
21.9K 1.8K 142
                                    

အပိုင်း(၂၅)

သူ့အတွက်ဆိုလျှင်

"ငယ်လေး ထတော့...နေအရမ်းမြင့်နေပြီ"

ညက ငိုထားသဖြင့် မျက်လုံးနာကာ တော်တော်နှင့်အိပ်မပျော်ခဲ့သောကြောင့် လွန်းငယ် မနက်ခင်းမထနိုင် ဖြစ်နေရသည်။

"ကိုကို ငယ် နည်းနည်းလောက် ဆက်အိပ်ပါရစေ"

"ခေါင်းတွေ ကိုက်လိမ့်မယ် ငယ်လေး...(၁၁)နာရီထိုးနေပြီ ထတော့နော်"

အိပ်ရာ မထချင်သော ငယ်လေးက တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်နေလေသည်။

"ငယ်လေး အခုထရင် ငယ်လေး သွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ပေးမယ်...စားချင်တာလည်း အကုန်ဝယ်ကျွေးမယ်...ဒီနေ့ ကိုကို အလုပ်အားတယ်"

လွန်းငယ် မှိတ်ထားသော မျက်လုံးများပွင့်လာရသည်။

"ကိုကို တကယ်ပြောတာလား"

"အင်း ကိုကို တကယ်ပြောနေတာ"

လွန်းငယ် အိပ်ရာပေါ်မှ ချက်ချင်းထထိုင်လိုက်သည်။

"ကိုကိုနဲ့ ငယ်နှစ်ယောက်တည်းပဲ...ဘယ်သူ့ကိုမှ ခေါ်မလာရဘူး"

"ကိုကို bodyguard နှစ်ယောက်လောက် ခေါ်ခဲ့"

"ကိုကို"

သူ၏ စကားပင် မဆုံးလိုက်။ ငယ်လေး၏ အော်သံက ချက်ချင်း ထွက်ပေါ်လာသည်။

"ငယ် ပြန်အိပ်တော့မယ်"

ပြန်လှဲရန် ပြင်နေသော ငယ်လေး၏ ပုခုံးနှစ်ဖက်အား အမြန်လှမ်းဆွဲလိုက်ရသည်။ နှာခေါင်းထိပ်အား လက်ညိုးကွေးဖြင့် အသာထိကာ ပြောလိုက်သည်။

"မအိပ်နဲ့တော့...နှစ်ယောက်ပဲသွားမယ်...ရေချိုးလိုက်ဦး အိပ်ပုပ်လေး...ကိုကို အောက်ထပ်က စောင့်နေမယ်...မနက်စာတခါတည်း စားသွားမှာလား...အပြင်မှာ စားမှာလား"

"အပြင်မှာ စားမယ် ကိုကို"

"ထတော့နော်...ပြန်မအိပ်နဲ့တော့...လိမ္မာတယ်..ကိုကို ဆင်းနှင့်ပြီနော်"

ခေါင်းလေးအား ခပ်ဖွဖွပုတ်ကာ ပြောတော့ အိပ်ချင်မူးတူးဖြစ်နေသော ငယ်လေးကမျက်လုံးများ ပွတ်နေရင်းမှ ခေါင်းညိတ်ပြ၏။

စေရာ(Complete)Where stories live. Discover now