင်းသမီးမပါဘူးဗျာ...ပါတဲ့မင်းသမီးတွေကျတစ်ယောက်ပြီးတစ်ယောက်သေလိုက်ကျတာပြောမနေနဲ့...နာမည်ကဘာပါလိမ့်...မှော်နက်အရှင်ဆိုလားဘာဆိုလား....သိုင်းလောကရဲ့အကြောင်းနဲ့ မတူတဲ့လူငယ်နှစ်​​ယောက်ကြောင်းရေးထားတာဗျ...(ကလေးက..စာအုပ်မှမဖတ်တာ..ဘယ်သိ)

ပြောသာပြောတာ..အဲ့အမ မလာတော့ပျင်းသလိုလို သတိရသလိုလိုနဲ့...မမသူငယ်ချင်းတော်တော်များများနဲ့ခင်ခဲ့ဖူးတာပါတယ်..ဒါ​ပေမဲ့ အဲ့အမကျမတူဘူး..မသိတော့ပါဘူးဗျာ

ဒီလိုနဲ့ စာမေးပွဲကြီးပြီးသွားပါသတဲ့..ချီချီလေးဟာဆိုရင် စာမေးပွဲ​ကြီးပြီးရုံရှိ​​သေး အိမ်ကို ချက်ချင်​ပြန်သွားပါ​လေရော...အိမ်ရောက်တော့ ကုတင်မှာချည်ထားတဲ့ကြိုးကို ခြံထဲယူပြီး မီးရှို့ပစ်လိုက်ပါတယ်...(ဘယ်ကတည်းက..အငြိုးထားလဲမသိဘူး)...ပြီး​တော့အသံကျယ်ကြီနဲ့...အဲ့မီးပုံကိုကြည့်ပြီး ကနေပါသတဲ့..

" မှတ်ပြီလား..ဟင်..ပြောသားပဲ..ငါလေးကိုနိုင်လို့ရတုန်း..နင်ချည်ထား ပြီးရင်မီးရှို့ပစ်မယ်ဆိုတာ..ခု ဘာတတ်နိုင်သေးလဲ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now